Showing posts with label ထင်ရာတွေးရာ. Show all posts
Showing posts with label ထင်ရာတွေးရာ. Show all posts
0

ဆုံးရှုံးချိန်

Posted by မေမြို့သား on 4:06 AM in
လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်။


0

အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

Posted by မေမြို့သား on 11:41 PM in
အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။

ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။

“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”

အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”

ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ် ။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ” ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။

“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”

“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်းဖြည်းချင်းပြောတယ် ။

“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ

ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင်လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။

“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။

ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရအောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”

“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေတွေကို စတင်ရေတွက်ခဲ့တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။

ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ” တဲ့ ။

“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”

“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အများကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူတစ်ပွင့်အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ်လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ်

########################################

ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပါပြီ ကျွန်တော်ကောင်လေးကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိရမိလိုက်တယ် ။ အရက်မူးသမားတစ်ဦးမောင်းလာတဲ့ကားတစ်စီးက အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့ နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့ အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေတဲ့အကြောင်း ။ နောက်ဆုံးမတတ်နိုင်တော့တဲ့အဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထားရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင်သန်လာနိုင်မှု မရှိတော့တဲ့အတွက် ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေးများဖြစ်နေမလား ?

ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနောက် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း -----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့တယ် ။ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့ -- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့ ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့ ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ် ။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့ ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ ပြောင်းလဲသွားခဲ့ပါတယ် ----။

ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင်ခက်ခဲလွန်းလှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။

#########################################

ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”

အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။

- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။

“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/သူမ ဘာတွေ ပေးဆပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်တယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”

သက်တန့်ချို
Feb 25-2012

Do not drink and drive အား ဘာသာပြန်ခံစားသည် ။

( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့ စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်းပါဘူး ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)

0

ဖြစ်ရပ်မှန်

Posted by မေမြို့သား on 1:49 PM in
သား အသက် ၁ နှစ်မှ ၁၆ နှစ်တွင်

သူသည် သားဖြစ်သူ အိမ်ပြန်ရောက်ချိန် လာရောက်ပွေ့ဖက်ခြင်းကို မျော်လင့်သည်။
... သားဖြစ်သူကလည်း အားကိုးတစ်ကြီး ပွေ့ဖက်မှုပြီး အခန်းထဲသို့ဝင်သည်။

သား အသက် ၁၇ မှ ၂၁ နှစ်တွင်

သူသည် သားဖြစ်သူ ဘွဲ့ရခြင်းအပေါ် ဝမ်းသာအားရ ငိုသည်။
သားဖြစ်သူမှလည်း ပါတီပွဲကျင်းပခြင်းဖြင့် သူ့ကို ပျော်ရွှင်စေသည်။

သား အသက် ၂၆ နှစ်တွင်

သူသည် သားဖြစ်သူ အိမ်ထောင်ပြုရန် အစစအရာရာ ထောက်ပံ့သည်။
သားဖြစ်သူမှ သူ့အား ကျေးဇူးတင်စကားပြောပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့သည်။

နောင် ၁၀ နှစ်ခန့်အကြာတွင်

သူ ဖျားနာနေချိန် သူ့အနား သားရှိမနေပါ။
သူသေဆုံးသောအခါ သူ့သား နောင်တနှလုံးဖြင့် ငိုကြွေးလေသည်။

အဖေ..........................................။


0

သင်စတိုင်လ်ရှိ စမတ်ကျ ခန့်ညားတည်ကြည် လေးစားအတုယူ ထိုက်သူ ဖြစ်လိုပါသလား : Myanmar News Hub

Posted by မေမြို့သား on 6:45 AM in
သင်စတိုင်လ်ရှိ စမတ်ကျ ခန့်ညားတည်ကြည် လေးစားအတုယူ ထိုက်သူ ဖြစ်လိုပါသလား : Myanmar News Hub

