Showing posts with label နင့် အတွက်. Show all posts
Showing posts with label နင့် အတွက်. Show all posts
0

မျှော်လင့်ခြင်း

Posted by မေမြို့သား on 7:57 AM in
သင်ဘယ်လောက်ပဲခေါ်နေနေ
သင့်ခေါ်သံကိုမကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ..
သင်ဘယ်လောက်ပဲလက်ကမ်းနေနေ
သင်လက်ကိုမတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ..
သင်ဘယ်လောက်ပဲစောင့်စားနေနေ
သင်ရှိရာကိုမလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို ကျောခိုင်းနေဦးမှာပဲမဟုတ်လား...


ဘယ်တော့မှမမေ့ပါနဲ့ ...
သင့်ကိုတကယ်ချစ်နိုင်သူဟာ
သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာမဟုတ်သလို အကြောင်းကြောင်းကြောင့်လွှတ်ချခဲ့ရတယ်ဆိုရင်လဲ သင့်လက်ကိုနောက်တကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့  ဘယ်သောအခါမှ ၀န်လေးနေမှာမဟုတ်ဘူးဆိုတာကိုပေါ့....

0

နင့်ကိုချစ်လို့ . .

Posted by မေမြို့သား on 4:26 AM in ,
ပြောပြီသားစကားတွေကို မေ့ပြစ်ချင်မေ့ပြစ်လို့ရမယ်
ရှိပြီသား အမှတ်တရတွေကတော့ အမှတ်တမဲ့ သတိရတတ်နေဆဲပဲ..........


ရှိခဲ့တဲ့အမှတ်တရ ဓာတ်ပုံတွေ ဖျက်ပြစ်လို့ရပေမယ့်
သူပုံရိပ်က ရင်ထဲမှာ စွဲထင်နေဆဲပဲ.........


တခါတလေ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုလွဲလို့ စိတ်ဆိုးကြတိုင်း
နင်ရယ်ငါရယ် အရင်က ချစ်ခဲ့ကြတဲ့ အချိန်ကို ပြန်စဉ်စားရင် ငါစိတ်ဆိုးပြေပြီ
စချော့ရတာလဲ နင့်ကိုသိပ်ချစ်လို့ပါဘဲချစ်သူ.........



0

မျှော်လင့်ခြင်း

Posted by မေမြို့သား on 4:10 AM in ,

ငါ့ရှေ့မှာ တခြားသူတစ်ယောက်လက်ကိုတွဲလို့
ရပ်နေတဲ့ နင့်နာမည်လေး တီးတိုးရွတ်ဆိုမိတယ် …

လွမ်းတယ်ချစ်သူရယ်
နင်မရှိတဲ့နောက် နင်ကိုစိတ်ကောက်ခဲ့တာလေးတွေကိုပေါ့

သတိရတယ် ချစ်သူရယ်
နင်ထားခဲ့တဲ့နောက် ချိန်းထားတိုင်း နောက်ကျမှ ရောက်တတ်တဲ့
နင့်ရဲ့စရိုက်ကလေးကိုပေါ့

တမ်းတမိတယ် ချစ်သူရယ်
နင်နဲ့ဝေးတဲ့နောက် ခြေရာဖျောက်ပြီး လျှောက်လည်တတ်တဲ့ နင့်အကျင့်ဆိုးလေးတွေကိုပေါ့

ပြန်လိုချင်မိတယ် ချစ်သူရယ်
နင်နဲ့ မတွေ့ဖြစ်တော့တဲ့နောက် ဖုန်းမကိုင်တတ်တဲ့ နင့်ဖုန်းကို ခေါ်ရတဲ့ အလုပ်ကလေးကိုပေါ့


နောင်တမရတတ်တဲ့ နှလုံးသားနဲ့
ငါရူးမတတ်ချစ်ခဲ့ဖူးတာတောင် အတိတ်တဲ့လား

ဘာလိုလိုနဲ့ ငါတို့ဝေးခဲ့တာ …. နင်တောင် ငါ့ကိုမမှတ်မိတော့ဘူးပဲ


0

အချစ်တစ်ခုရဲ့ ကောက်ကြောင်း . . .

