0
အားပေးဖော်..
Posted by မေမြို့သား
on
3:13 AM
in
သူငယ်ချင်း .. သို့ ..
ကြယ်ရောင်တွေစုံလင်နေတဲ့ လပြည့်ညမျိုးမှာ
ငါ ကောင်းကင်ကို အကြိမ်ကြိမ်
မော့ကြည့်ခဲ့ဘူးတယ်.. သူငယ်ချင်း
မင်းရဲ့ မျက်နှာကို အထင်းသား မြင်နေရတယ်..
ဟုတ်တယ်..
လက်တွေ့ဆိုတာ ယုံလိုက်စမ်းပါ သူငယ်ချင်း..
ဒီအချိန်ဆို..
မင်းဘ၀အတွက်.. မြင့်မားတဲ့
အခက်ခဲတွေကို ကျော်လွှားနေရောပေါ့..
မောနေပီလား.. သူငယ်ချင်း
ဒါဘ၀ကွ.. အခက်ခဲရှိမှ အောင်မြင်သတဲ့လေ..
ကြိုးစားလိုက်ပါ သူငယ်ချင်း..
ငါတို့နဲ့အတူ လောကကြီးက ပြောနေတယ်..
အောင်မြင်မှု အတွက် အသိ နဲ့ သတိ ပေါင်းစပ်ထားတဲ့
ကရိယာတွေနဲ့ သုတေသန လုပ်ပြီး ..
နှောင့်နှေးတဲ့ စိတ်ကူး အဟောင်းတွေကို ..
နှင်းချေ လိုက်စမ်း ပါ..စင်္ကြ၀ဠာထိကိုပေါ့.
Post a Comment