Showing posts with label ဗဟုသုတ ဆေးစာများ. Show all posts
Showing posts with label ဗဟုသုတ ဆေးစာများ. Show all posts
0

ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ

Posted by မေမြို့သား on 3:16 PM in
(၁) ကိုယ်အလေးချိန် ကျစေတယ် ၆၀ကီလို ဂရမ်ရှိတဲ့ လူတစ်ယောက်ဟာနာရီဝက်ခန့် အမြန် လမ်းလျှောက် ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားနိုင်တယ်။ (၂) အူမကြီးကင်ဆာတားဆီးနိုင်တယ် ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရလေ့ကျင့်ခန်းပုံမှန်လုပ်သူများသည် Polyp ဟုခေါ်သောအူအတွင်းအသားပိုဖြစ် နိုင်ခြင်းကို ၃ ပုံ ၁ပုံ လျော့နည်းစေတယ်။ (Polypက ကြာရင် ကင်ဆာဖြစ်နိုင် ( ၃) နှလုံးရောဂါဖြစ်နိုင်ခြေလျော့စေတယ် နှလုံးရောဂါကြောင့် သေဆုံးမှုများ၏ ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းနှင့် ဆက်စပ်လျက်ရှိတယ်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီအန္တာယ်ကိုလျော့နည်းစေတယ်။ (၄) အချစ်ကိစ္စ တိုးတက်စေတယ် ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ (Erectile Dysfunction) ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာတက်ြွကမှုရှိခြင်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေအခွင့်အလမ်းတစ်ဝက်လျှော့ချနိုင်တယ်။ (၅) အရိုးများသန်စွမ်းစေတယ် လမ်းလျှောက်ခြင်းဖြင့် အရိုးပါးရောဂါမဖြစ်အောင် တားဆီးနိုင်တယ်။ အရိုးသိပ်သည်းဆထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။ (၆) သတိမေ့ရောဂါ ကာကွယ်နိုင်တယ် တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေတစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရလမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း၌ Grey Matter ပိုမိုများပြားလာစေကြောင်းတွေ့ရတယ်။ (၇) နှာစေးအအေးမိခြင်းကိုကာကွယ်ပေးတယ် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေတယ်။

0

အမျိုးသားများအတွက် အရေးကြီးသော ကျန်းမာရေး အကြံပြုချက်များ

Posted by မေမြို့သား on 3:14 PM in

ဆေးပညာဟာနာမကျန်းဖြစ်တဲ့ ဝေဒနာအများစုကိုကုသဖို့အတွက် ဖြစ်ပါတယ်။  ဒါပေမဲ့ ဝေဒနာ လုံးဝမဖြစ်အောင် အလုံးစုံကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာတော့ မရှိသေးပါဘူး။ ဝေဒနာတွေ မဖြစ်အောင်၊ ဝေဒနာ ဖြစ်လာချိန်မှာကျန်းမာရေးအမြန် ကောင်းလာအောင် အမျိုးသားတွေ အနေနဲ့ အောက်ပါ အကြံပြုချက်တွေကိုလိုက်နာသင့်ပါတယ်။

ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ

 အမျိုးသားအများစုဟာဆေးခန်းသွားဖို့ တွန့်ဆုတ်လေ့ ရှိပါတယ်။ ပုံမှန် မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်းလျစ်လျူရှု ထားတတ်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားတွေကယေဘုယျအားဖြင့် အမျိုးသမီးတွေထက် အသက်ငါးနှစ် ပိုတိုရတာ ဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ သက်တမ်းပိုရှည်စေဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူတာ၊ ဆရာဝန်နဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးတာတွေကိုလုပ်ဆောင် သင့်ပါတယ်။

သဘာဝအစားအသောက်များစားပါ  

အဆင်သင့် ထုပ်ပိုးထားတဲ့၊ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကသကြား၊ ဆား၊ မကောင်းတဲ့အဆီနဲ့ ကယ်လိုရီတွေ အပြည့်ပါဝင် နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအဆင်သင့် ပြုလုပ်ထားတဲ့ အစားအသောက်တွေ အစားလတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေ၊ အမျှင်ဓာတ် ပေါများတဲ့ အစားအစာတွေ (ဥပမာ-ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်တွေ)၊ လတ်ဆတ်တဲ့ ငါးနဲ့ အဆီနည်းအသားတွေကိုစားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ  

အမေရိကန်နိုင်ငံမှာ နှလုံးရောဂါကြောင့် အမျိုးသားတွေ အဓိကသေဆုံးနေပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းကလေ့ကျင့်ခန်းလုပ်တာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားတွေကိုသန်စွမ်းနေအောင် လေ့ကျင့်သင့်ပါတယ်။ တစ်နေ့မှာမိနစ် ၃၀၊ တစ်ပတ်မှာအနည်းဆုံးငါးရက်လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ၊ ခပ်သွက်သွက်ပြေးတာ၊ ရေကူးတာနဲ့ တင်းနစ်ကစားတာစတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ခါးအတိုင်းအတာကိုသတိထားပါ  

ခါးကိုတိုင်းကြည့်ပါ။ ခါးအတိုင်းအတာကလက်မ ၄၀ ထက်ကျော်ရင် ကျန်းမာရေး ပြဿနာ ဖြစ်တတ်ပါတယ်။ ခါးအရွယ်အစားကြီးပြီးဗိုက်ပူတဲ့ အမျိုးသားတွေဟာဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာနဲ့ တခြားကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။

မာလ်တီဗီတာမင် မှီဝဲပါ  

နေ့စဉ် မာလ်တီဗီတာမင် ဖြည့်စွက် ဆေးမှီဝဲတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ် ဖြစ်စေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကိုစားပေးရင် ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။

အန္တရာယ်ဖြစ်စေသောအရာများရှောင်ပါ  

ဆေးလိပ်သောက်တာကကျန်းမာရေးအတွက် အဆိုးရွားဆုံးအပြုအမူ ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့်လည်းကျန်းမာရေးထိခိုက် စေနိုင်ပါတယ်။ နှစ်စဉ် အမေရိကန် နိုင်ငံမှာဆေးလိပ် မသောက်တဲ့သူသုံးထောင်လောက်ကအဆုတ်ကင်ဆာဖြစ်ပြီးသေဆုံးနေကြပါတယ်။ ဆေးလိပ် သောက်တာကအဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အတော်များများကို ဖြစ်စေနိုင်ပါတယ်။  အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးတွေကြောင့်လည်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်နေ့မှာအရက်နှစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။ မူးယစ်ဆေးဝါးဖြစ်တဲ့ ကိုကင်းကိုသုံးစွဲရင်လည်း နှလုံးရောဂါထတာနဲ့ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။

အရေပြားကိုကာကွယ်ပါ

 အသက် ၅၀ ကျော်တဲ့ အမျိုးသားတွေ အနေနဲ့ အရေပြားကိုသေချာစစ်ဆေး ကြည့်သင့်ပါတယ်။ မှဲ့ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားဦးရေက နှစ်သုံးဆယ်အတွင်း နှစ်ဆပိုမြင့်မားလာပါတယ်။ ဒါဟာအမျိုးသားတွေ အနေနဲ့ နေရောင်ကာခရင်မ်မလိမ်းဘဲ၊ အကာအကွယ် မယူဘဲနေပူထဲကိုသွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အနည်းဆုံး SPF ၁၅ ဆပါတဲ့ နေရောင်ကာခရင်မ်ကိုလိမ်းပေးဖို့ လိုပါတယ်။ မှဲ့နဲ့ အရေပြားကိုတစ်လတစ်ကြိမ် စစ်ဆေးပြီးသံသယရှိဖွယ် အပြောင်းအလဲ ကြုံရရင် အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြသသင့်ပါတယ်။

ဆီးကျိတ်ကိုစစ်ဆေးပါ  

ဆီးကျိတ်ကင်ဆာဟာအမေရိကန် အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိပုံမှန်စစ်ဆေးပြီးဆီးကျိတ်ကြီးနေသလားဆိုတာကိုပါ စစ်ဆေးဖို့ လိုပါတယ်။ သင့်မှာဆီးကျိတ်ကင်ဆာ မျိုးရိုးရှိရင် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုကိုခံယူဖို့ လိုပါတယ်။

