0
အမေ
Posted by မေမြို့သား
on
12:59 PM
in
မေမေ .. သို့
“ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော... ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော... သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးကအဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ... အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ... သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ... သူကယုတ်ညံ့လို့... သူကလူမျိုးခြားမို့လို့... သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား... မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ အမေနားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့... အမေဟာ ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ...... အမေဟာ အမေပါပဲ။”
(ဆရာကြီး ဦးသုခ)
Post a Comment