Showing posts with label သူ့အတွက် . .. Show all posts
Showing posts with label သူ့အတွက် . .. Show all posts
0

fighting

Posted by မေမြို့သား on 3:04 AM in
တချိန်မှာ ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုလေးက
အမှတ်တရလေးဖြစ်နေရမယ်
တချိန်မှာ ငါတို့ရဲ့ မျက်ရည်တွေက ပျော်ရွှင်စရာတွေ
ရှိနေရမယ်
တချိန်မှာ ငါတို့နှစ်ယောက်ရဲ့ အချစ်ကို တခြားသူတွေ
နားလည်စေရမယ်
တချိန်မှာ ငါတို့အတွက် ပျော်စရာနေ့သစ်တွေကို အတူတူဖြတ်သန်းရင်
ငိုကြွေးမှုတွေကို မေ့ဖျောက်ဖို့ ငါတို့ကြိုးစားကြမယ်ချစ်သူ

0

ချစ်သူ..........

Posted by မေမြို့သား on 3:03 AM in
ချစ်သူ..........
နင့်ဆီက ဥပေက္ခာပြုမှုတွေ ခံစားလိုက်ရတဲ့ အချိန်တိုင်း...........
နင့်ဆီက မယုံကြည်သလို မေးခွန်းတစ်ခုအမေးခံလိုက်ရတဲ့ အချိန်တိုင်း....
နင်နဲ့  စိတ်ဆိုး..စိတ်ကောက်လို့ စကားမပြောပဲနေ နေရတဲ့ အချိန်တိုင်း....
နင်က ငါ့အပေါ် နားလည်မှုတွေ လွဲသွားတတ်တဲ့ အချိန်တိုင်း......
နင့်ဆီက ရက်စက်တဲ့ စကားလုံးတွေ ကြားလိုက်ရတဲ့ အချိန်တိုင်း.........
နင့်ဆီက အားပေးစကားတွေမကြားရပဲ အားငယ်နေရတဲ့အချိန်တိုင်း......
နင်က ငါ့ထက် တစ်ခြားသူတွေကို ဂရုစိုက်တတ်တဲ့ အချိန်တိုင်း...........
အဲ့လို အချိန်တွေတိုင်း ငါ့ရင်ထဲမှာ နာကျင်မှုတွေနဲ့ အတူ အရမ်းကို
ဝမ်းနည်းနေမိတယ် ...........
နင် သိရဲ့ လား ??? ငါ့ အချစ်...... ငါ့ မျှော်လင့်ချက်တွေ အားလုံးက
နင် တစ်ယောက်ထဲဆီမှာ ဆိုတာကိုလေ.........ချစ်သူ

0

သူ့အတွက် . .

Posted by မေမြို့သား on 2:32 AM in
ငါ့ရင်ခုန်သံတွေကို ထိန်းချုပ်ကန့်သတ်ထားတာ . .
သူ့ ပါးချိုင့်လေးနဲ့အပြုံးပေါ့ . .
ငါ့မျှော်လင့်ချက်တွေကို ရောင်နီသန်းစေတာ . .
သူ့ရဲ့ အားပေးစကားပေါ့ . .
ငါ့ ခြေလှမ်းတိုင်းကိုလည်း တွန့်ဆုတ်သွားစေတာ . .
သူ့မျက်ဝန်းများကြောင့်ပေါ့ . .
ငါ့ မာနတွေ ခဏခဏ အရည်ပျော်သွားတာလည်း . .
သူ့ရဲ့ လိုက်လျောနိုင်တဲ့ တည်ကြည်တဲ့စိတ်ထားလေးပေါ့ . .
ငါ့ ဘ၀ရဲ့ အရေးပါတဲ့ နေ့ရက်တိုင်းကို .. ပိုပီးအသက်ဝင်စေတာ . .
သူ့ရဲ့ နွေးထွေးအားပေးနိုင်တဲ့ လက်ဖမိုးအစုံပေါ့ . .
သေချာပါတယ် . .
ငါ သူ မရှိရင် မဖြစ်ဘူးဆိုတာ . .




0

နီးစပ်ခွင့်

Posted by မေမြို့သား on 3:35 PM in
တစ်ယောက်ယောက်က.  .
ရှေ့တိုးလာမှ . .
ငါတို့နှစ်ယောက် နီးရကြေးဆိုရင် . .
အဲဒီခြေလှမ်းတွေကို နင်စလှမ်းလိုက်စမ်းပါ . .
ကျန်တဲ့ ခြေလှမ်းတွေအတွက် ငါတာဝန်ယူတယ် . .


0

အချစ်နဲ့ မာန . .