0

အဝလွန်နေသော ဖခင်ဖြစ်သူ၏ သားသမီးများ အဝလွန်ရန် အလားအလာ ပိုမိုများ

Posted by မေမြို့သား on 7:08 AM in

ကိုယ်အလေးချိန် လွန်ကဲနေသောဖခင်တို့တွင် ကိုယ်အလေးချိန် တိုးမှုဆိုင်ရာ ပြဿနာရှိနေသောသားသမီးများရရှိရန် ပိုမိုအလားအလာရှိကြောင်းသိရသည်။  နယူးကာဆယ် တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ကမိသားစု ၃၀၀၀ ကျော်အားလေ့လာဆန်းစစ်မှု ပြုချက်အရအသက်လေးနှစ်မှ ရှစ်နှစ်အရွယ်ရှိကလေးငယ် တစ်ဦး၏ ဖခင်သည် ကိုယ်အလေးချိန် လွန်ကဲခြင်းသို့မဟုတ် အဝလွန်ခြင်း ဖြစ်နေပါကထိုကလေးသည် အခြားကလေးများထက် အနည်းဆုံးလေးဆခန့် ကိုယ်အလေးချိန် တိုးလာရန် အလားအလာများကြောင်းတွေ့ရှိရသည်။ ဆန့်ကျင်ဘက်အားဖြင့် ကိုယ်အလေးချိန် လွန်ကဲခြင်းသို့မဟုတ် အဝလွန်နေသောမိခင်၏ သားသမီးများမှာမူကိုယ်အလေးတိုးသည့် ပြဿနာရှိလာမည့် အခွင့်အလမ်းအနည်းငယ်သာရှိသည်ဟုဆိုသည်။ သုတေသီအမ်မီလီဖရီးမင်း၏ အဆိုအရမိဘနှစ်ပါးစလုံးကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်နေပါကသူတို့၏ကလေးများမှာကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်လာဖွယ်ရာအခွင့်အလမ်းများကြောင်းကိုသိထားခဲ့ကြကြောင်း၊ ယခုလေ့လာဆန်းစစ်မှုတွင် မိဘတစ်ဦးတည်းကသာလျှင် ကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်နေပြီးထိုမိသားစုမှ အသက်လေးနှစ်မှ ရှစ်နှစ်အရွယ်ရှိသားသမီးတို့၏ ကိုယ်အလေးချိန် ပြဿနာကိုခြေရာခံခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ သုတေသီတို့ကမိဘစုံညီရှိသောမိသားစု ၃၀၀၀ ကျော်တို့ထံမှ အချက်အလက်များကိုလေ့လာဆန်းစစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် သုတေသီတို့၏ လေ့လာဆန်းစစ်မှုတွင် ကလေးငယ်တို့ကမိဘများကိုတုပ၍ စားသောက်ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကဲ့သို့သောဆက်နွှယ်မှုများကိုမူလေ့လာဆန်းစစ်မှုပြုခဲ့ခြင်းမရှိကြောင်းသို့ရာတွင် တွေ့ရှိရသောရလဒ်ကအဝလွန်နေသောဖခင်ဖြစ်သူကိုကုသပေးခြင်းကကလေးငယ်အားအဝလွန်ခြင်းမှ ကာကွယ်ပေးခြင်းသို့မဟုတ် ကုသပေးခြင်းကိုအောင်မြင်စွာလုပ်ဆောင်နိုင်မည့် နည်းဗျူဟာဖြစ်မဖြစ် စမ်းသပ်ရန် အဆောတလျင် လိုအပ်ကြောင်း ပြသနေသည်ဟုဖရီးမင်းကပြောကြားခဲ့သည်။

0

အိပ်ရာနိုးနိုးချင်း ဆေးလိပ်သောက်လျှင် နီကိုတင်းဓာတ် အဆုတ်ထဲ ပိုဝင်နိုင်

Posted by မေမြို့သား on 7:05 AM in


အိပ်ရာနိုးနိုးချင်း ဆေးလိပ်သောက်သူသည် မနက်စာစားပြီးမှ သောက်သူထက် နီကိုတင်း ပမာဏများများ အဆုတ်ထဲသို့ ဝင်နိုင်ခြေ ပိုများကြောင်း  သုတေသီတို့၏ လေ့လာချက် စာတမ်းများအရ သိရသည်။   “အိပ်ရာကထပြီး နာရီဝက်ကျော်မှ ဆေးလိပ်သောက်တဲ့ သူက ဆေးလိပ်အရေအတွက် ပိုများရင်တောင်မှ နိုးနိုးချင်းသောက်သူရဲ့ နီကိုတင်းပမာဏကို မမီဘူးလို့ သိရတယ်။ နိုးနိုးချင်း သောက်သူတွေက ဆေးလိပ် ပိုစွဲနေတဲ့ သဘောရှိပြီး၊ ဆေးလိပ်ဖြတ်ဖို့လည်း ပိုခက်နိုင်တယ်” ဟု အဆုတ်ရောဂါ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဆေးလိပ်ကြောင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်ကို လူ ၅ သန်းကျော် သေဆုံးနေပြီး၊ ယင်းနှုန်းအတိုင်း ဆက်သွားပါက ၂၁ ရာစု တစ်ခုလုံး၌ လူသန်း ၁၀၀၀ သေဆုံးနိုင်ကြောင်း WHO ၏ လေ့လာချက်အရ သိရသည်။ “အောင်အောင်မြင်မြင် ဆေးလိပ်ဖြတ်ချင်ရင် အကောင်းဆုံးနည်းက တိခနဲ အစိမ်းဖြတ်ခြင်းပဲ ဖြစ်တယ်။ တတ်နိုင်ရင်ပေါ့။ နည်းနည်းချင်း လျှော့သောက်သွားခြင်းက အောင်မြင်မှု သိပ်မရဘဲ နောက်ဆုံး ယခင်ကအတိုင်း ပြန်သောက် ဖြစ်သွားလေ့ရှိတယ်”ဟု အထက်ပါ ဆရာဝန်က ပြောကြားသည်။

အမေရိကန်၊ ဂျပန်၊ အနောက် ဥရောပကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆေးလိပ်သောက်နှုန်းများ ကျဆင်းခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာမူ မြင့်တက်နေဆဲပင် ဖြစ်ကြောင်း သုတေသီတို့၏ လေ့လာချက်အရ သိရသည်။ ဆေးလိပ်သောက်ခြင်းသည် မိမိ၏ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ရှောင်ရှားနိုင်သည့် တစ်ခုတည်းနှင့် အကြီးမားဆုံးသော ကိစ္စတစ်ခု ဖြစ်ပြီး ဆေးလိပ်သောက်ခြင်းကြောင့် မိမိသက်တမ်း၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ အသက်တိုသွားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ကမ္ဘာမှာ ဆေးလိပ် တိုက်ဖျက်ရေးအတွက် သုံးစွဲနေသည့် ငွေကြေးထက် ဆေးလိပ်မှရသည့် အခွန်ငွေက ၂၃၈ ဆ ပိုများနေသည်ဟု WHO က ထောက်ပြထားကြောင်း၊ WHO ၏ ဆေးရွက်ကြီး ထိန်းချုပ်ရေး သဘောတူစာချုပ် မူကြမ်းကို နိုင်ငံပေါင်း ၁၇၀ က လက်မှတ် ရေးထိုးထားကြသော်လည်း အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

0

ဘောလုံးကို ခေါင်းတိုက် ကစားခြင်းသည် ဦးနှောက်ကို ထိခိုက်စေနိုင်ဟုဆို

Posted by မေမြို့သား on 7:00 AM in


ဘောလုံးကစားရာတွင် ဘောလုံးကိုခေါင်းတိုက် ကစားတတ်သောကစားသမားများသည် ဦးနှောက် ထိခိုက်ဒဏ်ရာရနိုင်ကြောင်းအမေရိကန် သုတေသီများကပြောကြားသည်။  အဲလ်ဘတ်အိုင်းစတိုင်းဆေးကောလိပ်မှ ပညာရှင် ဒေါက်တာမိုက်ကယ်အယ်လ်လစ်ပတန်က “ဘောလုံးကိုခေါင်းနဲ့တိုက် ကစားတာဟာကစားပွဲတွေရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သလိုဘောလုံးလေ့ကျင့်ခန်းတော်တော်များများမှာလည်းပါဝင်နေပါတယ်။ ဘောလုံးကိုခေါင်းနဲ့ တိုက်ခြင်းဟာဦးနှောက်ထဲကအာရုံကြောအမျှင်တွေကိုစုတ်ပြဲစေနိုင်တဲ့ အင်အားမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အကြိမ်ကြိမ်အထပ်ထပ် ခေါင်းတိုက်ရင်တော့ ဦးနှောက်ဆဲလ်တွေ အားနည်းလာနိုင်ပါတယ်” ဟုပြောသည်။ ဒေါက်တာလစ်ပတန်နှင့် အခြားပညာရှင်များသည် ပျမ်းမျှ အသက် ၃၀ ဒသမ ၈ နှစ် ရှိသောအပျော်တမ်းဘောလုံးသမား ၃၂ ဦးကိုလေ့လာခဲ့ကြပြီး ၎င်းတို့၏ လေ့လာတွေ့ရှိမှုများကိုမြောက်အမေရိကဓာတ်ရောင်ခြည် အသင်းကြီး၏ နှစ်စဉ် အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။

0

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

Posted by မေမြို့သား on 3:30 AM in


လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများ
သည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။
အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမ
ဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။
၎င်းတို့ သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သောအလေ့အကျင့်ကြောင့်လည်းကောင်း၊
ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးသောကြောင့်လည်းကောင်း သေကျေပျက်စီးသွားတတ်ကြပါသည်
ဒိန်ချဉ်တွင် အဆိုပါ လူ့ အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့ သောဆရာဝန်များက ပဋိဇီဝဆေး
များသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်
ကိုစားသုံးရန် ညွှန်ကြားတတ်ပေသည်။
သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity) ကိုတိုးမြှင့်စေနိုင်သည်။
အူလမ်းကြောင်းဧ။် ကျန်းမာရေးကိုကောင်းစေနိုင်သည်။
Lactose Intolerance (ခေါ်) နို့ သကြားဓာတ်မတည့်ခြင်းအား ပျောက်ကင်းစေနိုင်သည်။
ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအ
ပြား ပါဝင်သဖြင့်၊ သွားနှင့်အရိုးကိုလည်း ခိုင်မာစေသည်။
အသားအရေကိုလည်း ကြည်လင်ဝင်းပစေသည်။
ထို့ ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတ
နာထွန်းကားစေနိုင်ပါသည်။
အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်)
ကောင်းသည့် ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။
ထို့ ကြောင့် ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ပေးပါသည်။
၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ ရှိရ၍၊ အမျိုးသမီးများနေ့ စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ ရှိရကြောင်းပါ......

http://khinmaungsoe11.blogspot.com/2011/11/blog-post_6257.html
— with Lin Thaik Nyunt.

