0

နင် သိစေဖို့..

Posted by မေမြို့သား on 9:00 AM in
စက္ကန့်နဲ့အမျှ
ရင်ထဲမှာ ထာဝရ
မေ့ပျောက်လို့မရတာ
ချစ်လွန်းလို့ပါ...

ပိုတယ်လို့ဆိုချင်ဆို
ရင်ထဲက အဖြစ်တွေကို
ချစ်သူသိစေလို
တေးကဗျာစပ်လို့ဆို...

ညီမျှခြင်းရဲ့ တစ်ဖက်စီမှာ
ရှိမနေတဲ့ တို့နှစ်ယောက်ဟာ
တစ်ဖက်သတ်အဖြစ်နဲ့သာ
ထာဝရတည်နေမှာ
အမှတ်တရများကိုသာ
ရင်ထဲမှာ သိမ်းဆည်းကာ
တစ်ခါတစ်ရံ သတိရနေမှာ
အတိတ်ဆီက ချစ်ခဲ့သူကိုပါ...


0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.