0

ချစ်နေခွင့်..

Posted by မေမြို့သား on 12:45 PM in

ချစ်နေခွင့်..

ငါ့နှလုံးသား မင်းထံပါးမှာ အပ်နှင်းထားရစ်ခဲ့ပြီ
ငါ့ဘဝ မြင့်မားဖို့ တည်ဆောက်နေချိန်
မင်းက ငါ့ရဲ့ဘေးနား ရှိနေခဲ့တယ်..
မင်းနဲ့လက်ချင်းချိတ်ကာ ပျော်ရွှင်ရယ်မောခဲ့ရတယ်..
ဝမ်းနည်းပူဆွေးခဲ့ရတယ်…

မျှော်လင့်ခြင်းနဲ့အိပ်မက်တွေ
ချစ်ခြင်းတရားနဲ့ စိုးရိမ်မှုတွေအကြောင်း
မင်းကိုငါ ဖွင့်ဟခဲ့တယ်…
မင်း ပုခုံးထက် သွန်းဖြိုးစီးဆင်းသွားတဲ့
ငါ့မျက်ရည်တွေနဲ့အတူပေါ့...

အဆုံးသတ်အဖြေကတော့
မင်းတစ်ယောက်သာ ငါ့အတွက်
ယုံကြည်အားကိုးရာပါလား..

မင်းကိုမြင်ရ အချိန်ခဏတွေမှာ
ရင်မှာကြည်နူးပီတိဖူးကာ
ပျော်ရွှင့်ချမ်းမြေ့ခဲ့ရတယ်…

တို့တွေ နှလုံးသားချင်း ဖလှယ်ကြတဲ့အခါ
လွတ်လပ်ပေါ့ပါးတဲ့ မင်းရဲ့သစ္စာစကားတွေကိုလည်း
ငါခံစားမိတယ်…

သူငယ်ချင်းပဲလို့ ဘယ်လိုပင် ပြောပေမယ့်
မင်းဟာ သက်မဲ့မဟုတ်တာ ရင်မှာသိနေတယ်
ချစ်ခြင်းတရားကို နှလုံးသားက နားလည်နေတယ်..

ငါနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မင်းက စိုးမိုးလို့ထားတယ်..
အဲဒီ မျှော်လင့်ချက်အကြောင်း
မင်းကို ရင်ဖွင့်ပြတဲ့အခါ
လိုချင်တာတစ်ခုအတွက် ဘယ်အခါမှ
အလွယ်တကူ မယုံမှားမိဖို့
မင်းက ငါ့ကို သွန်သင်တယ်..

ဒါပေမယ့်လည်းလေ……
ငါတို့တွေရဲ့ကြားမှာ
သူငယ်ချင်းဆိုတာက
စည်းခြားကာ ထားနေလေတော့
ငါ့ဘဝ အနာဂတ်ခရီးမှာ
မင်းကို ချစ်နေခွင့် ရှိဦးမလား!!!!!!



မူရင်း အဂံလိပ်ကဗျာ 

Can I Love You

I gave my heart to you
I set my standards high
I laid my eyes on you,
I laughed and cried with you,
I told you my hopes and dreams,
my love and fears.
My tears I shed all over your shoulder.

In the end,
I came to see that you were the only guy I could ever trust.

When I see you,my face lights up with
aspiration,and happiness.

When we talk, I can feel the load unload
with soothing words from you.

I have the feeling of love in my heart.
In my mind, I say "you don't mean a thing."
In my words, I say "you are just a friend."

But in the deep end of my heart,
I think of only you.

When I tell you my expectations of a guy,
You tell me never to fall short of what I want.

But only one thing stands in the way
you are a friend.
Can I still love you the way that I do?
 






0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.