0

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

Posted by မေမြို့သား on 11:41 PM in
အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။

“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”

“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်းဖြည်းချင်းပြောတယ် ။

“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ

ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင်လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။

“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။

ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရအောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”

“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေတွက်ခဲ့တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။

ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ” တဲ့ ။

“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”

“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အများကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူတစ်ပွင့်အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ်

########################################

ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော်ကောင်လေးကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမားတစ်ဦးမောင်းလာတဲ့ကားတစ်စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေတဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထားရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင်သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေးများဖြစ်နေမလား ?

ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွားခဲ့ပါတယ် ----။

ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင်ခက်ခဲလွန်းလှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။

#########################################

ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”

အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။

- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။

“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”

သက်တန့်ချို
Feb 25-2012

Do not drink and drive အား ဘာသာပြန်ခံစားသည် ။

( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်းပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)

0

နှလုံးသားနဲ့ ရင်းပြီး

Posted by မေမြို့သား on 1:20 PM in
ကောင်မလေးရေ....
    နင်က လမင်းကြီးဆို
         ငါက ကြယ်ကလေးပါ.......။။
ငါလို ကြယ်တစ်ပွင့်
      ကြွေကြလို့ မြေမှာခ
            နင် ဝမ်းနည်း ရမှာလား.....?
မထင်ပါဘူး
    နောက်ထပ် အများစု
            နင့်ဘေးနားမှာ အဖော်ပြုနေတယ်............။။
သုဘဒ္ဒါ မုန်းတဲ့ ဆဒ္ဒန်
     သီတာမုန်းတဲ့ ဒဿ
          နင်မုန်းတဲ့ ငါ့ဘဝ
              အသည်းနာပေမယ့် နောက်ဆုံး
                     ချစ်သူကိုတော့ ပြုံးပြနေဦးမယ်...........။။
အမုန်းဆိုတဲ့ ရေစက်တွေ
       ငါ့ကို ပက်ဖျန်း နေမှတော့
            ရှောင်ပြေးလို့ မလွတ်နိုင်
                     မာနဆိုတဲ့ တိုင်ကြီးလည်း
                           ယိုင်နဲ့ ကာ လဲခဲ့ပြီ..............။။
နင့်ရဲ့ရှေ့မှောက်
    ဒူးမထောက်ချင်ပေမယ့်
        မူးနောက်နေတဲ့ နှလုံးသားက
             ငါ့မာနကို..
                   ရူးလောက်အောင် ပြုစားခဲ့တယ်..........။။
ဒါပေမယ့်...
     ပြန်ရလိုက်တဲ့ ဘဝ
           အရာရာ မမျှတဘူး...
                ဝေးကွာခြင်း နေ့ရက်တွေအား
                      အမုန်းတွေက ထပ်ခြားလိုက်တယ်..........။။
အမုန်း သံသရာမှာ
    လူဖြစ်လာတဲ့ ငါကတော့
          အားလုံးရဲ့ ဝေဖန်မှု
                  ဗီလိန် ဆိုတဲ့ ဆုတစ်ခုနဲ့
                       အချစ်ကို အလေးပြုနေဆဲ........။။
ဘဝ ခပ်မွဲမွဲမှာ
    ငါ ဆုတောင်းမှားခဲ့တော့လေ
          မုန်းနိုင်ပါစေ....
               မေ့နိုင်ပါစေ........
                    နှလုံးသားဟာ နွေ
                         ထာဝရ အတွက် ပူပါစေ                            
                           ကျေနပ်နိုင်မလား နွေ............။။
                                                         ညီညီ(မြန်အောင်) 