0

တစ်နှစ်ပတ်လုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်သော နည်းလမ်း ၁၀ ခု

Posted by မေမြို့သား on 5:47 AM in
၁။ ပတ်ဝန်းကျင်ကို လေ့လာပါ
 သင့်မှာ အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက်  သင်ရဲ့ အနီးဆုံး ပတ်ဝန်းကျင်ကို လေ့လာပြီး လိုအပ်ချက်ကို ရှာဖွေဖို့ လိုပါတယ်။ သင့်ပတ်ဝန်းကျင်၊ သင့်ဆွေမျိုးတွေနဲ့ သင့်အလုပ်ဝန်းကျင်ကို နားလည်အောင် လေ့လာပြီး ဘာလုပ်သင့်တယ်ဆိုတာ ချရေးပါ။ အဲဒီထဲက အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ရွေးချယ်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ပါ။
 ၂။ အပြုသဘောဆောင်သော အတွေးများကို တွေးပါ
 တစ်စုံတစ်ယောက်ကြောင့် ဒါမှမဟုတ် တစ်ခုခုသော အခြေအနေတွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှု မရှိသလို ခံစားနေရပါသလား။ သင်ရဲ့ အကောင်းမြင်စိတ်၊ လုပ်ဆောင်မှုတွေနဲ့ ဆွဲဆောင်ပါ။
 ၃။ ကိုယ်ပိုင်အရည်အချင်းကို မမေ့ပါနှင့် တစ်ချိန်က သင်အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။ အဆိုးဆုံး အခြေအနေတစ်ခု ရောက်နေခဲ့ရင်တောင် ကျော်လွှားနိုင်ပါတယ်။ အသက်ကို ဝဝရှူပြီး သင့်ပုံစံက နောက်ထပ် ခြေလှမ်းအသစ် တစ်ခလှမ်းဖို့ အဆင်သင့် ဖြစ်နေပါစေ။
 ၄။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ
 လေ့ကျင့်ခန်း အနည်းငယ် လုပ်တာက စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်က ထွက်ရှိတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်းက ပုံမှန် လုပ်ပေးတာက ခန္ဓာကိုယ်က စိတ်ဖိစီးမှု ကင်းဝေးစေပြီး လန်းဆန်းစေပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုပါ ဖြစ်ပေါ်စေပါတယ်။
 ၅။ မိသားစုအတွက် အချိန်ပေးပါ
 သင်ဟာ သင့်မိဘ၊ သင့်မိသားစု၊ သင့်ဆွေမျိုးနဲ့ သင့်သူငယ်ချင်းတွေနဲ့ ချိန်းပြီး စကားပြောတာ၊ မုန့်အတူစားတာမျိုးတွေ ပြုလုပ်ပေးပါ။ ချစ်ခင်သူတွေနဲ့ အတူနေထိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုစေပါတယ်။
 ၆။ ဖိစီးမှုကို မောင်းထုတ်ပါ
 သင့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာက ဘာလဲဆိုတာ သိအောင် အရင်လုပ်ပါ။ ဒီထက်ပိုပြီး လက်ခံမထားပါနဲ့။ သင့်စိတ်ထဲမှာပါ မကျန်ရအောင် မောင်းထုတ်လိုက်ပါ။ ဖိစီးမှု ကင်းကင်းနဲ့ အလုပ်လုပ်တဲ့အခါ အချိန်နဲ့ အလုပ်ကို ညီမျှအောင် လုပ်ဆောင်နိုင်တာကြောင့် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုကို တိုးပွားစေပါတယ်။
 ၇။ အသစ်များကို လေ့လာပါ
 ဝါသနာပါရာ နောက်ထပ် အသစ်တစ်ခုကို လေ့လာပါ။ အသစ်အဆန်း တစ်ခုကို လေ့လာတာက သင့်ဦးနှောက်နဲ့ စိတ်အတွက် အကောင်းဆုံး အာဟာရ ပေးစွမ်းတာပါ။ သစ်လွင်တဲ့ အတွေးအခေါ်တွေကို တွေးခေါ် မြော်မြင်နိုင်ပြီး အသစ်အသစ်တွေ နားလည် သိရှိလာတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။
 ၈။ အောင်မြင်မှုကို ပြန်တွေးပါ
 သင်ရဲ့ အတိတ်မှာ အောင်မြင်မှုတွေ ရှိခဲ့မှာပါ။ မကြာခဏ ပြန်တွေးပေးပါ။ အခက်အခဲ တစ်စုံတစ်ခုနဲ့ ကြုံတွေ့လာတဲ့ အခါမျိုးမှာ အရင်က ကျော်လွှားနိုင်ခဲ့တာပဲ ဆိုတဲ့ စိတ်ဓာတ်မျိုးကို ပြန်တွေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုစေပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။
 ၉။ ဖုန်းခေါ်ပါ
 သူငယ်ချင်းကို ဖုန်းခေါ်ပြီး ခဏတာ စကားပြောပါ။ သင်ရဲ့ အခက်အခဲတွေကို ပြောပြပြီး ရင်ဖွင့်တာ၊ အကြံဉာဏ် ယူတာတွေ ပြုလုပ်ပါ။ သူငယ်ချင်းရဲ့ အားပေးမှုနဲ့ အကြံဉာဏ် ပေးမှုတွေက သင့်ကိုယ်သင် ယုံကြည်မှု ပိုစေပါတယ်။
 ၁၀။ ဦးနှောက်ကို အစာကျွေးပါ
 တေးဂီတသံကို နားထောင်တာ၊ စာအုပ်ဖတ်တာတွေက သင့်စိတ်ကို အာဟာရ ဖြစ်စေပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေက ခံစားမှုကို ဖြစ်ပေါ်စေတာကြောင့် သင့်စိတ်အတွက် အာဟာရ မဖြစ်စေပါဘူး။
 ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

0

ကြက်ဥ နဲ့ အမျိုးသားများ

Posted by မေမြို့သား on 8:03 AM in
Planet — တစ်ပတ်လျှင် ဥ(၃)လုံးမျှ ပုံမှန်စားခြင်းသည် အမျိုးသားတစ်ဦးကို ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးရန် ဖြစ်နိုင်ခြေ (၇၀)ရာခိုင်နှုန်းထိ မြင့်တက်လာစေကြောင်း သိရသည်။ သုတေသီများက ကြက်ဥ၊ ဘဲဥများကို ပုံမှန် စားသုံးမှု ကာလရှည်ကြာစွာ ပြုလုပ်ခြင်းသည် အမျိုးသားများအတွက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေမည်ဟု သတိပေးခဲ့သည်။ အပတ်စဉ် ကြက်ဥနှင့် ဘဲဥ (၂)လုံးနှင့် (၁)ခြမ်းမျှ ပုံမှန် စားသုံးသော အမျိုးသားများသည် သာမန်ထက် ဆီးကြိတ်ကင်ဆာ အဖြစ်ပိုများပြီး သေဆုံးလေ့ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။
ထိုအနေအထားသည် သေစေလောက်သော ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သည့် အနေအထားအတွက် (၈၁)ရာခိုင်နှုန်းထိ မြင့်တက်စေကြောင်းလည်း ဆိုသည်။ ဘော်စတွန်ရှိ ဟားဗက် ပြည်သူ့ကျန်းမာရေးကျောင်းမှ ပညာရှင်များက အမျိုးသား (၂၇၀၀၀)တို့၏ နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို (၁၄)နှစ်ကြာ အချိန်ယူ လေ့လာပြီးနောက် ယခုရလဒ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
ကြက်ဥ၊ ဘဲဥများနှင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတို့ ဆက်စပ်မှုကို သုတေသီများက ခြေရာခံနိုင်ခဲ့သော်လည်း အသားများများ စားခြင်းကြောင့် ဆီးကြိတ်တွင် ကင်ဆာကြိတ်များ ဖြစ်ပေါ်နိုင်ခြေ မတွေ့ရဟု ဆိုသည်။ ဥများများစားသော အမျိုးသားများသည် ဆီးကြိတ်ကင်ဆာကြောင့် သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဆေးမှတ်တမ်းများက ညွှန်ပြလျှက်ရှိသည်။
 ကျတော် အွန်လိုင်းမှာ ဖတ်မိသမျှကို Share လုပ်ပေးလိုက်ပါသည်.. thanx

0

ကြက်သွန်ဖြူကို အစိမ်းလိုက် စားခြင်းသည် ကျန်းမာရေး အတွက် အကောင်းဆုံးပါ

Posted by မေမြို့သား on 4:42 AM in
လတ်ဆတ်တဲ့ ကြက်သွန်ဖြူဟာ ပြုပြင်ထားတဲ့ ကြက်သွန်ဖြူထက် ပဋိဇီဝပစ္စည်း၊ ဗိုင်းရပ်စ်ကိုတွန်းလှန်နိုင်တာနဲ့ မှိုပိုးကိုတွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းAllicinတွေ ပိုမိုများပြားစွာပါဝင်ပါတယ်လို့  စိုက်ပျိုးရေးနဲ့ အစားအစာဂျာနယ်မှာဖော်ပြထားပါတယ်။
ကြက်သွန်ဖြူထဲမှ Allicinတွေ ပိုမိုထွက်ရှိလာဖို့ ကြက်သွန်ဖြူကိုလှီးဖြတ်တာဒါမှမဟုတ် ဓားပြားရိုက်တာဒါမှမဟုတ် ညက်ညက်ထောင်းပြီးမစားခင် ဒါမှမဟုတ် ဟင်းထဲထည့်မချက်ခင် ငါးမိနစ်လောက်ထားထားပါ။

 (ကျတော် အွန်လိုင်းမှာတွေ့သမျှ မျှဝေခြင်းသာ)

0

ဘာကြောင့် လေဖြတ်ရသလဲ..??

