0
မွေးကင်းစ ကလေးငယ်များကို ချီပွေ့ လှုပ်ရမ်းခြင်းမျိုး ဆင်ခြင် သတိပြုသင့်
Posted by မေမြို့သား
on
12:22 PM
in
ဗဟုသုတ ဆေးစာများ
မွေးပြီးခါစ ကလေးငယ် များ၏ ငိုယိုသံသည် မိခင်များ၏ စိတ်ရှည် သီးခံနိုင်မှုကို စမ်းသပ်ခြင်းပင် ဖြစ်သည်။ အိပ်ရေးပျက်၍ သည်းမခံ စိတ်မရှည်နိုင်သော မိခင်များသည် ကလေးအား ချီမ၍ ကိုင်လှုပ်တတ်ကြသည့် အဖြစ်မျိုး ဖြစ်ပွားတတ်ရာ ထိုသို့ မွေးပြီးစ ကလေးငယ်အား ကိုင်လှုပ်ခြင်းသည် ကလေးအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း၊ ထိုသို့ လှုပ်ခါ လိုက်ပါက နုနယ်သော ကလေးငယ်၏ လည်ပင်း ကြွက်သားများမှာ ခိုင်ခံ့မှု မရှိသေး၍ ၎င်းတို့၏ လှုပ်ယမ်းနေသော ခေါင်းကို ထိန်းနိုင်စွမ်း မရှိကြောင်း သိရသည်။ ခေါင်းသည် ဘယ်ညာ ယိမ်းခါပြီး အတွင်းမှ ဦးနှောက်သည် ဦးခေါင်းခွံ နံရံအား သွားရောက် ရိုက်ခတ်သကဲ့သို့ ဖြစ်ကာ ဦးနှောက်သွေးကြောများ ပေါက်ကွဲ၍ ကလေး၏ အသက်အန္တရာယ်ကို ထိခိုက်စေကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ် ဆေးရုံမှ ကလေးရောဂါ ပါရဂူ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ချောစုရဟ်က ရှင်းပြသွားသည်။ ဗြိတိန်နှင့် မြောက်အမေရိကတိုက်တွင် နှစ်စဉ် ကလေး တစ်သိန်းလျှင် ၁၁ ဦးမှ ၁၇ ဦးအထိ ထိုသို့ ဖြစ်လေ့ရှိကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်က စင်ကာပူတွင် တစ်နှစ် ကလေး ၁၀ ဦး ဦးနှောက်သွေးကြော ပေါက်ခဲ့ကြရပြီး ယင်းတို့အထဲမှ သုံးဦး သေဆုံးခဲ့သည်။ ဤကလေးများမှာ နှစ်ရှည် ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက် ဖြစ်နေရကြောင်း လေ့လာ တွေ့ရှိရသည်။
ကလေးငယ် ငို၍ စိတ်မရှည်ပါက ကလေးငယ်အား ပုခက်အတွင်း ခဏ သိပ်ထားပြီး မိမိကိုယ်ကိုယ် စိတ်ပြန်လည် တည်ငြိမ်အောင် ခေတ္တ အနားယူသင့်ကြောင်း၊ နီးစပ်ရာ ဆွေမျိုး၊ မိတ်သင်္ဂဟ တစ်ဦးဦးနှင့် ခေတ္တ လွှဲထားသင့်ကြောင်း ဒေါက်တာချောက အကြံပြုထားသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာက NUH ဆေးရုံသို့ ရောက်ရှိလာသော နှစ်လခွဲ အရွယ်ရှိ မိန်းကလေးမှာ သတိမေ့မြော၍ အသက်ကယ် အောက်ဆီဂျင် ပေးထားရပြီး အသက်ငါးလအရွယ်တွင် သေဆုံးသွားကြောင်း၊ ထိုကလေး၏ သေဆုံးရသည့် အဖြစ်မှန်ကို သေချာစွာ ပြောဆိုရန် ခက်ခဲကြောင်း သေမှုသေခင်း ဆရာဝန်က ဝန်ခံသည်။ ထိုမိန်းကလေးငယ်၏ မိခင်မှာ အသက် ၂၈ နှစ် ရှိပြီး ၎င်းတို့၏ ဒုတိယ ကလေးဖြစ်ကြောင်း ပထမ ယောက်ျားလေးမှာ အသက်သုံးလ အရွယ်တွင် ကလေးအား ချီထားစဉ် ၎င်း၏ နံဘေးမှ စက်ဘီးတစ်စီး အမြန် ဖြတ်သွား၍ လန့်ပြီး ကလေးအား မြေပြင်သို့ လွှတ်ချခဲ့ရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခု မိန်းကလေးငယ်မှာ ဦးနှောက်တွင် ပြင်းထန်သော ဒဏ်ရာ ရရှိနေပြီး မျက်လုံး နှစ်ဖက်မှ သွေးများ ထွက်နေကြောင်း၊ အသံလည်း ပို၍ ကြီးနေပြီး နံရိုးများလည်း ကျိုးနေသည်ကို တွေ့ရကြောင်း သိရသည်။ မိခင်ဖြစ်သူအား စိတ်မှန်ကန်မှု ရှိ မရှိကိုလည်း စမ်းသပ်ရန် လိုအပ်ကြောင်း ဒေါက်တာ ကော့ဟ်က ပြောသည်။
(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

Post a Comment