0

ချစ်သူ သို့..

Posted by မေမြို့သား on 8:56 AM in
 
မိုင်ထောင်ချီဝေးနေလို့
လွမ်းရတယ် ချစ်သူရယ်
အနေဝေးတာ အတိုင်းအတာတစ်ခုမို့
တို့နှစ်ဦးသာ ချစ်နေကြရင်
တည်နေရာ ဘယ်လောက်ဝေးဝေး
နှလုံးသားချင်းက နီးနီးလေး...

ခွဲရတာ ရက်ရှည်ညောင်းလို့
ဆွေးရတယ် ချစ်သူရယ်
နှစ် လ ရာသီ သတ်မှတ်ချက်မို့
တို့နှစ်ဦးသာ သစ္စာရှိရင်
ရာသီစက်ဝန်း ဘယ်လိုပြေးပြေး
အချိန်ဆိုတာ ခဏလေး...

တစ်ယောက်တစ်မြေ အနေကြာလို့
စိတ်မချတယ် ချစ်သူရယ်
နီးစပ်မှုဆိုတာ အတွေ့အကြုံတစ်ခုမို့
တို့နှစ်ဦးသာ ယုံကြည်ကြရင်
ကြားလေတွေ ဘယ်လောက်သွေးသွေး
တွဲသောလက်တွေ မဖြုတ်ကြေး...။ ။

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.