Posted by မေမြို့သား on 12:43 PM in
ဦးနှောက်အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းဝင်ရောက်မှုမှာ အနှောင့်အယှက်ဖြစ်သည့်အခါ ရုတ်တရက် လေဖြတ် ခြင်း ဖြစ်ပေါ်လာပါသည်။ သက်ဆိုင်သည့်နေရာတွင် ပျက်စီးမှုရှိပြီး ဦးနှောက်၏ ယင်းအစိတ်အပိုင်းနှင့် ဆက်စပ်သည့် လုပ် ငန်းဆောင်တာတွေ လုပ်နိုင်ခြင်း ဆုံးရှုံးရသည်။ လေဖြတ်ခြင်း (Stroke) နှစ်မျိုးနှစ်စကားရှိသည်။ ယင်းတို့က (၁) ဦးနှောက် ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းနှင့် (၂) သွေးကြောပေါက်၍ ဖြစ်လာသည့် လေဖြတ်ခြင်းတို့ပဲ ဖြစ်သည်။
(၁) ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်း (Ischemic Stroke)
ကျောရိုးဆစ်များထဲ ဖြတ်သွားသည့် သွေးလွှတ်ကြော သို့မဟုတ် လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ် ကြောကြီးများ (carotid arteries) ထဲမှာ ပိတ်ဆို့မှု ဖြစ်လာသည့်အခါ Ischemic Stroke ဖြစ်ပေါ်သည်။ ယင်းသွေးလွှတ် ကြောကြီးနှစ်မျိုးစလုံးက ဦးနှောက်ထဲသို့ သွေးပေးပို့သည့် သွေးလွှတ်ကြောကြီးများပဲ ဖြစ်သည်။ သွေးထဲ စီးဆင်းနေသည့် အဆီချိုးတစ်ခု(a plaque) သို့မဟုတ် သွေးခဲတစ်ခု (a blood clot) က သွေးလွှတ်ကြောငယ် (သို့) ကျဉ်းနေသည့် သွေး လွှတ်ကြောတစ်ခုတွင် ပိတ်ဆို့သွားနိုင်သည်။ လေဖြတ်ခြင်းများထဲမှ ၈၀%မှာ Ischemic Stroke အမျိုးအစားဖြစ်သည်။
(၂) ဦးနှောက်တွင်း သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း (Haemorrhage Stroke)
သွေးကြောပေါက်ထွက်သွားခြင်းကြောင့် သွေးစုဝေးနေသည့်အခါ သွေးကြောပေါက်ခြင်းကြောင့် (သို့) သွေးယိုစိမ့် ခြင်းကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်သည်။ ဦးနှောက်ထဲတွင်ဖြစ်စေ၊ ဦးနှောက်နှင့် ဦးခေါင်းခွံအကြားနေရာတွင် အိုင်ထွန်းနေ သည့် သွေးသည် ဦးနှောက်အပေါ် ဖိအားကြီးမားစွာ ဖြစ်ပေါ်စေသည်။ ယင်းသို့ဖြစ်ခြင်းက အနီးရှိ ဦးနှောက်ဆဲလ်များကို သေ စေနိုင်ပြီး အဝေးရှိ တစ်သျှူးကို ပျက်စီးစေနိုင်သည်။
လေဖြတ်ခြင်းများထဲတွင် ၂၀%မှာ သွေးကြောပေါက်ခြင်း (သို့) သွေးယိုစိမ့်ခြင်းကြောင့်ဖြစ်သည်။ အဓိကအကြောင်း ရင်းမှာ သွေးတိုးရောဂါကြောင့်ဖြစ်သည်။ သွေးကြောပေါက်လေဖြတ်ခြင်းက ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းထက် များသောအားဖြင့် ပိုပြီးထိခိုက်မှုများစေပြီး အသေအပျောက်လည်း ပိုကြီးမားသည်။
ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်း (Ischemic Stroke) ထဲတွင် အောက်ပါအမျိုး အစားများ ပါဝင်သည်။
သွေးခဲဆို့ခြင်းကြောင့် လေဖြတ်ခြင်း (Thrombotic Stroke)
ဦးနှောက်တွင်းရှိ သွေးလွှတ်ကြောတစ်ခုခု လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ်ကြောကြီးများ သို့မဟုတ် ကျောရိုးဆစ်များထဲဖြတ်သွေါ်လွှတ်ကြောထဲရှိ ကိုလက်စထရောပါ ဆီးချို (plaque) တစ်ခုကွာကျသွားသည့်အခါ သွေးခဲဆို့ ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပေါ်သည်။ ဆီးချိုပေါ် သွေးခဲဖုံးအုပ်ပြီး သွေးစီးဆင်းမှုအတွက် ပိတ်ဆို့မှု ဖြစ်ပေါ်သည်။ သွေးခဲ ဆို့ခြင်းကြောင့် လေဖြတ်ခြင်းမဖြစ်မီ transient is chemic attack (TIA) ခေါ် လေဖြန်းခြင်းက များသောအားဖြင့် ရှေ့ က ဖြစ် ပေါ်သည်။ ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် ဖြစ်သည့် လေဖြတ်ခြင်းများထဲတွင် သွေးခဲဆို့ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းမှာ ၁၅%ခန့်ရှိသည်။
သွေးကြောဆို့ပစ္စည်းကြောင့် လေဖြတ်ခြင်း (Embolic Stroke)
သွေးနှင့်အတူ လည်ပတ်စီးဆင်းနေသည့် သွေးခဲတစ်ခု (a blood clot) က ဦးနှောက်ထဲရှိ သွေးလွှတ်ကြောတစ်ခု တွင် စိုက်ဝင်ပြီး သွေးစီးမှုကို ပိတ်ဆို့စေသည့်အခါ ယခုလိုမျိုး လေဖြတ်ခြင်းဖြစ်ပေါ်သည်။ နှလုံးခန်းဦး နှလုံးခုန် မမှန်ခြင်း (atrial fibrillation) ကြောင့်လည်း နှလုံးအတွင်း သွေးကြောဆို့ပစ္စည်းများ ဖြစ်ပေါ်စေနိုင်သည်။ ဦးနှောက်ထဲ သွေးအရောက် နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများတွင် သွေးကြောဆို့ပစ္စည်း (embolus) ကြောင့် လေဖြတ်ခြင်း အမျိုးအစားမှာ ၆၀% ခန့် ပါဝင်သည်။
သည်သို့မျိုး လေဖြတ်ခြင်းမှာ ရုတ်တရက် ဖြစ်လာပြီး ပြင်းထန်သည်။ ရောဂါလက္ခဏာများမှာ မိနစ်ပိုင်း၊ နာရီပိုင်းကြာ အထိ လာလိုက်ပျောက်လိုက်ဖြစ်နိုင်သည်။ သို့မဟုတ် တောက်လျှောက် ဆိုးရွားသွားနိုင်သည်။ သွေးကြောဆို့ ပစ္စည်းကြောင့် လေဖြတ်ခြင်း၏ လေးပုံတစ်ပုံမှာ နှလုံးခန်းဦး နှလုံးခုန်မှုမမှန်ခြင်းကြောင့်ဖြစ်သည်။
ကျင်းသိမ်သဏ္ဍာန်တစ်သျှူးသေကြောင့် လေဖြတ်ခြင်း (Lacuna Stroke)
ယင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းသည် ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများ ၏ ၂၅%အတွက် တာဝန်ရှိသည်။ သည်အမျိုးအစား လေဖြတ်ခြင်းမှာ ဦးနှောက်တွင်းရှိ ပိုမိုသေးငယ်သည့် သွေးကြောများ တွင် ပိတ်ဆို့မှုရှိခြင်းကြောင့် ဖြစ်သည်။ ယင်းပိတ်ဆို့မှုက ဦးနှောက်၏ အစိတ်အပိုင်းတချို့ ကို သွေးငတ်စေသည့်အတွက် ကျင်းသိမ်သဏ္ဍာန်(သို့) အခေါင်းငယ်သဏ္ဍာန် အမာရွတ်တစ်သျှူးနေရာဖြစ်စေသည်။ ဦးနှောက်၏ အစိတ်အပိုင်းသေးသေး လောက်သာ ထိခိုက်မှုရှိသည့်အတွက် ရောဂါရှာရခက်သည်။ ဦးနှောက်လုပ်ဆောင်ချက် ပြန်ကောင်းလာရန် အလားအလာ ပို ကောင်းသည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်း (Intracerebral haemorrhage)
ဦးနှောက်တွင်းရှိ သွေးကြောတစ်ချောင်းပေါက်သည့်အခါ ဦးနှောက်တွင် သွေးယိုစီးခြင်း (သို့) သွေးသွန်ခြင်းဖြစ်ပွား သည်။ ယင်းသို့ ဖြစ်ပါက ရုတ်တရက် စူးစူးရှရှ ခေါင်းကိုက်ခြင်းနှင့် အန်ခြင်းဖြစ်စေသည်။ ရံဖန်ရံခါ သတိလစ်ပြီး အသက်ဆုံး ရှုံးသည်အထိ ဖြစ်နိုင်သည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်းကို အများဆုံး ဖြစ်စေသည့် အကြောင်းရင်းတွင် သွေးတိုးရောဂါပါဝင်သည်။ ကူးစက် ရောဂါများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းများ၊ အကျိတ်အဖုများ သို့မဟုတ် သွေးကြောဖောင်းခြင်းမှ ပေါက်သွားခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ ဦးနှောက်တွင်း သွေးယိုစီးခြင်းသည် အသက် ၆၀ကျော်သူများတွင် ပို၍ အဖြစ်များသည်။
ပင့်ကူမြှေးအောက် သွေးယိုစီးခြင်း (Subarachnoid haemorrhage)
ပင့်ကူမြှေးဆိုသည်မှာ ဦးနှောက်ကို ဖုံးလွှမ်းထားသော ပင့်ကူမြှေးသဏ္ဍာန်ရှိ ဦးနှောက်အပိုင်းဖြစ်သည်။ ယင်းနေရာ တွင် သွေးယိုစီးမှု ဖြစ်ပေါ်လာပါက အပြင်းထန်ဆုံး လေဖြတ်ခြင်းမျိုး ဖြစ်လေ့ရှိသည်။ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ရာသက် ပန်မသန်မစွမ်းဖြစ်ပွားနိုင်သည်။ ဦးနှောက်ပေါ်ရှိ အထင်ကရသွေးကြောတစ်ကြောပေါက်သွားသည့်အခါ ယင်းဖြစ်ရပ် ဖြစ်လာ သည်။ သွေးယိုစီးမှု (သို့) သွန်မှုကြောင့် ဦးနှောက်တစ်ခုလုံးအပေါ် ကြီးမားသည့် ဖိအားသက်ရောက်သည်။ ထိခိုက်ပျက်စီးမှု မှာ ဦးနှောက်၏ ဘယ်အစိတ်အပိုင်းက ပုံမှန်မဟုတ်သည့် ဖိအားအောက်တွင် ရှိနေသည့်အပေါ် မူတည်သည်။

