0

အဖေ

Posted by မေမြို့သား on 12:27 PM in
အဖေ အဖေချစ်တာ သမီးတွေကိုပဲနော် ကျနော့်အပေါ်မှာတော့ သူစိမ်းဆန်နေသလိုပဲ ကျနော်က အမေတူသား ဆိုပြီး မချစ်ခဲ့တာလား (အတွေးများစွာနဲ့ပေါ့) ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်ကတော့ မသိလို့ပဲဖြစ်ဖြစ် မရှိလိုပဲဖြစ်ဖြစ် အဖေ့ကို အဲ့အတိုင်းမြင်နေမိခဲ့တယ် မိဘ အဖေ အမေ ဆိုတာ ဘယ်လောက်ကျေးဇူးမေတ္တာကြီးမားတယ် ဆိုတာ မသိခင်အထိပေါ့ ဟုတ်ပါတယ် တစ်ကယ်တော့ တစ်နေရာရာမှာ တစ်ခုခုကြောင့် အဘအမည် ဆိုပြီး ရေးသွင်းရတိုင်း ဖြေရတိုင်း အဖေ့ကို ပိုပိုချစ်လာတယ် တစ်ကယ်ပါ ကျနော့်ရင်ထဲမှာ အဖေအမြဲရှိပါတယ်....။ ကျေးဇူးကြီးမားလှစွာသော ဖေဖေ့ကို အရိုအသေပြုရင်း

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.