0

ချစ်သူ လမ်းကြား

Posted by မေမြို့သား on 9:07 AM in ,


တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။

အဲဒီ့လမ်းတိုကလေးမှာပဲ
ချစ်သူတွေ ကျကျန်ခဲ့တဲ့
နှလုံးသားအပဲ့အရွဲ့တွေ၊ မျက်ရည်စက်တွေ၊
ငိုသံတွေ၊ ရယ်သံတွေ၊ စကားလုံးအပိုင်းအစတွေ၊
အပြုံးလှလှလေးတွေ၊ အနမ်းချိုချိုလေးတွေ၊ …
………………………………………………………..
ကျကွဲသွားတဲ့ သူတို့ရဲ့အချစ်တွေ…။ ။

0

ထီးကလေး အဖြစ်သာတူ ကိုယ့်ချစ်သူ...

Posted by မေမြို့သား on 8:54 AM in ,
ချစ်သူကို
ကောင်းကင်အဖြစ်
မတင်စားလို
ဝန်တိုခြင်းကို နားလည်စေရဲ့...

ချစ်သူကို
ထီးကလေးအဖြစ်သာ
တင်စားပါရစေတော့
ကိုယ့်တစ်ယောက်သာ လုံခြုံမှုပေး
နွေးထွေးစေကွဲ့...။

0

ဗို့အား ၁၅၀၀

Posted by မေမြို့သား on 8:48 AM in ,
အဲ့ဒီညက...
ဖွင့်မိတဲ့ ကွန်ပျူတာ
ဝင်မိပါတဲ့ ဖိုရမ်
ဒေါင်းမိတဲ့ စာတစ်အုပ်
စပ်စုမိတဲ့ ဒီစိတ်
Run မိတဲ့ Gtalk
Type မိတဲ့ ဒီလက်
ခေါ်မိတဲ့ Voice
ပြောမိပါတဲ့ ဒီပါးစပ်
ကြည့်မိတဲ့ ဒီမျက်စိကြောင့်
နှလုံးသား နှစ်ခု ဓါတ်လိုက်ခဲ့တယ်...

"သတိ...ဗို့အား ၁၅၀၀"


0

တမ်းချင်း ..

Posted by မေမြို့သား on 3:04 AM in
ညတစ်ည
အိပ်မရ
အတွေးတွေ နယ်ချဲ့
အကြွေးတွေ ပြန်တွက်
အမေ့အိမ်ကို တမ်းတရင်းနဲ့
လကုန်ရက် ကိုသာ
မှန်းဆ လို့ နေမိတယ်။...။




0

ဟုတ်မဟုတ်တော့မသိဗျာ။

Posted by မေမြို့သား on 12:56 PM in
တိုက်ဆိုင်နေတာတွေရလိမ့်မယ်........နံပတ်များ၏လျှိဝှက်ချက်
ကျနော်ဟာ..ဒီလိုမျိုးကိစ္စတွေမှာ အယုံအကြည်အလွန်ကို နည်းပါးပါတယ်..

ဒါပေမယ့်.. ဖတ်ပြီးတဲ့အချိန်မှာတော့..တချို့အချက်တွေက မှန်ကန်နေတာကို
တွေ့တဲ့အတွက်.. ခင်ဗျာတို့ကိုလည်း.. အနည်းငယ် မျှဝေပေးလိုက်တာပါ..

နည်းနည်းရှည်ပေးမယ်.. ဖတ်လို့ကောင်းမယ်လို့ေ မျှာ်လင့်ပါတယ်..
လစ်လျှူမရှုလိုက်ပါနဲ့ဗျာ..ဒီမေးလ်လေးကို.... အဲဒီအတွက်..ခင်ဗျာ ခံစားရမှာ
စိုးလို့ပါ..

ကျေးဇူးတင်ပါတယ်...

မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၅) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၆) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၈ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၉) သမား...

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို
ဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..

အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..

မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို

မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..

ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..

ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..

မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!

နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..

ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...

မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..

တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို

ညက်ညောပြေပြစ်တယ်.

မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို

ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်

(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...

အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!

တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...

မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ

မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..

မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.

မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...

မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..

လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..

ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..

မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..

မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....

အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..

ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း

မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..

မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...

ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..

မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..

မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ
.ရုန်းကန်ခြင်းတွေနဲ့..

မင်းဟာ နပန်းလုံးနေရတက်တယ်...

မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..

သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့
မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..

တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ

နဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ

ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..

အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..

အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..

အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ

အဝေးကို ပြေးသွားတက်ကြပါတယ်..

မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....

အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..

အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..

မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..

အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..

လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..

မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..

မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..

မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..

အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..

အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ

ထွန်းပေါက်နိုင်ပါတယ်..

မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..

အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!

နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..

မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..

ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..

ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..

တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..

ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...

မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့

မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...

မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..

ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...

အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..

မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...

မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..

မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..

မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..

မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....

ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..

ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..

မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..

တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..

မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို

နှစ်သက်တဲ့သူတဦးပါ..

အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..

ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..

ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..

အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..

မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..

မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..

အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..

မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)

အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..

အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..

နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..

အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..

အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ

၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..

ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ

အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ

ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး..

သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်..
မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..

အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက

မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..

ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ
နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ

ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို
ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို
ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ
ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..

မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ

အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက

မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...

မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့
အဖော်မွန်ကတော့ 2!!!

0

ဖတ်မိသမျှ

Posted by မေမြို့သား on 12:55 PM in
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။
ဒါမှလည်း ကြာရှည်ခံပါတယ်။
ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

0

ဖတ်မိသမျှ

Posted by မေမြို့သား on 12:52 PM in
လူတွေကို မယုံတဲ့သူ
လူတွေကို သည်းမခံနိုင်တဲ့သူ
လူတွေအကြောင်း မကောင်းပြောတတ်သူဟာ
အဖေါ်မဲ့တတ်တယ်။

0

Naughty quotes....! (ခပ်ဆိုးဆိုးအတွေးများ)

Posted by မေမြို့သား on 12:49 PM in


I’m the person your mother warned you about.
ကိုယ်က မင်းအမေမင်းကိုဆူပူနေရတဲ့ တစ်ခုတည်းသောအကြောင်းပါ။
 
If ur nice, you can call me sweety. If ur sweet you can call me honey. If ur hot you can call me tonight.
မင်းကြည့်လို့ကောင်းရင်ကိုယ့်ကို sweety လို့ခေါ်ခွင့်ရှိတယ် မင်းချောရင်သောကိုယ့်ကို ဟန်နီ လို့ခေါ်လို့ရတယ် မင်း hot နေရင်တော့ ဒီညခေါ်လို့ရတယ်နော် ကိုယ့်ကိုးP
 
 
do u believe in love at first site? or should i walk by again?
 မြင်မြင်ချင်းအချစ်ဆိုတာကိုယုံသလား ဒါမှမဟုတ်ကိုယ်မင်းရှေ့ကနေ နောက်တစ်ခေါက်ဖြတ်လျှောက်ပြရအုံးမလား
 
DONT HATE ME BECASUE IM HOT HATE ME BECAUSE YOUR GIRLFRIEND THINKS I AM
ငါ့ကို HOT လို့မမုန်းပါနဲ့ ငါ့ကိုမုန်းလိုက်ပါ မင်းဆော်ကငါ့အကြောင်းတွေခြည့်ပဲ လှိန့်ပိန့်စဉ်းစားနေလို့
 
Look Everyone Makes Mistakes, Take Your Parents For Example
လူတိုင်းမှားတတ်တာပဲနော် မင်းရဲ့မိဘတွေကို ဥပမာယူလိုက်ပေါ့
 
I'll try being nicer if you try being smarter."
ငါစောက်ချိုးတွေပြင်လိုက်မယ် မင်းလည်းပိုကောင်းအောင်နေခဲ့ရင်ပေါ့
 