Posted by မေမြို့သား on 3:20 PM in
မာနက  . .
နှလုံးသား၏ လိုအင်ဆန္ဒနှင့် . .
တောင့်တမှုတို့ကို . .
အခွံမာမာတစ်ခု တဖွယ် . .
ဖုံးအုပ်ပစ်လိုက်တော့သည်. ။ ။





0

လျော်ကြေး

Posted by မေမြို့သား on 2:36 PM in
သူ့မှာ မာနရှိသလို . .
ကျတော့်မှာလည်း မာနရှိပြီးသားပါ . .
သူ ခေါင်းမာတတ်သလို . .
ကျတော်လည်း ခေါင်းမာသူပါ . .
သူ ချစ်တတ်သလို . .
ကျတော်လည်း သိပ်ချစ်တတ်ပါတယ် . .
သူ အလျှော့မပေးတတ်သလို . .
ကျတော်လည်း အလျှော့မပေးဘူးဆိုတာ . .
ကျတော့်အကြောင်း သူကောင်းကောင်းသိပါတယ် . .
ကျတော် စိတ်မချမ်းသာဘူး
ဒါပေမယ့် . .
သူရဲ့ သံသယတွေ အတွက် . .
ကျတော့်ရဲ့ မာန တွေ အတွက် . .
ကျတော် သူ့ကို လမ်းခွဲမှ ဖြစ်မယ် . .
အဲတာ ကျတော် သူ့ဆီက ရလိုက်တဲ့ လျော်ကြေးပဲ . .
ဘာပဲဖြစ်ဖြစ် .. ကျတော်သူ့ကိုချစ်ပါတယ် . .



0

ငါတို့နှစ်ယောက်

Posted by မေမြို့သား on 1:20 PM in
အမှန်တရား နှစ်ခု ..
ထိပ်တိုက်တွေ့ကြသော တိုက်ပွဲမျိုးကတော့ ..
မျှော်လင့်ထားသည်ထက် .
ပိုပီး ပြင်းထန်လိမ့်မယ်. . .

0

ကျတော့်အချစ် . .

Posted by မေမြို့သား on 12:57 PM in
ကျတော်ချစ်သော သူ့လက်ဖမိုးလေးသည် . .
သူချစ်သောသူတွေ တစ်စုံတစ်ယောက်မှ မကွယ်တွယ်ခဲ့ဘူးလေသော . .
ကျတော့်အတွက် နွေးထွေးလုံခြုံမှုတွေ ပေးစွမ်းသော . .
ကျတော့်နှလုံးသွေးကြောအထိ နူးညံ့မှုတွေ စီးဆင်းကာ . .
ယစ်မှုးခုံမင်ဖွယ်ရာ အတိပင် . .
နှစ်ကိုယ့်တစ်စိတ် . .
ကျတော့်စိတ်ဝိဥာဉ်တွေ သူ့ဆီကူးပြောင်းယှက်နွယ် သွားသလားနှယ် . .



0

အရာရာထက် . .

Posted by မေမြို့သား on 8:11 AM in
လိုအပ်မှုတွေရှိလာတိုင်း သူ့ကို ပြည့်စုံစေချင်မိတယ်
ဝမ်းနည်းမှုတွေ ကြုံတွေ့ရတိုင်း သူ့ကို ပျော်ရွှင်စေချင်မိတယ်
ခက်ခဲခြင်းတွေ ကြုံလာတိုင်း သူ့ကို အဆင်ပြေစေချင်မိတယ်
ရှုံးနိမ့်မှုတွေရှိလာတိုင်း သူ့ကို အောင်မြင်စေချင်မိတယ်
ရင်မောစရာတွေရှိလာတိုင်း သူ့ကိုပေါ့ပါးစေချင်မိတယ်
နာကျင်စရာတွေ ရလာတိုင်း သူ့ကို ဖြေသာစေချင်မိတယ်
သိမ်ငယ်မှုတွေရှိလာတိုင်း သူ့ကို ဂုဏ်ယူစရာတွေ ရစေချင်မိတယ်
သူ့   ကိုပဲ…အရာရာ ကျွန်တော်ထက်……



0

ငါ . .

Posted by မေမြို့သား on 3:37 AM in
ငါ . .
မစပ်စုတတ်ပါဘူး . . နင့်အကြောင်းတွေဆို ငါ သိချင်ရုံသက်သက်ပါ . .
ငါ . .
မနာလိုဖြစ်တတ်တဲ့ သူမျိုးလဲ မဟုတ်ပါဘူး . .
နင်နဲ့ပတ်သက်လာရင်တော့ သ၀န်တိုမိတတ်ရုံလေးပါ . .
ငါ . .
အလွယ်တကူ မျက်ရည်ကျတတ်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး . .
ဒါပေမယ့် နင် ရက်စက်တဲ့အခါ ငါ့မျက်ရည်တွေကို အဖော်ပြုရုံသက်သက်ပါ . .
ငါ . .
ဥာဏ်ကောင်းလွန်းတဲ့ သူတော့မဟုတ်ပါဘူး . .
နင်နဲ့ပတ်သက်တဲ့အရာအားလုံးကို  မှတ်မိနေတတ်ရုံသက်သက်ပါ . .
ငါ . .
တော်ရုံချစ်တတ်တဲ့ သူတော့မဟုတ်ပါဘူး . .
နင့် ကိုတော့ အကြောင်းပြချက်မရှိအောင် အရမ်းချစ်မိနေတဲ့သူပါဟာ . .