Posted by မေမြို့သား on 2:52 AM in
အချစ်ဆိုတဲ့.
အရာတစ်ခု..
ကိုးကွယ် ဖို့ .. ငါနှလုံးသားက
တောင်းဆို ခဲ့တယ်..
တကယ်တော့... အချစ်.မှာ..
ဘုရားသခင် မရှိဘူးဆိုတာကို..ငါမသိလိုက်ပဲကိုး

ချစ်သူဆိုတဲ့..
ဆန့် ကျင်ဖက်.အရာတစ်ခု..
ရစ်ပတ်နှောင်ဖွဲ့  ဖို့  ငါ့ နှလုံးသားက
တောင်းဆိုခဲ့ပြန်တယ်
တကယ်တော့.. သံယောဇဉ်ဆိုတာ..
ငါ့လည်းပင်မှာ စွတ်မယ့် ကြိုးကွင်းဆိုတာ..ငါမသိလိုက်ပဲကိုး

အလွမ်းဆိုတဲ့..
လူတွေ ပြောပြောနေကျတယ့်.
ခံစားချက်တစ်ခု
ရယူခံစားဖို့  ငါ့နှလုံးသားက
တောင်းဆိုလို့ လက်ခံပေးရပြန်တယ်
အော်...
တကယ်တော့...အလွမ်းဆိုတာ..
နွေရာသီမှာ..ဖိနပ်နဲ့ ရေဘူးမပါဘဲ..ခရီးသွားနေရသလိုဆိုတာ
ငါမသိလိုက်မိဘူး..ကိုး

နောက်ဆုံးတော့
ချစ်တတ်သူတွေ..မုန်းသွားတဲ့အချိန်မှာ.
ပြောကျတဲ့စကားကို.ပဲငါ..ယုံကြည်ကိုးကွယ်လိုက်တယ်..
အတဲ့သူတွေ ချစ်လို့ အချစ်လို့ ခေါ်တယ်ဆိုတာပေါ့...

0

မျှော်လင့်ချက်မဲ့သော ကျတော့်အချစ် .

Posted by မေမြို့သား on 2:35 AM in

မင်း လိုအပ်တဲ့ အချိန်
ငါ့ ဘဝ ကို လိုသလို သုံးလို့
မလို အပ်တော့တဲ့ အခါ
စက္ကူစုပ်လို ချောင်မှာ ထိုးချင်လည်း ထိုး
မင်း ဆိုးချင် သလို ဆိုးပါ။
ငါ ရိုးသားစွာနဲ့ ဆက်ချစ်နေပါ့မယ်…ကောင်မလေး။


0

သူမ . . . သို့ ပေးစာ . .

Posted by မေမြို့သား on 2:28 AM in

သူမသည် …. အရောင်ရှိသည် … သို့ သော် အရောင်မပြောင်းတတ် …
သူမတွင် …. ၀င်းလဲ့သော … မျက်ဝန်းတစ်စုံရှိသည် .. သို့ သော် အတုမဟုတ် …
သူမတွင် …. ချိုမြသော … နှုတ်ခမ်းတစ်စုံရှိသည် … သို့ သော် ပြုံးမနေတတ်ခဲ့ …

သူမတွင် .. ဒဏ်ရာတစ်ချို့ ရှိသည် …
သူမတွင် … သံသယတစ်ချို့ ရှိသည် ….
သူမတွင် ….. ပျက်စီးခဲ့သော အိပ်မက်တစ်ချို့ ရှိသည် ……..

သူမ၏ အရောင်မပြောင်းမှုကို ကျွန်တော်ပိုင်ဆိုင်သည် …
သူမ၏ မျက်ဝန်းတစ်စုံကို ကျွန်တော်မြတ်နိုးသည် ….
သူမ၏ အပြုံးတစ်ပွင့်ကို ကျွန်တော်မြင်ခွင့်ရခဲ့သည် …..

