0

ဘာကြောင့် လေဖြတ်ရသလဲ..??

Posted by မေမြို့သား on 12:43 PM in
ဦးနှောက်အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းဝင်ရောက်မှုမှာ အနှောင့်အယှက်ဖြစ်သည့်အခါ ရုတ်တရက် လေဖြတ် ခြင်း ဖြစ်ပေါ်လာပါသည်။ သက်ဆိုင်သည့်နေရာတွင် ပျက်စီးမှုရှိပြီး ဦးနှောက်၏ ယင်းအစိတ်အပိုင်းနှင့် ဆက်စပ်သည့် လုပ် ငန်းဆောင်တာတွေ လုပ်နိုင်ခြင်း ဆုံးရှုံးရသည်။ လေဖြတ်ခြင်း (Stroke) နှစ်မျိုးနှစ်စကားရှိသည်။ ယင်းတို့က (၁) ဦးနှောက် ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းနှင့် (၂) သွေးကြောပေါက်၍ ဖြစ်လာသည့် လေဖြတ်ခြင်းတို့ပဲ ဖြစ်သည်။
(၁) ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်း (Ischemic Stroke)
ကျောရိုးဆစ်များထဲ ဖြတ်သွားသည့် သွေးလွှတ်ကြော သို့မဟုတ် လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ် ကြောကြီးများ (carotid arteries) ထဲမှာ ပိတ်ဆို့မှု ဖြစ်လာသည့်အခါ Ischemic Stroke ဖြစ်ပေါ်သည်။ ယင်းသွေးလွှတ် ကြောကြီးနှစ်မျိုးစလုံးက ဦးနှောက်ထဲသို့ သွေးပေးပို့သည့် သွေးလွှတ်ကြောကြီးများပဲ ဖြစ်သည်။ သွေးထဲ စီးဆင်းနေသည့် အဆီချိုးတစ်ခု(a plaque) သို့မဟုတ် သွေးခဲတစ်ခု (a blood clot) က သွေးလွှတ်ကြောငယ် (သို့) ကျဉ်းနေသည့် သွေး လွှတ်ကြောတစ်ခုတွင် ပိတ်ဆို့သွားနိုင်သည်။ လေဖြတ်ခြင်းများထဲမှ ၈၀%မှာ Ischemic Stroke အမျိုးအစားဖြစ်သည်။
(၂) ဦးနှောက်တွင်း သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း (Haemorrhage Stroke)
သွေးကြောပေါက်ထွက်သွားခြင်းကြောင့် သွေးစုဝေးနေသည့်အခါ သွေးကြောပေါက်ခြင်းကြောင့် (သို့) သွေးယိုစိမ့် ခြင်းကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်သည်။ ဦးနှောက်ထဲတွင်ဖြစ်စေ၊ ဦးနှောက်နှင့် ဦးခေါင်းခွံအကြားနေရာတွင် အိုင်ထွန်းနေ သည့် သွေးသည် ဦးနှောက်အပေါ် ဖိအားကြီးမားစွာ ဖြစ်ပေါ်စေသည်။ ယင်းသို့ဖြစ်ခြင်းက အနီးရှိ ဦးနှောက်ဆဲလ်များကို သေ စေနိုင်ပြီး အဝေးရှိ တစ်သျှူးကို ပျက်စီးစေနိုင်သည်။
လေဖြတ်ခြင်းများထဲတွင် ၂၀%မှာ သွေးကြောပေါက်ခြင်း (သို့) သွေးယိုစိမ့်ခြင်းကြောင့်ဖြစ်သည်။ အဓိကအကြောင်း ရင်းမှာ သွေးတိုးရောဂါကြောင့်ဖြစ်သည်။ သွေးကြောပေါက်လေဖြတ်ခြင်းက ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းထက် များသောအားဖြင့် ပိုပြီးထိခိုက်မှုများစေပြီး အသေအပျောက်လည်း ပိုကြီးမားသည်။
ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်း (Ischemic Stroke) ထဲတွင် အောက်ပါအမျိုး အစားများ ပါဝင်သည်။
သွေးခဲဆို့ခြင်းကြောင့် လေဖြတ်ခြင်း (Thrombotic Stroke)
ဦးနှောက်တွင်းရှိ သွေးလွှတ်ကြောတစ်ခုခု လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ်ကြောကြီးများ သို့မဟုတ် ကျောရိုးဆစ်များထဲဖြတ်သွေါ်လွှတ်ကြောထဲရှိ ကိုလက်စထရောပါ ဆီးချို (plaque) တစ်ခုကွာကျသွားသည့်အခါ သွေးခဲဆို့ ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပေါ်သည်။ ဆီးချိုပေါ် သွေးခဲဖုံးအုပ်ပြီး သွေးစီးဆင်းမှုအတွက် ပိတ်ဆို့မှု ဖြစ်ပေါ်သည်။ သွေးခဲ ဆို့ခြင်းကြောင့် လေဖြတ်ခြင်းမဖြစ်မီ transient is chemic attack (TIA) ခေါ် လေဖြန်းခြင်းက များသောအားဖြင့် ရှေ့ က ဖြစ် ပေါ်သည်။ ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် ဖြစ်သည့် လေဖြတ်ခြင်းများထဲတွင် သွေးခဲဆို့ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းမှာ ၁၅%ခန့်ရှိသည်။