0

နင့်အတွက် . . ငါ့ဆန္ဒ

Posted by မေမြို့သား on 3:33 AM in
တကယ်ဆို ငါက……
နင်အသိအမှတ်ပြုတဲ့အခါ နင့်ဘေးမှာ အဖော်ပြုရင်း
ဝမ်းနည်းလွယ်တဲ့ နင့်ကို
ပျော်ရွှင်ခြင်းတွေ အကုန်ပေး
ငါချစ်တဲ့ နင့်ပါးချိုင့်လေးကိုပဲ ငေးနေချင်ခဲ့တာပါ  . . .

0

နင်သိပါတယ် ...

Posted by မေမြို့သား on 3:19 AM in
❥ နင်သိပါတယ် ...
ငါနင့်ကို စိတ်ကောက်တဲ့အခါတိုင်း နင်စိတ်ညစ်မှာစိုးလို့ ငါပဲအမြဲပြန်ချော့ခဲ့တယ် ဆိုတာကို!!

❥ နင်သိပါတယ် ...
အရာရာတိုင်းမှာ အနိုင်လိုချင်တဲ့ငါက နင်နဲ့ပတ်သက်ရင် အမြဲ အရှုံးပေးခဲ့တယ် ဆိုတာကို!!

❥ နင်သိပါတယ် ...
နင်စိတ်ဆိုးပြီး ငါ့ကိုအော်တိုင်း ငါဝမ်းနည်းလွန်းလို့ ကလေးတစ်ယောက်လို ငိုကြွေးတတ်တယ် ဆိုတာကို!!

ဒါပေမယ့် ....

❥ နင်မသိပါဘူး ...
နင့်ဆီက ဂရုစိုက်မှုကို မျှော်လင့်မိတိုင်း ငါဘယ်လောက် နာကျင်ရတယ် ဆိုတာကို!!

❥ နင်မသိပါဘူး ...
နင်ချော့တာခံချင်လို့ စိတ်ကောက်တိုင်း စိတ်မရှည်သလို အပြစ်တင်တတ်တဲ့ နင့်စကားတွေကြောင့် ငါဘယ်လောက် ခံစားရတယ် ဆိုတာကို!!

❥ နင်မသိပါဘူး ...
ငါ့ခံစားချက်တွေကို ဥပေက္ခာပြုပြီး နင့်ကိုဆက်ချစ်နေရတာ ငါ့အတွက် ဘယ်လောက်ပင်ပန်းတယ် ဆိုတာကို!!

0

နင်ဟာ ငါ့ရဲ့အချစ်ဆုံး . .

Posted by မေမြို့သား on 3:14 AM in
အချစ်ဦးဆိုတာ . .
ချစ်တတ်အောင် သင်ပေးခဲ့ပီး
ဘ၀တစ်ခုလုံးကို နာကျင်စွာ အမှတ်ရနေတတ်ခဲ့တဲ့သူပါ . .
အချစ်ဆုံးဆိုတာ . .
အချစ်ရဲ့အဓိပ္ပာယ်ကို နားလည်အောင်ခံစားစေခဲ့ပီး
ကိုယ့်ကိုဘ၀တစ်ခုလုံးလက်တွဲသွားမယ့် .
ထာဝရ လက်တွဲဖော်တစ်ယောက်ပါ .



0

လူအလေးကျတော် . .

Posted by မေမြို့သား on 3:03 AM in
ဂတိဆိုတာ . .
တကယ်တော့
လူလိမ်ကြီးတစ်ယောက်က
လူအ လေးတစ်ယောက်ကို
ပြောပြခဲ့တဲက ဟာသတစ်ပုဒ်ပေါ့ . .

0

နင့်ဆီသို့ . . ငါ့အလွမ်း

Posted by မေမြို့သား on 3:01 AM in
နင့်ကိုငါ အရမ်းမလွမ်းပါဘူး...
မနက်အိပ်ယာကနိုးတာနဲ့ နင့်အသံလေးကို
ကြားချင်ရုံ နင့်ကိုတွေ့ချင်ရုံ လေးပါ...