သူမ၏ ဒဏ်ရာတစ်ချို့ အတွက် .. ကျွန်တော် … နားလည်ပေးမည် …
သူမ၏ သံသယတစ်ချို့ အတွက် … ကျွန်တော် … အလင်းပြပေးမည် …
သူမ၏ ပျက်စီးနေသောအိပ်မက်တွေကို … ကျွန်တော် တစ်စစီကောက်ပီး …. အတူတူတည်ဆောက်ကြမည် …..

မည်သို့ ပင်ဖြစ်စေ …. အရာရာကို အတူတူပုံဖော်ခွင့်ပေးခဲ့သော သူမကို ကျွန်တော်မြတ်နိုးသည် ..
ဘယ်လိုအကြောင်းဖြင့်ပင်ဖြစ်ပါစေ … သူမကို ကျွန်တော်ချစ်သည် …..


0

နင် သိပါစေ . .

Posted by မေမြို့သား on 2:24 AM in
သ၀န်တိုပြီး လျောက်စွပ်စွဲတဲ့အခါ....
နင်စိတ်မညစ်ပါနဲ့....။
အဲ့ဒါ နင့်ကို ဆုံးရူံးသွားမှာ ငါကြောက်နေလို့ပါ။


စိတ်ဆိုးစိတ်ကောက်မိတဲ့အခါ...
နင် စိတ်မဆင်းရဲပါနဲ့..။
ငါဟာ နင့်အတွက် ဘယ်လောက်အရေးပါလဲသိချင်လို့ပါ။


ဂျီးကျဆိုးနွဲ့မိတဲ့ အခါ...
နင် စိတ်အနှောက်ယှက်မဖြစ်ပါနဲ့....။
ငါ့အပေါ် နင် ဘယ်လောက် စိတ်ရှည်သီးခံနိုင်လဲဆိုတာသိချင်လို့ပါ။


ဒီလို တိုက်ခိုက်ဆန့်ကျင့်မူတွေကို...
စိတ်ပျက်ပျက်နဲ့ ငါ ရပ်တန့်ပြစ်လိုက်တဲ့အခါမှ...
နင် စိုးရိမ်ပေးပါ....။

နင့်ကို အရမ်းချစ်တဲ့ လူတစ်ယောက် ဥပက္ခာပြုတက်နေပြီလေ...။



မင်းအလင်္ကာ
Photo - Original Creator

0

အချိန်တိုင်းး

Posted by မေမြို့သား on 2:37 PM in

ကြယ်တွေကိုရေတွက်ရင်း
မိုးသောက်တဲ့အထိ နင့်အကြောင်းတွေ
အတွေးထဲရောက်နေခဲ့တာ
မိုးစင်စင်လင်းမှ
နင့်အကြောင်းတွေထည့်အိပ်မက်ရင်း
ညနေဆည်းဆာမှပဲ
နင့်ကိုတွေ့ချင်တဲ့စိတ်နဲ့
ငါနိုးထတော့မယ် ………. ချစ်သူ။


0

ထာ ၀ ရ . .

Posted by မေမြို့သား on 2:35 PM in

မေ့သင့်ပြီဆိုတာသိတယ်
ဒါပေမယ့်–သတိရနေမိသေးတယ်
အစားထိုးဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး
သူများတွေမင်းအကြောင်းပြောတဲ့အခါ
ငါ့အတွက်ဘာမှအရေးမကြီးသလို
လှောင်ပြောင်ရယ်မောခဲ့တယ်
ငါမင်းကိုမျှော်လင့်နေသေးတယ်ဆိုတာ
မသိစေချင်လို့ပါ
မင်းအကြောင်းတွေကြားရရင် ပျော်နေသူကငါပါ
ဘာကြောင့်လဲဆိုတော့ ငါရင်ထဲမှာ
မင်းရှိနေသေးလို့ပါ………