http://zwmnna2.blogspot.com/2011/06/blog-post_05.html#comment-form

0

ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ

Posted by မေမြို့သား on 3:16 PM in
(၁) ကိုယ်အလေးချိန် ကျစေတယ် ၆၀ကီလို ဂရမ်ရှိတဲ့ လူတစ်ယောက်ဟာနာရီဝက်ခန့် အမြန် လမ်းလျှောက် ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားနိုင်တယ်။ (၂) အူမကြီးကင်ဆာတားဆီးနိုင်တယ် ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရလေ့ကျင့်ခန်းပုံမှန်လုပ်သူများသည် Polyp ဟုခေါ်သောအူအတွင်းအသားပိုဖြစ် နိုင်ခြင်းကို ၃ ပုံ ၁ပုံ လျော့နည်းစေတယ်။ (Polypက ကြာရင် ကင်ဆာဖြစ်နိုင် ( ၃) နှလုံးရောဂါဖြစ်နိုင်ခြေလျော့စေတယ် နှလုံးရောဂါကြောင့် သေဆုံးမှုများ၏ ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းနှင့် ဆက်စပ်လျက်ရှိတယ်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီအန္တာယ်ကိုလျော့နည်းစေတယ်။ (၄) အချစ်ကိစ္စ တိုးတက်စေတယ် ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ (Erectile Dysfunction) ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာတက်ြွကမှုရှိခြင်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေအခွင့်အလမ်းတစ်ဝက်လျှော့ချနိုင်တယ်။ (၅) အရိုးများသန်စွမ်းစေတယ် လမ်းလျှောက်ခြင်းဖြင့် အရိုးပါးရောဂါမဖြစ်အောင် တားဆီးနိုင်တယ်။ အရိုးသိပ်သည်းဆထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။ (၆) သတိမေ့ရောဂါ ကာကွယ်နိုင်တယ် တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေတစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရလမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း၌ Grey Matter ပိုမိုများပြားလာစေကြောင်းတွေ့ရတယ်။ (၇) နှာစေးအအေးမိခြင်းကိုကာကွယ်ပေးတယ် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေတယ်။

0

အမျိုးသားများအတွက် အရေးကြီးသော ကျန်းမာရေး အကြံပြုချက်များ

Posted by မေမြို့သား on 3:14 PM in

ဆေးပညာဟာနာမကျန်းဖြစ်တဲ့ ဝေဒနာအများစုကိုကုသဖို့အတွက် ဖြစ်ပါတယ်။  ဒါပေမဲ့ ဝေဒနာ လုံးဝမဖြစ်အောင် အလုံးစုံကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာတော့ မရှိသေးပါဘူး။ ဝေဒနာတွေ မဖြစ်အောင်၊ ဝေဒနာ ဖြစ်လာချိန်မှာကျန်းမာရေးအမြန် ကောင်းလာအောင် အမျိုးသားတွေ အနေနဲ့ အောက်ပါ အကြံပြုချက်တွေကိုလိုက်နာသင့်ပါတယ်။

ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ

 အမျိုးသားအများစုဟာဆေးခန်းသွားဖို့ တွန့်ဆုတ်လေ့ ရှိပါတယ်။ ပုံမှန် မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်းလျစ်လျူရှု ထားတတ်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားတွေကယေဘုယျအားဖြင့် အမျိုးသမီးတွေထက် အသက်ငါးနှစ် ပိုတိုရတာ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ သက်တမ်းပိုရှည်စေဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူတာ၊ ဆရာဝန်နဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးတာတွေကိုလုပ်ဆောင် သင့်ပါတယ်။

သဘာဝအစားအသောက်များစားပါ  

အဆင်သင့် ထုပ်ပိုးထားတဲ့၊ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကသကြား၊ ဆား၊ မကောင်းတဲ့အဆီနဲ့ ကယ်လိုရီတွေ အပြည့်ပါဝင် နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအဆင်သင့် ပြုလုပ်ထားတဲ့ အစားအသောက်တွေ အစားလတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေ၊ အမျှင်ဓာတ် ပေါများတဲ့ အစားအစာတွေ (ဥပမာ-ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်တွေ)၊ လတ်ဆတ်တဲ့ ငါးနဲ့ အဆီနည်းအသားတွေကိုစားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ  

အမေရိကန်နိုင်ငံမှာ နှလုံးရောဂါကြောင့် အမျိုးသားတွေ အဓိကသေဆုံးနေပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းကလေ့ကျင့်ခန်းလုပ်တာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားတွေကိုသန်စွမ်းနေအောင် လေ့ကျင့်သင့်ပါတယ်။ တစ်နေ့မှာမိနစ် ၃၀၊ တစ်ပတ်မှာအနည်းဆုံးငါးရက်လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ၊ ခပ်သွက်သွက်ပြေးတာ၊ ရေကူးတာနဲ့ တင်းနစ်ကစားတာစတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ခါးအတိုင်းအတာကိုသတိထားပါ  

ခါးကိုတိုင်းကြည့်ပါ။ ခါးအတိုင်းအတာကလက်မ ၄၀ ထက်ကျော်ရင် ကျန်းမာရေး ပြဿနာ ဖြစ်တတ်ပါတယ်။ ခါးအရွယ်အစားကြီးပြီးဗိုက်ပူတဲ့ အမျိုးသားတွေဟာဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာနဲ့ တခြားကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။

မာလ်တီဗီတာမင် မှီဝဲပါ  

နေ့စဉ် မာလ်တီဗီတာမင် ဖြည့်စွက် ဆေးမှီဝဲတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ် ဖြစ်စေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကိုစားပေးရင် ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။

