0

ကြက်ဥ နဲ့ အမျိုးသားများ

Posted by မေမြို့သား on 8:03 AM in
Planet — တစ်ပတ်လျှင် ဥ(၃)လုံးမျှ ပုံမှန်စားခြင်းသည် အမျိုးသားတစ်ဦးကို ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးရန် ဖြစ်နိုင်ခြေ (၇၀)ရာခိုင်နှုန်းထိ မြင့်တက်လာစေကြောင်း သိရသည်။ သုတေသီများက ကြက်ဥ၊ ဘဲဥများကို ပုံမှန် စားသုံးမှု ကာလရှည်ကြာစွာ ပြုလုပ်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေမည်ဟု သတိပေးခဲ့သည်။ အပတ်စဉ် ကြက်ဥနှင့် ဘဲဥ (၂)လုံးနှင့် (၁)ခြမ်းမျှ ပုံမှန် စားသုံးသော အမျိုးသားများသည် သာမန်ထက် ဆီးကြိတ်ကင်ဆာ အဖြစ်ပိုများပြီး သေဆုံးလေ့ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။
ထိုအနေအထားသည် သေစေလောက်သော ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သည့် အနေအထားအတွက် (၈၁)ရာခိုင်နှုန်းထိ မြင့်တက်စေကြောင်းလည်း ဆိုသည်။ ဘော်စတွန်ရှိ ဟားဗက် ပြည်သူ့ကျန်းမာရေးကျောင်းမှ ပညာရှင်များက အမျိုးသား (၂၇၀၀၀)တို့၏ နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို (၁၄)နှစ်ကြာ အချိန်ယူ လေ့လာပြီးနောက် ယခုရလဒ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
ကြက်ဥ၊ ဘဲဥများနှင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတို့ ဆက်စပ်မှုကို သုတေသီများက ခြေရာခံနိုင်ခဲ့သော်လည်း အသားများများ စားခြင်းကြောင့် ဆီးကြိတ်တွင် ကင်ဆာကြိတ်များ ဖြစ်ပေါ်နိုင်ခြေ မတွေ့ရဟု ဆိုသည်။ ဥများများစားသော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာကြောင့် သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဆေးမှတ်တမ်းများက ညွှန်ပြလျှက်ရှိသည်။
 ကျတော် အွန်လိုင်းမှာ ဖတ်မိသမျှကို Share လုပ်ပေးလိုက်ပါသည်.. thanx

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.