သွေးကြောဆို့ပစ္စည်းကြောင့် လေဖြတ်ခြင်း (Embolic Stroke)
သွေးနှင့်အတူ လည်ပတ်စီးဆင်းနေသည့် သွေးခဲတစ်ခု (a blood clot) က ဦးနှောက်ထဲရှိ သွေးလွှတ်ကြောတစ်ခု တွင် စိုက်ဝင်ပြီး သွေးစီးမှုကို ပိတ်ဆို့စေသည့်အခါ ယခုလိုမျိုး လေဖြတ်ခြင်းဖြစ်ပေါ်သည်။ နှလုံးခန်းဦး နှလုံးခုန် မမှန်ခြင်း (atrial fibrillation) ကြောင့်လည်း နှလုံးအတွင်း သွေးကြောဆို့ပစ္စည်းများ ဖြစ်ပေါ်စေနိုင်သည်။ ဦးနှောက်ထဲ သွေးအရောက် နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများတွင် သွေးကြောဆို့ပစ္စည်း (embolus) ကြောင့် လေဖြတ်ခြင်း အမျိုးအစားမှာ ၆၀% ခန့် ပါဝင်သည်။
သည်သို့မျိုး လေဖြတ်ခြင်းမှာ ရုတ်တရက် ဖြစ်လာပြီး ပြင်းထန်သည်။ ရောဂါလက္ခဏာများမှာ မိနစ်ပိုင်း၊ နာရီပိုင်းကြာ အထိ လာလိုက်ပျောက်လိုက်ဖြစ်နိုင်သည်။ သို့မဟုတ် တောက်လျှောက် ဆိုးရွားသွားနိုင်သည်။ သွေးကြောဆို့ ပစ္စည်းကြောင့် လေဖြတ်ခြင်း၏ လေးပုံတစ်ပုံမှာ နှလုံးခန်းဦး နှလုံးခုန်မှုမမှန်ခြင်းကြောင့်ဖြစ်သည်။
ကျင်းသိမ်သဏ္ဍာန်တစ်သျှူးသေကြောင့် လေဖြတ်ခြင်း (Lacuna Stroke)
ယင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းသည် ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများ ၏ ၂၅%အတွက် တာဝန်ရှိသည်။ သည်အမျိုးအစား လေဖြတ်ခြင်းမှာ ဦးနှောက်တွင်းရှိ ပိုမိုသေးငယ်သည့် သွေးကြောများ တွင် ပိတ်ဆို့မှုရှိခြင်းကြောင့် ဖြစ်သည်။ ယင်းပိတ်ဆို့မှုက ဦးနှောက်၏ အစိတ်အပိုင်းတချို့ ကို သွေးငတ်စေသည့်အတွက် ကျင်းသိမ်သဏ္ဍာန်(သို့) အခေါင်းငယ်သဏ္ဍာန် အမာရွတ်တစ်သျှူးနေရာဖြစ်စေသည်။ ဦးနှောက်၏ အစိတ်အပိုင်းသေးသေး လောက်သာ ထိခိုက်မှုရှိသည့်အတွက် ရောဂါရှာရခက်သည်။ ဦးနှောက်လုပ်ဆောင်ချက် ပြန်ကောင်းလာရန် အလားအလာ ပို ကောင်းသည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်း (Intracerebral haemorrhage)
ဦးနှောက်တွင်းရှိ သွေးကြောတစ်ချောင်းပေါက်သည့်အခါ ဦးနှောက်တွင် သွေးယိုစီးခြင်း (သို့) သွေးသွန်ခြင်းဖြစ်ပွား သည်။ ယင်းသို့ ဖြစ်ပါက ရုတ်တရက် စူးစူးရှရှ ခေါင်းကိုက်ခြင်းနှင့် အန်ခြင်းဖြစ်စေသည်။ ရံဖန်ရံခါ သတိလစ်ပြီး အသက်ဆုံး ရှုံးသည်အထိ ဖြစ်နိုင်သည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်းကို အများဆုံး ဖြစ်စေသည့် အကြောင်းရင်းတွင် သွေးတိုးရောဂါပါဝင်သည်။ ကူးစက် ရောဂါများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းများ၊ အကျိတ်အဖုများ သို့မဟုတ် သွေးကြောဖောင်းခြင်းမှ ပေါက်သွားခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ ဦးနှောက်တွင်း သွေးယိုစီးခြင်းသည် အသက် ၆၀ကျော်သူများတွင် ပို၍ အဖြစ်များသည်။
ပင့်ကူမြှေးအောက် သွေးယိုစီးခြင်း (Subarachnoid haemorrhage)
ပင့်ကူမြှေးဆိုသည်မှာ ဦးနှောက်ကို ဖုံးလွှမ်းထားသော ပင့်ကူမြှေးသဏ္ဍာန်ရှိ ဦးနှောက်အပိုင်းဖြစ်သည်။ ယင်းနေရာ တွင် သွေးယိုစီးမှု ဖြစ်ပေါ်လာပါက အပြင်းထန်ဆုံး လေဖြတ်ခြင်းမျိုး ဖြစ်လေ့ရှိသည်။ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ရာသက် ပန်မသန်မစွမ်းဖြစ်ပွားနိုင်သည်။ ဦးနှောက်ပေါ်ရှိ အထင်ကရသွေးကြောတစ်ကြောပေါက်သွားသည့်အခါ ယင်းဖြစ်ရပ် ဖြစ်လာ သည်။ သွေးယိုစီးမှု (သို့) သွန်မှုကြောင့် ဦးနှောက်တစ်ခုလုံးအပေါ် ကြီးမားသည့် ဖိအားသက်ရောက်သည်။ ထိခိုက်ပျက်စီးမှု မှာ ဦးနှောက်၏ ဘယ်အစိတ်အပိုင်းက ပုံမှန်မဟုတ်သည့် ဖိအားအောက်တွင် ရှိနေသည့်အပေါ် မူတည်သည်။

(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.