နင့်ကိုငါ အများကြီးမလွမ်းပါဘူး...
သီးချင်းလေးတွေနားထောင်ဖြစ်တဲ့အခါတိုင်း
ခံစားချက်လေးတွေကြောင့် အမြဲတမ်းလွမ်းနေမိရုံလေးပါ...

နင့်ကိုအမြဲတမ်း သတိမရပါဘူး...
ငါOnline လေးဖွင့်မိတိုင်း နင်ပို့ထားတဲ့
မေးလ်လေးတွေကိုရှာနေမိရုံ နင့်ရဲ့ wallလေးကို
ခဏခဏကြည့်နေမိရုံ လေးပါ...



0

အကြောင်းမဲ့အချစ် . .

Posted by မေမြို့သား on 4:30 AM in
လူတစ်ယောက်ကို မချစ်မိခင်မှာ အကြောင်းပြချက်ဆိုတာရှိနေတတ်ပေမဲ့
လူတစ်ယောက် အရမ်းချစ်မိသွားတဲ့အချိန်မှာတော့ အကြောင်းပြချက်မရှိ
သူ ဆိုတာရှိနေရုံနဲ့  ပြည့်စုံနေတတ်တာပါ ။ ။



0

နင့်ကိုချစ်လို့ . .

Posted by မေမြို့သား on 4:26 AM in ,
ပြောပြီသားစကားတွေကို မေ့ပြစ်ချင်မေ့ပြစ်လို့ရမယ်
ရှိပြီသား အမှတ်တရတွေကတော့ အမှတ်တမဲ့ သတိရတတ်နေဆဲပဲ..........


ရှိခဲ့တဲ့အမှတ်တရ ဓာတ်ပုံတွေ ဖျက်ပြစ်လို့ရပေမယ့်
သူပုံရိပ်က ရင်ထဲမှာ စွဲထင်နေဆဲပဲ.........


တခါတလေ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုလွဲလို့ စိတ်ဆိုးကြတိုင်း
နင်ရယ်ငါရယ် အရင်က ချစ်ခဲ့ကြတဲ့ အချိန်ကို ပြန်စဉ်စားရင် ငါစိတ်ဆိုးပြေပြီ
စချော့ရတာလဲ နင့်ကိုသိပ်ချစ်လို့ပါဘဲချစ်သူ.........



0

နင် မသိတဲ့ ငါ့အချစ် . .

Posted by မေမြို့သား on 4:14 AM in
ငါ မျက်ရည်လွယ်တာ နင်သိတယ် .
ငါ အရွဲ့တိုက်တတ်တာလည်း နင်သိတယ် . .
ငါ နင့်အပေါ် အရမ်းဆိုးတာလည်း နင် သိတယ် .
ငါ သ၀န်အရမ်းတိုတတ်တာလည်း နင်သိတယ် . .
ဒါပေမယ့် . .
ငါ နင့်ကို အရမ်းချစ်တာကိုကျတော့ . .
နင် ဘာလို့မသိတာလဲ ချစ်သူရယ် . .



0

ငါဖြစ်ချင်တာ. . မှားလားးး. .

Posted by မေမြို့သား on 4:12 AM in

တစ်ခါ သူအထင်ကြီးတဲ့
နာမည်ကျော်လေး ဖြစ်ချင်တယ်
သူ့မျက်လုံးတွေက
လှတယ် အမြဲ ပြောတာလေး ခံချင်လို့ပါ

@ တစ်ခါတစ်လေ တော့ သူအမြဲ နားထောင်တဲ့
သီချင်းလေးဖြစ်ချင်တယ်
နှုတ်ခမ်းဖျားမှာ
သူအမြဲလိုလို ငြီးဆိုနေတာ ခံချင်လို့ပါ

@ တစ်ခါတစ်လေတော့ လည်း
သူ့ချစ်သူလေးပဲ ဖြစ်ချင်တယ်
ရင်ဘတ်ထဲမှာ
သူအမြဲဂရုစိုက်တာ လေးခံချင်လို့ပါ


0

သူ့အတွက် ကျတော့်အချစ်

Posted by မေမြို့သား on 4:09 AM in
တခါတရံ ချစ်ခြင်းဟာ နာကျင်မှုတွေပိုများပါတယ်
ဒါပေမဲ့ ကြည်နူးမှုဆိုတဲ့ ပျားရည်လေးတစက်ကြောင့်
နာကျင်ခြင်းတွေကို မေ့ထားလိုက်နိုင်တယ်

ဥပမာ သူ့ကြောင့်ဘယ်လိုပဲ နာကျင်ခဲ့
သူ့ရဲ့နွေးထွေးတဲ့ပွေ့ဖက်မှုတခု ဒါမှမဟုတ် ချိုမြိန်တဲ့အနမ်းလေးတခုနဲ့ အရာအားလုံးကိုထားခဲ့ပစ်လိုက်နိုင်သလိုပေါ့


Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.