Showing posts with label ဖေဖေ .. သို့. Show all posts
Showing posts with label ဖေဖေ .. သို့. Show all posts
0

အဖေ (တိတ်တဆိတ် တမ်းတမိသော)

Posted by မေမြို့သား on 12:37 PM in

အဖေ…
ကျနော့်ဘဝ နွေထဲမှာ…။
ပြန်မလာနိုင်တော့တဲ့ ခရီး
အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ
ကျနော်တို့ မိသားစုမှာတော့
ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး
ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော်
ညီမတွေကို အော်ငေါက်
ဆေးလိပ်သောက် အရက်ကြိုက်
ဖဲမရိုက်တတ်တာက လွဲရင်
မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု
အဖေ စနစ်တကျ ပြုစုပျိုးထောင်
ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ်
မရှိမဲ့ ရှိမဲ့
အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ
ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။
မိသားစုအတွက် အဖေရှာသမျှ
ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့
ညီမနှစ်ယောက်ရဲ့ ရှေ့ရေး
ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။
အိမ်မှာ ဖြစ်ချင်တာ ဖြစ်
အမေ စိတ်ညစ်မှာလည်း မကြောက်
ကျနော့်ဘာသာ သွေးနားထင်ရောက်ခဲ့တာ
လိုချင်တာ တစ်ခုတည်း အတွက်
အရာရာကို မျက်ကွယ်ပြုလို့…
အခုမှ မျက်ရည်စို့တယ်ဆိုရင်
အဖေ လှောင်ရီလေမလား…။
အားလုံးကို အဖေ စွန့်ခွာသွားမှ
လောကဓံက ၇က်စက်တတ်မှန်း
မျက်ကန်းကျနော် သိခဲ့ပြီ အဖေ…။
အမေနဲ့ ညီမတွေကို ပစ်ပြီး
ရေမြေရပ်ခြားမှာ စီးပွားလာရှာတဲ့ကျနော်
အဖော်မရှိ တစ်ကိုယ်တည်း
ခရောင်းလမ်းမှာ စမ်းတဝါးဝါး
အဖေ့ရဲ့ အားပေးစကားနဲ့
ခွန်အားတွေ လိုအပ်နေတယ် အဖေ…။
အမေနဲ့ ညီမတွေရဲ့ အဝေးမှာ
ကျနော် မပျော်ရှာပေမယ့်
အဖေသာ အနားက ဖေးမပေးနေမယ်ဆိုရင်…..။ ။


(၁၉.၀၆.၂၀၁၁
အဖေများနေ့
အမှတ်တရ)
တောက ကိုရင်

0

အဖေ

Posted by မေမြို့သား on 12:27 PM in
အဖေ အဖေချစ်တာ သမီးတွေကိုပဲနော် ကျနော့်အပေါ်မှာတော့ သူစိမ်းဆန်နေသလိုပဲ ကျနော်က အမေတူသား ဆိုပြီး မချစ်ခဲ့တာလား (အတွေးများစွာနဲ့ပေါ့) ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်ကတော့ မသိလို့ပဲဖြစ်ဖြစ် မရှိလိုပဲဖြစ်ဖြစ် အဖေ့ကို အဲ့အတိုင်းမြင်နေမိခဲ့တယ် မိဘ အဖေ အမေ ဆိုတာ ဘယ်လောက်ကျေးဇူးမေတ္တာကြီးမားတယ် ဆိုတာ မသိခင်အထိပေါ့ ဟုတ်ပါတယ် တစ်ကယ်တော့ တစ်နေရာရာမှာ တစ်ခုခုကြောင့် အဘအမည် ဆိုပြီး ရေးသွင်းရတိုင်း ဖြေရတိုင်း အဖေ့ကို ပိုပိုချစ်လာတယ် တစ်ကယ်ပါ ကျနော့်ရင်ထဲမှာ အဖေအမြဲရှိပါတယ်....။ ကျေးဇူးကြီးမားလှစွာသော ဖေဖေ့ကို အရိုအသေပြုရင်း

0

Daddy

Posted by မေမြို့သား on 5:57 AM in

Daddy..
I cry so much now
I hate feeling so bad
Daddy how could you
I hate being so mad

I trusted you daddy
Now look you made me cry
I hate you daddy
Now I'm saying goodbye

Go on with your life
Like you've done for so long
I used to love you,
But what you did was wrong

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.