Every time you open your mouth...Some idiot starts talking
မင်းပါးစပ်ဖွင့်လိုက်တိုင်းလေ စောက်ရူးတစ်ကောင်ကစကားစပြောတော့တာပဲ
 
Treat me like an angel  if not  I'll be your lil devil!
ငါ့ကို အိန်ဂျယ်လိုအထူးဆက်ဆံပေါ့ မဟုတ်ရင် ငါက မင်းအတွက် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားမယ်
 
 You don't have to be straight to be in the military; you just have to be able to shoot straight.
စစ်တပ်ထဲမှာ straight ဖြစ်နေစရာမလိုဘူး လက်ဖြောင့်ဖြောင့်ပြစ်တတ်ဖို့ကအရေးကြီးတယ်
 
 
you should clean your room...YOU MIGHT FIND YOUR BRAIN!
မင်းရဲ့အခန်းကိုရှင်းပြီး မင်းရဲ့ဦးနှောက်ကိုပြန်ရှာလိုက်အုံး
 
 You hate me cause of I m prince . I don't fuck care cause you are just nobody
မင်းကငါ့ကို prince ဖြစ်နေလို့မုန်းတယ် ငါကတော့ မင်းကို စောက်ရူးမို့လုံးဝ စောက်ဂရုတောင်မစိုက်ဘူး
 
I don't know what makes you dumb But it really works.
မင်းကိုဘယ်လိုအရူးလုပ်ရလည်းဆိုတာတော့မသိဘူး ဒါဟာသိပ်ကိုလွယ်မှန်းတော့သိတယ်
 
Smile, it's the second best thing you can do with your lips.
ပြုံးလိုက်ပါ ဒါဟာမင်းရဲ့ပါးစပ်နဲ့လုပ်နှိုင်တဲ့ဒုတိယ အကောင်းဆုံးအရာပဲ
 
“You haven't lost your smile at all, it's right under your nose. You just forgot it was there.”
 မင်းရဲ့အပြုံးတွေကို မဆုံးရှုံးခဲ့ပါဘူး အဲ့ဒါက မင်းရဲ့နှာခေါင်းအောက်မှာလေ မင်းအဲ့ဒီဟာကဒီမှာရှိမှန်း သာမေ့နေတာပါ။
 
 
I didn't ask to be a prince , but hey if the crown fits!!!*
မင်းသားတစ်ပါးဖြစ်ဖို့ မတောင်းဆိုဘူးနော် သရဖူကကိုယ်နဲ့အံဝင်ခွင်ကြဖြစ်နေရင်တော့ တစ်မျိုးပေါ့
 
you know im a hottie, but are you notice that you just like my body
မင်းငါ ဟော့ နေမှန်းသိတယ် ဒါပေမဲ့ မင်းငါ့ရဲ့ အပြင်ပန်းကိုပဲနှစ်သက်နေမှန်းမင်းသတိထားမိရဲ့လား???
 
You remind me of my next boyfriend!!! =D
မှတ်ထားပါနော် ကိုယ်ကမင်းရဲ့နောက်လာမဲ့ရည်းစားအသစ်ဆိုတာ
 
* It's okay ..... you dont have to stop staring at me........ that just means you're interested
ရတယ်လေ မင်းငါ့ကကြည့်နေတာကိုမရပ်တန့်ရင်လည်း သိထားပေါ့ ဒါမင်းငါ့ကိုခိုက်နေပြီပဲ
 
if you treat me  like a dog, i will going to pee on you
မင်းငါ့ကိုခွေးလိုဆက်ဆံရင်ငါမင်းအပေါ်သေးနဲ့တက်ပန်းမယ်
 
I'm not a complete idiot ( some parts are missing)
ငါကအရူးစစ်စစ်တော့မဟုတ်ပါဘူး (တစ်ချို့အပိုင်းတွေကပျောက်ဆုံးနေသေးလို့ပါ)
 