(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

ဝမ်းပျက် ဝမ်းလျှောနေစဉ်တွင် ငှက်ပျောသီး စားသုံးသင့်

Posted by မေမြို့သား on 12:24 PM in
ဝမ်းပျက်ဝမ်းလျှောနေသူများအနေဖြင့် ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် ဝမ်းလျှောနေစဉ်အတွင်းငှက်ပျောသီးစားပေးသင့်ကြောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူဆရာဝန်ကြီးတစ်ဦးထံမှ  သိရသည်။ “ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုက ပြန်ဖြည့်ဖို့ အကောင်းဆုံးကငှက်ပျောသီးပါပဲ။ ဘယ်လိုငှက်ပျောသီးအမျိုးအစားပဲဖြစ်ဖြစ် ဝမ်းလျှောနေစဉ်မှာစားပေးသင့်ပါတယ်” ဟုဆိုသည်။ ဒါ့အပြင် အများအားဖြင့် ဝမ်းလျှောပါကအချဉ်နှင့် မတည့်ဘူးထင်ကာအချဉ်ဓာတ်ပါသောအသီးအနှံများကိုစားသုံးခြင်းမှ ရှောင်ကျဉ်တတ်ကြကြောင်းလတ်ဆတ်သောအချဉ်ဓာတ်ပါ အသီးအနှံများကိုစားပေးသင့်ကြောင်းဆက်လက် ပြောကြားခဲ့သည်။ “ဝမ်းလျှောရင် လူ့ခန္ဓာကိုယ်မှာပိုတက်စီယမ်ဓာတ် ဆုံးရှုံးသွားတယ်။ ဒါကိုအကောင်းဆုံး ပြန်ဖြည့်နိုင်တာအချဉ်ဓာတ်ပါတဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးကိုစားပေးသင့်တယ်။ လိမ္မော်သီးကပိုတက်စီယမ်ဓာတ်ကိုအကောင်းဆုံး ပြန်ဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ အချဉ်ဓာတ်ပါတော့ လူတွေကဝမ်းထပ်လျှောမှာစိုးတော့ မစားကြဘူး။ လိမ္မော်သီးဆိုလဲလတ်ဆတ်တာမျိုးရွေးစားရမယ်။ ငှက်ပျောသီးများများစားပေးလဲရတယ်။ ဒါတွေကပိုတက်စီယမ်ဓါတ်ကိုအကောင်းဆုံး ပြန်ဖြည့်ပေးနိုင်ပါတယ်” ဟုပြောသည်။

ဝမ်းရောဂါမှာအမျိုးပေါင်းတစ်ရာကျော်ရှိပြီးဝမ်းပျက်၊ ဝမ်းလျှောပိုး၊ ရိုးရိုးဝမ်းရောဂါပိုး၊ အီကိုလှိုင်ခေါ်သောဝမ်းကိုက်ပိုး၊ ကော်ရော်လာခေါ်သောကာလဝမ်းရောဂါပိုးစသည်ဖြင့် ဘက်တီးရီးယားပိုးများစွာရှိကြောင်း ၎င်းဝမ်းရောဂါ အမျိုးပေါင်းများစွာထဲတွင် ကော်ရိုလာဟုခေါ်သောကာလဝမ်းရောဂါပိုးမှာကြောက်စရာအကောင်းဆုံးဖြစ်ကြောင်းဆက်လက် ပြောကြားသည်။ “ကော်ရိုလာလို့ခေါ်တဲ့ ကာလဝမ်းရောဂါကကြောက်စရာအကောင်းဆုံးပါပဲ။ လူကိုသေစေနိုင်ပါတယ်။ တခြားဝမ်းရောဂါပိုးတွေကတော့ လူကိုမသေနိုင်ပါဘူး။ ကာလဝမ်းရောဂါကဒီမှာဖြစ်တာနည်းပါတယ်။ ဒီမှာအဖြစ်များတာကဝမ်းပျက်၊ ဝမ်းလျှောနဲ့ ဝမ်းကိုက်တာများပါတယ်” ဟု ၎င်းဆရာဝန်ကြီးကဆက်လက် ရှင်းပြသည်။ ဝမ်းရောဂါ အများဆုံး ဖြစ်ပွားရခြင်းမှာမသန့်ရှင်းသောအစားအစာများစားသုံးခြင်းကြောင့် ဖြစ်ပြီးဝမ်းရောဂါ ဖြစ်ပွားခြင်းမှာအသက်အရွယ်မရွေး၊ ဥတုရာသီမရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် အစားအစာစားသုံးမှုနှင့် တကိုယ်ရေသန့်ရှင်းမှုအပေါ် လူတိုင်းသတိပြုသင့်ကြောင်း ၎င်းက ပြောကြားသည်။ “လက်ရှိမှာဝမ်းရောဂါဟာရာသီမရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါပါ။ အဓိကကတော့ လူတိုင်းအဖြစ်များလို့ ဝမ်းရောဂါကိုဂရုမစိုက်ဘဲဆေးမြီးတိုတွေနဲ့ ကုသတာမကောင်းပါဘူး။ တချို့ကဝမ်းပိတ်ဆေးသောက်လိုက်ရင် ဝမ်းရပ်သွားရင် ပြီးပြီလို့ ထင်ကြတယ်။ ဝမ်းပိတ်ဆေးဆိုတာမှာလဲပိုးကိုဘယ်လောက်အထိသောက်မှ အရှင်းပျောက်တာလဲဆိုတာရှိတယ်။ ခဏခဏ ပြန်ဖြစ်နေရင် မကောင်းတော့ဘူး။ ဒါဆိုရင် ဆေးပဲသောက်နေလို့ မရတော့ဘူးနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ရပါမယ်။ ဝမ်းရောဂါပိုးဆိုတာကအမျိုးပေါင်းတစ်ရာကျော် ရှိပါတယ်။ ရောဂါ တစ်မျိုးနဲ့တစ်မျိုးကုသမှု မတူတာတွေ ရှိပါတယ်။ ခဏခဏ ပြန်ဖြစ်တာပဲဖြစ်ဖြစ်၊ ရက်ရှည်ဝမ်းသွားတာပဲဖြစ်ဖြစ် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။


(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

မွေးကင်းစ ကလေးငယ်များကို ချီပွေ့ လှုပ်ရမ်းခြင်းမျိုး ဆင်ခြင် သတိပြုသင့်

Posted by မေမြို့သား on 12:22 PM in
မွေးပြီးခါစ ကလေးငယ် များ၏ ငိုယိုသံသည် မိခင်များ၏ စိတ်ရှည် သီးခံနိုင်မှုကို စမ်းသပ်ခြင်းပင် ဖြစ်သည်။  အိပ်ရေးပျက်၍ သည်းမခံ စိတ်မရှည်နိုင်သော မိခင်များသည် ကလေးအား ချီမ၍ ကိုင်လှုပ်တတ်ကြသည့် အဖြစ်မျိုး ဖြစ်ပွားတတ်ရာ ထိုသို့ မွေးပြီးစ ကလေးငယ်အား ကိုင်လှုပ်ခြင်းသည် ကလေးအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း၊ ထိုသို့ လှုပ်ခါ လိုက်ပါက နုနယ်သော ကလေးငယ်၏ လည်ပင်း ကြွက်သားများမှာ ခိုင်ခံ့မှု မရှိသေး၍ ၎င်းတို့၏ လှုပ်ယမ်းနေသော ခေါင်းကို ထိန်းနိုင်စွမ်း မရှိကြောင်း သိရသည်။ ခေါင်းသည် ဘယ်ညာ ယိမ်းခါပြီး အတွင်းမှ ဦးနှောက်သည် ဦးခေါင်းခွံ နံရံအား သွားရောက် ရိုက်ခတ်သကဲ့သို့ ဖြစ်ကာ ဦးနှောက်သွေးကြောများ ပေါက်ကွဲ၍ ကလေး၏ အသက်အန္တရာယ်ကို ထိခိုက်စေကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ် ဆေးရုံမှ ကလေးရောဂါ ပါရဂူ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ချောစုရဟ်က ရှင်းပြသွားသည်။ ဗြိတိန်နှင့် မြောက်အမေရိကတိုက်တွင် နှစ်စဉ် ကလေး တစ်သိန်းလျှင် ၁၁ ဦးမှ ၁၇ ဦးအထိ ထိုသို့ ဖြစ်လေ့ရှိကြောင်း သိရသည်။ ၂၀၀၈ ခုနှစ်က စင်ကာပူတွင် တစ်နှစ် ကလေး ၁၀ ဦး ဦးနှောက်သွေးကြော ပေါက်ခဲ့ကြရပြီး ယင်းတို့အထဲမှ သုံးဦး သေဆုံးခဲ့သည်။ ဤကလေးများမှာ နှစ်ရှည် ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက် ဖြစ်နေရကြောင်း လေ့လာ တွေ့ရှိရသည်။

ကလေးငယ် ငို၍ စိတ်မရှည်ပါက ကလေးငယ်အား ပုခက်အတွင်း ခဏ သိပ်ထားပြီး မိမိကိုယ်ကိုယ် စိတ်ပြန်လည် တည်ငြိမ်အောင် ခေတ္တ အနားယူသင့်ကြောင်း၊ နီးစပ်ရာ ဆွေမျိုး၊ မိတ်သင်္ဂဟ တစ်ဦးဦးနှင့် ခေတ္တ လွှဲထားသင့်ကြောင်း ဒေါက်တာချောက အကြံပြုထားသည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာက NUH ဆေးရုံသို့ ရောက်ရှိလာသော နှစ်လခွဲ အရွယ်ရှိ မိန်းကလေးမှာ သတိမေ့မြော၍ အသက်ကယ် အောက်ဆီဂျင် ပေးထားရပြီး အသက်ငါးလအရွယ်တွင် သေဆုံးသွားကြောင်း၊ ထိုကလေး၏ သေဆုံးရသည့် အဖြစ်မှန်ကို သေချာစွာ ပြောဆိုရန် ခက်ခဲကြောင်း သေမှုသေခင်း ဆရာဝန်က ဝန်ခံသည်။ ထိုမိန်းကလေးငယ်၏ မိခင်မှာ အသက် ၂၈ နှစ် ရှိပြီး ၎င်းတို့၏ ဒုတိယ ကလေးဖြစ်ကြောင်း ပထမ ယောက်ျားလေးမှာ အသက်သုံးလ အရွယ်တွင် ကလေးအား ချီထားစဉ် ၎င်း၏ နံဘေးမှ စက်ဘီးတစ်စီး အမြန် ဖြတ်သွား၍ လန့်ပြီး ကလေးအား မြေပြင်သို့ လွှတ်ချခဲ့ရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယခု မိန်းကလေးငယ်မှာ ဦးနှောက်တွင် ပြင်းထန်သော ဒဏ်ရာ ရရှိနေပြီး မျက်လုံး နှစ်ဖက်မှ သွေးများ ထွက်နေကြောင်း၊ အသံလည်း ပို၍ ကြီးနေပြီး နံရိုးများလည်း ကျိုးနေသည်ကို တွေ့ရကြောင်း သိရသည်။ မိခင်ဖြစ်သူအား စိတ်မှန်ကန်မှု ရှိ မရှိကိုလည်း စမ်းသပ်ရန် လိုအပ်ကြောင်း ဒေါက်တာ ကော့ဟ်က ပြောသည်။

(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

ဂေါက်ရောဂါ ဘယ်လိုကာကွယ်ကြမလဲ..

