0

သံယောဇဉ်

Posted by မေမြို့သား on 6:34 AM in
တလောကလုံးက နင့်အပေါ် သစ္စာဖောက်သွားခဲ့ရင်တောင် နင့်အနားမှာ ငါရှိတယ်။
တလောကလုံးက် နင့်နောက်ကျောကို ဓားနဲ့ထိုးချင်ခဲ့ရင် နင့်နောက်ကျောမှာ ငါနေပြီး အဲဒီဓားတွေကို ခံပေးမယ်။
တစ်ခါတလေမှာ တခြားလူတွေကိုကြည့်ပြီး ငါတို့ဟားတိုက်ရယ်မောတယ်။
တစ်ခါတလေမှာ လူတွေက ငါတို့ကိုကြည့်ပြီး ဟားတိုက်ရယ်မောပါစေ....
ပေါ့ပေါ့ပါးပါးနေပါ... ကိုယ့်ကိုယ်ကို ပျော်ရွှင်ခြင်းတွေပေးပါ။ တခြားလူတွေကိုလည်း ပျော်ရွှင်ခြင်းတွေ မျှဝေပါ။ လူ့ဘဝ တိုတိုလေးထဲမှာ ဘာမကျေနပ်စရာ၊ ဘာဝမ်းနည်းစရာမှ ကိုယ့်အတွက် ချန်မထားပါနဲ့။
ရယ်ချင်တဲ့အခါ ရယ်ပါ..
ငိုချင်တဲ့အခါ ငိုပါ..
ချစ်သင့်တဲ့အခါ ချစ်ပါ..
လက်လွတ်သင့်တဲ့လူကို လက်လွတ်ပါ..
အမုန်းရန်ညိုးတွေနဲ့ ဘဝကို အဆုံးသတ်သင်္ကေတမှတ် မချလိုက်ပါနဲ့...
.
See More


0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.