Just because I look sexy on the cover  of PLAYBOY doesn't mean I'm naughty.
ငါ sexy ဖြစ်လို့သာ PLAYBOY ရဲ့မျက်နှာဖုံးမှာပါတာနော် ပျက်စီးနေတယ်လို့မဆိုလိုဘူး
 
Sex is evil, evil's a sin sins are forgiven, so let's begin
 Sex ဆိုတာက မကောင်းမှူ့ မကောင်းမှူ့ဆိုတာကခွင့်လွှတ်ဖို့ ကဲတို့တွေ စလိုက်ကြပါစို့းP
 
 I didn't say it was your fault,I said I was going to BLAME you...
မင်းရဲ့အမှားလို့မဆိုလိုဘူးနော် ငါမင်းကိုအပြစ်ပုံခြလိုက်ရုံလေးပါ


0

လွတ်လပ်ခြင်း

Posted by မေမြို့သား on 12:41 PM in

  • Know this, that ev’ry body is free
  • To choose his life and what he’ll be;
ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။
choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။
I have the freedom to be who I want to be. I am not going to give that freedom away.
ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။
ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။
ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။
ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။
မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။
ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။
Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)
လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။
ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။
ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။
Patterning your life around other’s opinions is nothing more than slavery.
ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။
မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။
Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)
လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။
ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။
အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။
When a man ceases to choose, he ceases to be a man. (Anthony Burgess)
ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။
ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။
Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)
ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။
ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။
တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။
လွတ်လပ်မှု ဆိုတာ ဘာလဲ။
လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။
ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်
ဖန်တီးခွင့်ကို ဆိုတယ်။
ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။
ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။
ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်
ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ
လူအဆင့်မှာ မရှိတော့ဘူး။
While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.
လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။
  • In nameless ways be good and kind,
  • But never force the human mind.
နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။
မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။
  • Freedom and reason make us men;
  • Take these away, what are we then?
လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။
အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။
ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်
ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်
သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို
ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ
သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။
ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.
ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။
ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။
အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။
ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။
———-*****———-
ကဗျာလေးကို တစ်စု တစ်ဝေးတည်း ပြန်ကြည့်ရင်
  • “Know this, that ev’ry body is free
  • To choose his life and what he’ll be;
  • In nameless ways be good and kind,
  • But never force the human mind.
  • Freedom and reason make us men;
  • Take these away, what are we then?
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.”

    ကျတော် အရမ်းကြိုက်ခဲ့ရတဲ့ စာစုလေးတွေကို မျှဝေလိုက်ပါသည်ဗျာ ..


0

အဖေ နဲ့ သား

Posted by မေမြို့သား on 7:45 AM in
အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။

သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား...”

အဖေ - “ ရတာပေါ့ .. သားရယ်.. ”

သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”

အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”

သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”

အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”

သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ စိတ်အနည်းငယ်ပြေသွားတဲ့ အဖေဟာ သားရဲ့ အခန်းထဲကို ဝင်လာပြီး ..

အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက် .. ဝမ်းနည်းပါတယ်သားရယ်.... ရော့ .. ဒီမှာ သားအတွက် ဒေါ်လာ 10 .. ဒါနဲ့... ဒီပိုက်ဆံနဲ့ သား ဘာလုပ်မှာလဲ .”

သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း
ပြောလိုက်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ကောင်လေးဟာ သူ့ခေါင်းအုံးအောက်မှာ ဝှက်သိမ်းထားတဲ့ အကြွေစေ့ လေးတွေကို ထုတ်ရေတွက်လိုက်ပြီးတော့ သူ့အဖေကိုပြောတယ်...

သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”

အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။



0

ကလေးအမေး

Posted by မေမြို့သား on 8:26 AM in
ကလေး. ၊ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်

ဖခင် ၊ အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို.ငါတွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chattingလုပ်ရင်းသိခဲ့ကြတယ်။နောက်
cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နိုင်တယ်လို.ခွင့်ပြူတယ်။
သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊
ပြီးတော့ delete buttonကိုလည်းမနှိပ်မိဖူး၊
နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
မင်းကံကောင်းတယ်ငါ.သား၊

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.