Posted by မေမြို့သား on 12:14 PM in

ဂေါက်ရောဂါ

Gout

     ဂေါက်ရောဂါ(၂)မျိုး ရှိသည်ဟု သတ်မှတ်လို့ရပါသည်။ တစ်မျိုးမှာ မြန်မာဗန်းစကား ဂေါက်ရောဂါ

(ဒီလူတော့ ဂေါက်နေပြီ) နှင့် နောက်တစ်မျိုးမှာ အင်္ဂလိပ်အသံထွက်အတိုင်းခေါ်သော ဂေါက်(Gout)
ရောဂါပေတည်း။ဂေါက်(Gout)ရောဂါသည် သွေးအတွင်း ယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်မြင့်
မားခြင်းကြောင့်ဖြစ်ပေါ်လာပေသည်။ သွေးအတွင်း(Uricase)အင်ဇိုင်းချို့ယွင်းမှုကြောင့် ယူရစ်အက်
စစ်ဇီဝကမ္မဖြစ်စဉ် (uric acid metabolism)ယိုယွင်းကာ ယူရစ်အက်စစ်မြင့်တက်နိုင်သလို ကျောက်
ကပ်လုပ်ငန်း ထိခိုက်သူများတွင်လည်း ယူရစ်အက်စစ်စွန့်ထုတ်မှုယိုယွင်းကာ သွေးအတွင်းယူရစ်
အက်စစ်မြင့်တက်နိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေမျိုးရှိနေသူများတွင် ယူရစ်အက်စစ်ထုတ်လုပ်မှု
များစေသောအစားအစာများ (high purine diet) စားသုံးခြင်း၊ အရက်/ဘီယာသောက်သုံးခြင်း၊
အခြားရောဂါကြောင့် ဆီးဆေးပုံမှန်သောက်နေရခြင်း၊ အဝလွန်ခြင်းစသည့်အခြေအနေများကြောင့်
ရောဂါလက္ခဏာ ရုတ်တရက်ပေါ်တတ်ပါသည်။ သွေးအတွင်းယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်
မြင့်မားခြင်းကြောင့် ပျော်ဝင်နိုင်မှုအဆင့်(Solubility Limit)ကျော်လွန်ကာ မိုနိုဆိုဒီယမ်ယူရိတ်အမှုန်
(Monosodium Urate Crystals)များဖြစ်ပေါ်၍ အဆစ်(joints)၊ ကျောက်ကပ်(kidney)၊ ပျော့
ပြောင်းတစ်ရှူး(soft tissue) တို့တွင် အနည်ကျခြင်းဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။

ရောဂါလက္ခဏာများမှာ
  • ရုတ်တရက် အဆစ်ရောင်နာကျင်ခြင်:
    • လူနာများ၏ ၅၀%ကျော်မှာ ခြေမအရင်းဆစ် ရောင်ရမ်းနာကျင်မှုဖြင့် လက္ခဏာ
      ပြတတ်ပါသည်။ နီရဲရောင်ရမ်းပြောင်တင်းပြီး ခြေအိတ်မဝတ်နိုင်၊ အထိမခံနိုင်လောက်အောင် နာကျင်တတ်ပါသည်။ ဖြစ်ပါများလာလျှင် အခြားအဆစ်များပါ ဆက်တိုက်ဆိုသလို ထိခိုက်လာနိုင်သည်။ အစဉ်အတိုင်းအားဖြင့် ခြေကျင်းဝတ်၊ ဒူး၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စသည့်အဆစ်များသို့ ပြန့်နှံ့ရောင်ရမ်းနာကျင်လာနိုင်သည်။
  • မကြာခဏ ခါးနှင့်ကျောအောင့်တတ်ခြင်း
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ ကျောက်ကပ်တွင်အနည်ကျခြင်းကြောင့် ကျောက်တည်နိုင်ခြင်း၊ ကျောက်ကပ်နာခြင်း (nephrolithiasis & renal colic) တို့ဖြစ်ပေါ်နိုင်ပါသည်။
  • တိုဖိုင်(tophi)ခေါ် ယူရိတ်အနည်မှုန်များ အရေပြားအောက်တွင်စုပုံအနည်ကျခြင်း၊
    • မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ အရေပြားအောက် ပျော့ပြောင်းတစ်ရှူး(soft tissue)တွင် စုပုံအနည်ကျခြင်းကြောင့် ပုံ(၃)ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်။


ရှောင်ကြဉ်ရန်များ
အရက် အထူးသဖြင့် ဘီယာနှင့်ဝိုင်တို့ကို ရှောင်ကြဉ်ရမည်။
  • သွေးတိုးရောဂါအတွက် သောက်နေရသော ဆီးဆေး(Diuretic)ကို အခြားဆေးဖြင့် ပြောင်းလဲအစားထိုးရန်၊
  • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများကို ရှောင်ကြဉ်ရန၊်
    • ပျူရင်း(purine)ကြွယ်ဝသောအစားအစာများမှာ နီရဲသောအသားများ၊ ကလီစာများ၊ ပင်လယ်စာများ၊ ပဲတောင့်၊ ပဲပင်ပေါက် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။
  • ကိုယ်အလေးချိန်လျှော့ချရန်နှင့် အဝမလွန်စေရန် ထိန်းသိမ်းရမည်။


0

ဂေါက်ရောဂါ ဆိုတာ ဘာလဲ .. ??

