0
ဝမ်းပျက် ဝမ်းလျှောနေစဉ်တွင် ငှက်ပျောသီး စားသုံးသင့်
Posted by မေမြို့သား
on
12:24 PM
in
ဗဟုသုတ ဆေးစာများ
ဝမ်းပျက်ဝမ်းလျှောနေသူများအနေဖြင့် ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် ဝမ်းလျှောနေစဉ်အတွင်းငှက်ပျောသီးစားပေးသင့်ကြောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူဆရာဝန်ကြီးတစ်ဦးထံမှ သိရသည်။ “ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုက ပြန်ဖြည့်ဖို့ အကောင်းဆုံးကငှက်ပျောသီးပါပဲ။ ဘယ်လိုငှက်ပျောသီးအမျိုးအစားပဲဖြစ်ဖြစ် ဝမ်းလျှောနေစဉ်မှာစားပေးသင့်ပါတယ်” ဟုဆိုသည်။ ဒါ့အပြင် အများအားဖြင့် ဝမ်းလျှောပါကအချဉ်နှင့် မတည့်ဘူးထင်ကာအချဉ်ဓာတ်ပါသောအသီးအနှံများကိုစားသုံးခြင်းမှ ရှောင်ကျဉ်တတ်ကြကြောင်းလတ်ဆတ်သောအချဉ်ဓာတ်ပါ အသီးအနှံများကိုစားပေးသင့်ကြောင်းဆက်လက် ပြောကြားခဲ့သည်။ “ဝမ်းလျှောရင် လူ့ခန္ဓာကိုယ်မှာပိုတက်စီယမ်ဓာတ် ဆုံးရှုံးသွားတယ်။ ဒါကိုအကောင်းဆုံး ပြန်ဖြည့်နိုင်တာအချဉ်ဓာတ်ပါတဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးကိုစားပေးသင့်တယ်။ လိမ္မော်သီးကပိုတက်စီယမ်ဓာတ်ကိုအကောင်းဆုံး ပြန်ဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ အချဉ်ဓာတ်ပါတော့ လူတွေကဝမ်းထပ်လျှောမှာစိုးတော့ မစားကြဘူး။ လိမ္မော်သီးဆိုလဲလတ်ဆတ်တာမျိုးရွေးစားရမယ်။ ငှက်ပျောသီးများများစားပေးလဲရတယ်။ ဒါတွေကပိုတက်စီယမ်ဓါတ်ကိုအကောင်းဆုံး ပြန်ဖြည့်ပေးနိုင်ပါတယ်” ဟုပြောသည်။
ဝမ်းရောဂါမှာအမျိုးပေါင်းတစ်ရာကျော်ရှိပြီးဝမ်းပျက်၊ ဝမ်းလျှောပိုး၊ ရိုးရိုးဝမ်းရောဂါပိုး၊ အီကိုလှိုင်ခေါ်သောဝမ်းကိုက်ပိုး၊ ကော်ရော်လာခေါ်သောကာလဝမ်းရောဂါပိုးစသည်ဖြင့် ဘက်တီးရီးယားပိုးများစွာရှိကြောင်း ၎င်းဝမ်းရောဂါ အမျိုးပေါင်းများစွာထဲတွင် ကော်ရိုလာဟုခေါ်သောကာလဝမ်းရောဂါပိုးမှာကြောက်စရာအကောင်းဆုံးဖြစ်ကြောင်းဆက်လက် ပြောကြားသည်။ “ကော်ရိုလာလို့ခေါ်တဲ့ ကာလဝမ်းရောဂါကကြောက်စရာအကောင်းဆုံးပါပဲ။ လူကိုသေစေနိုင်ပါတယ်။ တခြားဝမ်းရောဂါပိုးတွေကတော့ လူကိုမသေနိုင်ပါဘူး။ ကာလဝမ်းရောဂါကဒီမှာဖြစ်တာနည်းပါတယ်။ ဒီမှာအဖြစ်များတာကဝမ်းပျက်၊ ဝမ်းလျှောနဲ့ ဝမ်းကိုက်တာများပါတယ်” ဟု ၎င်းဆရာဝန်ကြီးကဆက်လက် ရှင်းပြသည်။ ဝမ်းရောဂါ အများဆုံး ဖြစ်ပွားရခြင်းမှာမသန့်ရှင်းသောအစားအစာများစားသုံးခြင်းကြောင့် ဖြစ်ပြီးဝမ်းရောဂါ ဖြစ်ပွားခြင်းမှာအသက်အရွယ်မရွေး၊ ဥတုရာသီမရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် အစားအစာစားသုံးမှုနှင့် တကိုယ်ရေသန့်ရှင်းမှုအပေါ် လူတိုင်းသတိပြုသင့်ကြောင်း ၎င်းက ပြောကြားသည်။ “လက်ရှိမှာဝမ်းရောဂါဟာရာသီမရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါပါ။ အဓိကကတော့ လူတိုင်းအဖြစ်များလို့ ဝမ်းရောဂါကိုဂရုမစိုက်ဘဲဆေးမြီးတိုတွေနဲ့ ကုသတာမကောင်းပါဘူး။ တချို့ကဝမ်းပိတ်ဆေးသောက်လိုက်ရင် ဝမ်းရပ်သွားရင် ပြီးပြီလို့ ထင်ကြတယ်။ ဝမ်းပိတ်ဆေးဆိုတာမှာလဲပိုးကိုဘယ်လောက်အထိသောက်မှ အရှင်းပျောက်တာလဲဆိုတာရှိတယ်။ ခဏခဏ ပြန်ဖြစ်နေရင် မကောင်းတော့ဘူး။ ဒါဆိုရင် ဆေးပဲသောက်နေလို့ မရတော့ဘူးနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ရပါမယ်။ ဝမ်းရောဂါပိုးဆိုတာကအမျိုးပေါင်းတစ်ရာကျော် ရှိပါတယ်။ ရောဂါ တစ်မျိုးနဲ့တစ်မျိုးကုသမှု မတူတာတွေ ရှိပါတယ်။ ခဏခဏ ပြန်ဖြစ်တာပဲဖြစ်ဖြစ်၊ ရက်ရှည်ဝမ်းသွားတာပဲဖြစ်ဖြစ် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

Post a Comment