အန္တရာယ်ဖြစ်စေသောအရာများရှောင်ပါ  

ဆေးလိပ်သောက်တာကကျန်းမာရေးအတွက် အဆိုးရွားဆုံးအပြုအမူ ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့်လည်းကျန်းမာရေးထိခိုက် စေနိုင်ပါတယ်။ နှစ်စဉ် အမေရိကန် နိုင်ငံမှာဆေးလိပ် မသောက်တဲ့သူသုံးထောင်လောက်ကအဆုတ်ကင်ဆာဖြစ်ပြီးသေဆုံးနေကြပါတယ်။ ဆေးလိပ် သောက်တာကအဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အတော်များများကို ဖြစ်စေနိုင်ပါတယ်။  အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးတွေကြောင့်လည်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့မှာအရက်နှစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။ မူးယစ်ဆေးဝါးဖြစ်တဲ့ ကိုကင်းကိုသုံးစွဲရင်လည်း နှလုံးရောဂါထတာနဲ့ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။

အရေပြားကိုကာကွယ်ပါ

 အသက် ၅၀ ကျော်တဲ့ အမျိုးသားတွေ အနေနဲ့ အရေပြားကိုသေချာစစ်ဆေး ကြည့်သင့်ပါတယ်။ မှဲ့ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားဦးရေက နှစ်သုံးဆယ်အတွင်း နှစ်ဆပိုမြင့်မားလာပါတယ်။ ဒါဟာအမျိုးသားတွေ အနေနဲ့ နေရောင်ကာခရင်မ်မလိမ်းဘဲ၊ အကာအကွယ် မယူဘဲနေပူထဲကိုသွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အနည်းဆုံး SPF ၁၅ ဆပါတဲ့ နေရောင်ကာခရင်မ်ကိုလိမ်းပေးဖို့ လိုပါတယ်။ မှဲ့နဲ့ အရေပြားကိုတစ်လတစ်ကြိမ် စစ်ဆေးပြီးသံသယရှိဖွယ် အပြောင်းအလဲ ကြုံရရင် အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြသသင့်ပါတယ်။

ဆီးကျိတ်ကိုစစ်ဆေးပါ  

ဆီးကျိတ်ကင်ဆာဟာအမေရိကန် အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိပုံမှန်စစ်ဆေးပြီးဆီးကျိတ်ကြီးနေသလားဆိုတာကိုပါ စစ်ဆေးဖို့ လိုပါတယ်။ သင့်မှာဆီးကျိတ်ကင်ဆာ မျိုးရိုးရှိရင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုကိုခံယူဖို့ လိုပါတယ်။

0

နင်က ငါ့ရဲ့ ကမ္ဘာကြီး

Posted by မေမြို့သား on 2:51 AM in
ကောင်လေးကမေးတယ် " ငါ့ကိုချစ်လား " တဲ့
ကောင်မလေးက " အင်း " တဲ့
အဲ့ဒီတော့ ကောင်လေး...က " ကမ္ဘာကြီး ကြားအောင်အော်ပြ " တဲ့
ကောင်မလေးက တိုးတိုးလေး ပြောလိုက်တယ် "အရမ်းချစ်တယ် " တဲ့
ကောင်လေးက မကျေနပ်ပဲ " ဘာလို့ တိုးတိုးလေးပဲဖြေတာလဲ ... ငါ့ကိုတကယ်မချစ်လို့ လား? " ဆိုပြီးမေးတယ်...
ကောင်မလေးက ပြန်ဖြေတယ် ...
" ဘာလို့ လဲဆိုတော့ နင်က ငါ့ရဲ့ ကမ္ဘာကြီးလေဟာ" တဲ့




0

"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ....

Posted by မေမြို့သား on 2:09 PM in
ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင...်တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ"
လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...

နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..
အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်..
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...

အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ
ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့...

အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်...

အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ
သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....
See More

( ဤ page မှ post များကို မိမိတို့ wall ပေါ်တွင် လွတ်လပ်စွာ Share နိုင်ပါသည်.. လေးစားစွာဖြင့်-----By SNP)

1

အချစ် ခံစားချက်

Posted by မေမြို့သား on 1:38 PM in
ချစ်ကြိုက်ချိန်မှာ အဆုံးမရှိတဲ့ ချိုမြိန်အနမ်းကို လူတိုင်းတောင့်တကြတယ်။
ရန်ဖြစ်ကြတော့ ဘာဖြစ်လို့ နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းနဲ့
အပြန်အလှန် ဝမ်းနည်းနာကျင်အောင် ပြောဆိုကြရသလဲ?

လက်တွဲတယ်၊ လက်တွဲဖြုတ်တယ်ဆိုတာ
အဲဒီလက်တစ်စုံဆီကပဲ ဖြစ်ခဲ့တာပါ။
 

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.