Posted by မေမြို့သား on 12:11 PM in
ဂေါက် သို့မဟုတ် ဒူလာရောဂါဆိုတာ ဘာလဲ
ဂေါက် သို့မဟုတ် ဒူလာရောဂါဆိုတာ အဆစ်အမြစ်ရောင်ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုအဖြစ်များပါတယ်။ ခန္ဓာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်း လာခြင်း၊ ရောင်ရမ်းလာခြင်းတွေနဲ့ အစပျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေ မယ့် လက်အပါအ၀င် တစ်ကိုယ်လုံးက အဆစ်တွေမှာလည်း ခံစားရနိုင်ပါတယ်။
ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဖောက်ပြန်လို့ ဖြစ်တဲ့ရောဂါ (Metabolic Disease)၊ ပျက်စီးချို့ ယွင်းသွား စေသောရောဂါ (Degenerative Disease) တစ်ခုဖြစ်လို့ မကုဘဲနေရင် ပိုပိုဆိုးလာတတ်တဲ့သဘာဝပဲရှိပါတယ်။ ကာလကြာ လာတာနဲ့အမျှ အဆစ်တွေ၊ အရွတ်တွေ၊ တစ်သျှူးတွေ ပျက်စီးလာမှာ အသေအချာပါပဲ။
အကြောင်းရင်းတွေက ဘာတွေလဲ
သွေးထဲမှာ ယူရစ်အက်ဆစ်ပမာဏမြင့်တက်လာလို့ ဖြစ်ရတာပါ။ တော်ရုံမြင့်ရုံနဲ့တော့ ဂေါက်မဖြစ်ပါဘူး။ အဆမတန် များလွန်းသို့သာ မာကျောလှတဲ့ ယူရစ်အက်ဆစ် ပုံဆောင်ခဲ (Uric Acid Crystals) တွေ ဖြစ်လာရတာပါ။ အ၀လွန်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ နေ့စဉ်ပုံမှန် အသားများများစားခြင်းတွေနဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ အသားစားကြူး တယ်ဆိုတာကို စားသမျှအစားရဲ့  ငါးပုံနှစ်ပုံဟာ အသားဖြစ်နေခြင်းလို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ အသားချင်းတူရင် တောင် Sea Food လို့ခေါ်တဲ့ ပင်လယ်စာအမျိုးမျိုးဟာ ဂေါက်ကို အထူးဖြစ်စေ၊ ထကြွစေတယ်ဆိုတာ လေ့လာတွေ့ရှိ အတည်ပြုပြီး ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိလို့ Thiazides အမျိုးအစား ဆီးချဆေးတွေ စွဲသောက်နေရသူများမှာလည်း ဖြစ် တတ်ပါတယ်။ (ဒါပေမယ့် ယနေ့မြန်မာဆေးလောကမှာ ဆီးဆေးပေးရင် Taiazides အမျိုးအစားတွေ ရှောင်ပေးတာ၊ အသုံး မပြုသလောက် နည်းသွားတာ တွေ့ရပါတယ်)
မျိုးရိုးလိုက်ခြင်းဟာလည်း အတော်အသင့်ဖြစ်စေတတ်တဲ့ အကြောင်းတရားတစ်ခုပါ။ လေ့လာစစ်တမ်းကောက်ယူမှု များအရ ဂေါက်ရောဂါရှိသူ အားလုံးရဲ့  ၁၈ရာခိုင်နှုန်းဟာ မိသားစုရောဂါရာဇ၀င်ရှိဖူးသူတွေ ဖြစ်ကြပါတယ်။ ခဲဆိပ်သင့်စေနိုင် တဲ့အလုပ် နေ့စဉ်လုပ်သူတွေ( ဥပမာ- စနစ်တကျ အကာအကွယ် ၀တ်ဆင်မထားတဲ့ ဘက်ထရီစက်ရုံလုပ်သားတွေ၊ ခဲပါဝင်မှု မြင့်မားတဲ့ ရေသောက်သုံးသူတွေ)ဟာ ဂေါက်ရောဂါဖြစ်ဖို့ အရမ်းနီးစပ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
ဂေါက် ခေါ် ဒူလာရောဂါရဲ့  အဖြစ်အများဆုံးနဲ့ အထင်ရှားဆုံး လက္ခဏာတစ်ခုကတော့ ခြေမအဆစ် နီရဲရောင်ရမ်းပြီး စူးရှစွာ နာကျင်လာခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့တာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းလိုက်တဲ့ ညဘက်မှာ ပိုဖြစ်လေ့ရှိပါ တယ်။ ခြေမအဆစ်က အများဆုံး စဖြစ်တယ်ဆိုပေမယ့် ခြေကျင်းဝတ်၊ ဒူးခေါင်းနေရာတွေမှာလည်း အထက်က ပြောခဲ့တဲ့ နာ ကျင်မှုမျိုး ခံစားရနိုင်ပါတယ်။
ဒီလိုနာကျင်မှုဟာ သုံးလေးရက်ကနေ တစ်ပတ်နှစ်ပတ်အထိ ကြာနေနိုင်ပြီး သူ့အလိုလို ပျောက်သွားကာ လနဲ့ချီပြီး ပြန်မဖြစ်ဘဲလည်း ဖြစ်နိုင်တဲ့အတွက် ဆေးခန်းသွားရမှာ ပျင်းသော အမျိုးသားများအနေနဲ့ ဒီရောဂါအပေါ်မှာ အထူးဂရုစိုက် မကုသမိတတ်ကြပါဘူး။ ဒီတော့ အထူးသတိပေးချင်တာဟာ အထက်က ပြောခဲ့တဲ့ နာကျင်မှုမျိုး သင်တစ်ကြိမ်စခံစားရပြီဆို တာနဲ့ ဆေးခန်းသွားပါ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီလိုမဟုတ်ရင် သင့်ရဲ့ ယူရစ်အက်ဆစ်မြင့်တက်လာမှုဟာ အချိန်နဲ့အမျှ ပိုမို လာမှာမို့ သင့်ရဲ့  ဂေါက်ရောဂါဟာ ဆက်လက်တိုးတက်ဖြစ်ပွားလာပြီး အဆစ်တွေ ပျက်စီးကုန်မှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ အလေးအနက်ထားပြီး ပြောချင်တာက အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ် ရဲ့  အဆစ်တစ်နေရာရာက ကိုက်ခဲရောင်ရမ်းလာရင် ဆရာဝန်နဲ့ သွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ ရောဂါအဆင့်ဆက်မတက်အောင် ထိန်းသိမ်းကုသသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ လေးဖက်နာအမျိုးမျိုးထဲက တစ်ခု ခုဖြစ်နိုင်တာမို့ပါ)
ဂေါက်ရောဂါဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲ
ဆရာဝန်က သင့်ရဲ့ နာကျင်မှုအနေအထားအကြောင်း အသေးစိတ်မေးပြီး လိုအပ်တဲ့စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ သွေးဖောက်ပြီး သွေးတွင်းယူရစ်အက်ဆစ်ပမာဏ တိုင်းတာပါလိမ့်မယ်။ လိုအပ်ရင် အဆစ်ထဲက ခြင်ဆီရည် (Synovial Fluid) ဖောက်ပြီး ယူရစ်အက်ဆစ်ပုံဆောင်ခဲလေးများ ရှိ၊ မရှိရှာရပါမယ်၊ ဓာတ်မှန်ရိုက်ရပါမယ်။
ဒါတွေလုပ်ပြီးရင် သင့်ရဲ့  ရောဂါအခြေအနေကို ဂဃနဏ သိရှိနိုင်ပါပြီ၊ ဂေါက်ရောဂါရှိနေတယ်ဆိုပြီး ဘာမှစိုးရိမ်ထိတ် လန့်သွားစရာ၊ စိတ်ဓာတ်ကျစရာလည်း မလိုပါဘူး။ အစားအသောက်ဆင်ခြင်ပြီးနေရင် ဘာမှမဖြစ်သလို ဘ၀တစ်လျှောက် လုံး နေထိုင်သွားနိုင်ပါလိမ့်မယ်။
ရှောင်ရမယ့် အစားအသောက်တွေကို အကြမ်းဖျင်းပြောရရင် ဥအနှစ်အမျိုးမျိုး၊ ငါးဥ၊ မျှစ်၊ မှို၊ တွင်းအောင်းသတ္တ၀ါ သား၊ ပင်လယ်စာနဲ့ အနီရောင်အသားများ၊ ကလီစာများ၊ ပေါင်မုန့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ခရမ်းသီး၊ အချိုမှုန့်နဲ့ ဘီယာတို့ ဖြစ် ပါတယ်။
ဘယ်လိုကုသမလဲ
လတ်တလော ထကြွနာကျင်နေတဲ့ ဂေါက်ရောဂါကို သက်သာအောင်တော့ ဆရာဝန်က သင့်ကို စတီးရွိုက်အပါအ၀င် ဆေးတွေ ပေးပါလိမ့်မယ်။ ဝေဒနာတွေ လျော့လာတာနဲ့အမျှ သောက်ရတဲ့ဆေးပမာဏလည်း လျော့ကျသွားပါတယ်။ နာကျင် ရောင်ရမ်းမှု အားလုံးဟာ ၂၄နာရီအတွင်း လျော့ပါးပျောက်ကင်းနိုင်ပါတယ်။
မြန်မြန်သက်သာချင်ရင်တော့ အဲဒီရောင်ရမ်းနာကျင်နေတဲ့အဆစ်ကို အနားယူပေးဖို့ လိုအပ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေးထဲမှာ အက်စပရင်(Aspirin) ကလွဲလို့ အဆင်ပြေရာ အကိုက်အခဲပျောက်ဆေးသောက်ထားလို့ ရပါတယ်။ အက် စပရင်က ယူရစ်အက်ဆစ်ကို တက်စေတာမို့ ရှောင်ကြဉ်ရပါမယ်။ ဒါပေမယ့် အက်စပရင်က ဒီနေ့ဒီအချိန်မှာ အကိုက်အခဲ ပျောက်ဆေးအနေနဲ့ ခေတ်မရှိတော့ပါဘူး။ (Aspilet ဆိုတဲ့ နာမည်နဲ့ သွေးခဲမပိတ်ဆေးအနေနဲ့ပဲ ရှိပါတော့တယ်။)
ဘယ်လိုကာကွယ်မလဲ
ယူရစ်အက်ဆစ်ပမာဏတက်ခြင်းကို ကာကွယ်ပေးဖို့ သင့်ရဲ့  ဆရာဝန်က သင့်ကို ဆေးတွေပေးပါလိမ့်မယ်။ ညွှန် ကြားတဲ့အတိုင်း အတိအကျသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဆေးတွေသောက်နေပေမယ့်လည်း သင်ဟာ ဆရာဝန် ပြောတဲ့အတိုင်း အစားအသောက် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ သင်ခိုင်းသမျှ တာဝန်ကျေခဲ့၊ တာဝန်ကျေနေဆဲ အဆစ်လေး တွေကို သနားပါ။ အ၀မလွန်အောင်လည်း ထိန်းသိမ်သင့်ပါတယ်။ အရက်၊ ဘီယာ အလွန်အကျွံသောက်ရင် သေချာပေါက် ဂေါက်ဖြစ်မှာမို့ ထိန်းသိမ်းဆင်ခြင်ပါ။ ကာကွယ်ချင်ရင် ပုံမှန်သောက်သူ အမျိုးသားများအနေနဲ့ တတ်နိုင်ရင် အသက် ၃၅နှစ် ကျော်တာနဲ့  သွေးတွင်းယူရစ်အက်ဆစ်ပမာဏတိုင်းတာကြည့်သင့်ပါတယ်။ အ၀မလွန်အောင်လည်း ထိန်းသိမ်ပါ။ သွေးတိုး ဖြစ်ရင် ဂေါက်လည်း လိုက်ဖြစ်လာတတ်တာမို့ သွေးတိုးရောဂါကိုပါ ကာကွယ်ပါ။
အရည်ရွှမ်းတဲ့ သီးနှံများဟာ (အထူးသဖြင့် စတော်ဘယ်ရီသီး၊ ချယ်ရီသီးများဟာ ဂေါက်ရောဂါကို မထကြွအောင် ထိန်းပေးနိုင်တဲ့ အာနိသင်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်) ဂေါက်ရောဂါကို တစ်ဖက်တစ်လမ်းက ထိရောက်စွာ ကာ ကွယ်ပေးနိုင်တာမို့ အထက်ကပြောခဲ့တဲ့ အစားအသောက်တွေ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပြီး ရေနဲ့ သဘာဝသစ်သီးဖျော် ရည်တွေ နေ့စဉ်များများသောက်ပေးပါ။ ဒါဆိုရောဂါရှိပြီးသားဆိုရင်လည်း ဂေါက်ရောဂါဟာ သင့်ဆီမှာ ပေါ်မနေတော့ဘဲ ပျောက်ကွယ်နေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနေနိုင်ပါလိ့မ်မယ်။ မရှိသေးတဲ့သူတွေလည်း ကာကွယ်ပြီးသား ဖြစ်သွားပါ မယ်။

(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

နှလုံးကျန်းမာရေးနှင့် ဗီတာမင်အီး

Posted by မေမြို့သား on 12:09 PM in
သဘာဝ ဗီတာမင်အီး ဖြည့်စွက် အားဆေးဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။  နှလုံးရောဂါကို ကာကွယ်ဖို့ သာမက ကင်ဆာရောဂါနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ တစ်နေ့မှာ သဘာဝ ဗီတာမင်အီး ၄၀၀ အိုင်ယူကို ၁၈ လကြာ သောက်သုံးရာ နှလုံးရောဂါ ထနိုင်ခြေကို ၇၇ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း လေ့လာမှု တစ်ခုအရ သိရပါတယ်။ ဗီတာမင်အီးဟာ အင်တီအောက်ဆီးဒင့် အဖြစ် အလုပ်လုပ်ရုံသာမက ရောင်ရမ်းမှုကိုလည်း လျော့ကျစေတာကြောင့် ခန္ဓာကိုယ် ကျန်းမာရေး အတွက် အကျိုးရှိပါတယ်။ နှလုံးရောဂါဟာ နှလုံးသွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ ရောင်ရမ်းမှုဆိုတာ ခန္ဓာကိုယ်ထဲကို ကူးစက်ပိုး ဝင်တဲ့အခါ ကိုယ်ခံစွမ်းအား စနစ်ရဲ့ တုံ့ပြန်တဲ့ ရလဒ် တစ်ခုပါပဲ။ ကူးစက်ပိုးတွေက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ထဲကို စုပုံ ရောက်ရှိလာရင် သွေးဖြူဆဲလ်တွေက တိုက်ခိုက်တာကြောင့် သွေးကြောတွေ ရောင်ရမ်းမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးကို မှီဝဲပေးတာကြောင့် ဖရီးရယ်ဒီကယ်တွေ ကင်းဝေးကာ ရောင်ရမ်းမှု သက်သာသွားမှာ ဖြစ်ပါတယ်။



(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

အရပ်ရှည်စေမည့် အစားအစာများ

Posted by မေမြို့သား on 12:07 PM in
အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။ အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။
ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရဓာတ်တွေကိုချည်း စားရမှာမဟုတ်ဘဲ တခြားဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင်ဓာတ်တွေအပါအဝင် မျှတတဲ့ အစာအာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည်စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။
ဗီတာမင် အေ
ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။
ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။
ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။
ပရိုတင်း
ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။
အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ်လိုအပ်ချက်ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။
ဗီတာမင် ဒီ
ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။
ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။
အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။
သတ္တုဓာတ်များ
လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြုရပါတယ်။
သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သားကျုံ့ခြင်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ်တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် အထူးအရေးကြီးပါတယ်။
ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။
ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။
မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။
အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိကအစာပါ။ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံ တွေမှာ သံဓာတ်ပါဝင်ပေမယ့် ပမာဏနည်းပါးပါတယ်။
ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။
Tips
အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျသဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။
(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)


0

ဦးနှောက် ကင်ဆာ မဖြစ်အောင် ..

Posted by မေမြို့သား on 12:05 PM in
တစ်နေ့လျှင် လက်ဖက်ရည် သို့မဟုတ် ကော်ဖီ အနည်းဆုံး ခွက်တစ် ဝက်လောက် သောက်လေ့ ရှိသောသူများတွင် လုံးဝ မသောက် သူများထက် ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေကို ၃၄ ရာခိုင်နှုန်းထိ လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် အာဟာရ ဂျာနယ်၏ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လေ့လာမှုတွင် ပါဝင်သော သိပ္ပံပညာ ရှင်များ၏ ပြောကြားချက်အရ လက်ဖက် ရည်နှင့် ကော်ဖီထဲတွင် ပါဝင်သော အင်တီ အောက်စီးဒင့်များ သည် ဦးနှောက် အတွင်းရှိ ကလာပ်စည်း များအား ကင်ဆာ အဖြစ်သို့ ပြောင်းလဲ မသွားစေရန် ကာကွယ် ပေးနိုင်ကြောင်း သိရပါတယ်။








(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)


0

သင့်ကလေး ဥာဏ်ကောင်းချင်ရင်..

Posted by မေမြို့သား on 8:58 AM in
သင့်ကလေးကို ဉာဏ်ရည်ထက်မြက် စေချင်ရင် ကိုယ်ဝန်ဆောင်ချိန်ကတည်းက မိခင်အနေနဲ့ ဂရုစိုက်လုပ်ဆောင်သင့်တဲ့ အချက်တွေ ရှိပါတယ်။
ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ကို မျိုးရိုးဗီဇက အဓိကလွှမ်းမိုးတယ်ဆိုပေမယ့် အဲဒီမျိုးဗီဇကို သန္ဓေသားဘဝနဲ့ လသား ကလေးအရွယ်မှာ မှန်မှန်ကန်ကန် အစီအစဉ် ချနိုင်ဖို့ အတွက် ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ရှိပါတယ်။
အိုမီဂါသရီးဓာတ်ရယူပါ
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး ဖြစ်စေဖို့အတွက် တစ်ပတ်မှာ ဆော်လမွန်၊ ဆာဒင်း၊ မက်ကာရယ်စတဲ့ ငါးတွေကို တစ်ပတ်မှာ အနည်းဆုံး ၁၂ အောင်စ စားပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုထား ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ သန္ဓေသားဆီကို သွေးစီးဆင်းမှု ကောင်းစေတဲ့အတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပိုပြီး ထိထိရောက်ရောက် ရရှိစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးက သင်နဲ့သင့်တော်သလဲဆိုတာ ဆရာဝန်ကို မေးပါ။ လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကောင်းမွန်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းကို စစ်ဆေးပါ
လေ့လာမှုတစ်ခုက သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု လျော့နည်းနေတဲ့ မိခင်တွေမှ မွေးဖွားလာတဲ့ ကလေးတွေမှာ ဉာဏ်ရည်အဆင့်နိမ့်ကျတာကို တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက သန္ဓေသားရဲ့ ဦးနှောက်မှန်မှန်ကန်ကန် ဖွံ့ဖြိုးဖို့ အတွက် ကိုယ်ဝန် အစောပိုင်းကာလကတည်းက မိခင်ထံမှ သိုင်းရွိုက်ဟော်မုန်းကို လုံလုံလောက်လောက် ရရှိဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။
အိမ်ထောင်ရေး သာယာပါစေ
ကိုယ်ဝန်ဆောင်စဉ်မှာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ရင် ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးမှုဖြစ်ပြီး ကလေးရဲ့ ဉာဏ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဖိစီးမှု ဟော်မုန်း ကော်တီဇောများလွန်းရင် အချင်းကို ဖြတ်ပြီး ကလေးဆီကိုရောက်ရှိနိုင်တာကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည် ကြပါတယ်။ ဒါကြောင့် ဖခင်တွေအနေနဲ့လည်း ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်မှုအတွက် တာဝန်ရှိပါတယ်။
မိခင်နို့ကို တတ်နိုင်သမျှ အချိန်ကြာကြာ တိုက်ပါ
ဟားဗက်တက္ကသိုလ်မှ လေ့လာမှုတစ်ခုမှာ ၁၀ လ ထက်ပိုကြာအောင် မိခင်နို့စို့ရတဲ့ ကလေးတွေဟာ အသက် ၁၈ လအရွယ်မှာ ဖွံ့ဖြိုးမှုရမှတ် ပိုများတာကို တွေ့ရှိရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ငါး စားသင့်သလား၊ မစားသင့်ဘူးလား
ငါးမှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ အိုမီဂါ သရီးအဆီဓာတ် ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ငါးပိုစားသင့်သလား။ ဒါမှမဟုတ် ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းနေတဲ့ ပင်လယ်မှရရှိတဲ့ ငါးတွေမှာ ပြဒါးပါဝင်နိုင်တဲ့အတွက် ကလေးရဲ့ ဦးနှောက်ကို အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ငါးစားသုံးမှုကို လျှော့ချသင့်သလား ဆိုတာဟာ စဉ်းစားတွေဝေစရာ ဖြစ်နေပါတယ်။
ဒီပြဿနာအတွက် ငါးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ခွင်လျှာညှိတဲ့အခါ သုတေသနတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ငါးရဲ့ အကျိုးကျေးဇူးက အန္တရာယ် အကြောင်းအချက်ထက် ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသန အသစ်တစ်ခုက တစ်ပတ်မှာ ငါး သုံးကြိမ်ထက် ပိုစားတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာတဲ့ ကလေးတွေဟာ တစ်ပတ်မှာ ငါး တစ်ကြိမ်ထက် လျော့နည်းပြီး စားတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ မွေးလာတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင် အသက် ၁၈လ အရွယ်မှာ ဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်တွေပိုကောင်းနိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါပေမဲ့ ပြဒါးပါဝင်မှု များနိုင်တဲ့ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာနဲ့ ငါးမန်းတွေကို မစားဘဲ ဆော်လမွန်၊ ဟာရင်းနဲ့ မက်ကာရယ်ငါးတွေကိုသာ စားပါ။

(ကျတော် အွန်လိုင်းမှာ ဖတ်မိသမျှကို မျှဝေခြင်းသာဖြစ်ပါသည်)

0

ကြွက်နို့ပေါက်လျှင်

Posted by မေမြို့သား on 8:55 AM in
ကြွက်နို့ပေါက်တာကို ဖယ်ရှားဖို့ အမျိုးမျိုးကြိုးစားပေမယ့် မသက်သာဘူးဆိုရင် သံပရာရည် ဒါမှမဟုတ် ရှောက်ရည်ကို အသုံးပြုလိုက်ပါ။
ကြွက်နို့ပေါ်မှာ သံပရာရည် တစ်စက် ဒါမှမဟုတ် ရှောက်ရည်တစ်စက်ကို ဂွမ်းစနဲ့ တို့သုတ် ပေးပါ။
သံပရာရည် ဒါမှမဟုတ် ရှောက်ရည်ထဲက အက်စစ်ဓာတ်ဟာ ကြွက်နို့ထဲကို ပျော်ဝင် ရောက်ရှိတဲ့အထိတိုင်အောင် ရက်ကြာကြာပြုလုပ်ပေးပါ။
ကြွက်နို့သက်သာ လျော့ပါး သွားလိမ့်မယ်။

(ကျတော် အွန်လိုင်းမှာ ဖတ်မိသမျှကို မျှဝေခြင်းသာဖြစ်ပါသည်)

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.