0

ကျေ နပ် ရင်းး

Posted by မေမြို့သား on 2:35 PM in

အရုဏ်မှာ နိုးထတယ်၊ ညမှာအိပ်စက်တယ်။
မျှော်လင့်ချက် ခွန်အား၊ တစုံတယောက် ငါ့အနားမှာရှိတယ်၊
ကျေနပ်တယ်။

ဆုံတွေ့ခဲ့တယ်၊ တွယ်တာမိတယ်။
ပျော်ရွင်ခဲ့တယ်၊ စိတ်ချမ်းသာရတယ်၊
ကျေနပ်တယ်။

ဆုံးရှုံးရတယ်၊ ကြေကွဲခဲတယ်။
ရင်နာရတယ်၊ မေ့ထားရတယ်၊
ဒါပေမဲ့ ကျေနပ်တယ်။

ဒိအတွက် ငါလုပ်ခဲ့တာ
အရာအားလုံးကို လက်ခံပေးလိုက်တာ တခုထဲပါ။



0

နင့် အတွက် . .

Posted by မေမြို့သား on 2:32 PM in

မာကျောအေးစက်နေတဲ့ ငါ့နှလုံးသား
နင်နဲ့တွေ့မှ နွေးထွေးမှုကို သိတတ်လာခဲ့တယ်
ကယောင်ခြောက်ခြားအတွေးတွေနဲ့ နေ့ရက်တိုင်းကို
ကုန်ဆုံးတတ်တဲ့ငါ ..
နင်နဲ့တွေ့မှ ငါ့နေ့ရက်တွေ
အဓိပ္ပါယ် ပြည့်ဝလာတယ်
အတ္တတွေနဲ့ ပူလောင်နေတဲ့ ငါ့ဘဝ
နင်နဲ့တွေ့မှ ငြိမ်းချမ်းလာတယ်..
သံစဉ်တွေကို မခံစားတတ်တဲ့ငါ
နင်နဲ့တွေ့မှ ရစ်သမ်တွေထဲ မျှောလွှင့်တတ်လာတယ်
ကဗျာတွေကို မရေးတတ်တဲ့ငါ
နင်နဲ့တွေ့မှ နှလုံးသားထဲက ကဗျာစာသားတွေ
ပေါက်ကွဲထွက်လာတယ်…
ခုတော့…..
နင်ထားခဲ့တဲ့ငါ …
နှလုံးသားအသေကြီးနဲ့
ငါ့ကဗျာတွေလည်း မျက်ရည်ရွဲ
ငိုကြွေးခြင်းသံစဉ်တွေပဲ ပေါက်ကွဲထွက်လို့….

0

ဟိုအရင်ကလို

Posted by မေမြို့သား on 2:31 PM in

ဟိုအရင်ကလို
ငါ့ကို ဂရုစိုက်မယ့်သူ နင်မရှိတော့
ရင်မချိအောင် နာပေမယ့်
မုသားတွေရဲ့ ချုပ်နှောင်မှုအဝေးမှာ
ငါရောက်နေပြီဆိုတာကိုတွေး…..
ခပ်ပြုံးပြုံးလေးပဲ နေပါ့မယ်….။

ဟိုအရင်ကလို
ကြင်ကြင်နာနာချစ်ပေးမယ့် နင်နဲ့ခွဲခွာခဲ့ရတော့
ငါ့ ခံစားမှုတချို့ လစ်ဟာနေပေမယ့်
သစ္စာမသိတတ်သူကို
စွန့်လွတ်လိုက်ရပြီဆိုတာကိုတွေး
လက်ရှိဘ၀မှာ အေးအေးဆေးဆေးလေးပဲ ငါ နေထိုင်ပါ့မယ်….။

ဟိုအရင်ကလို
အိပ်မက်တွေကို နွေးထွေး မျှော်လင့်ချက်တွေ ခပ်ရေးရေးဖြစ်စေခဲ့တဲ့
နင်နဲ့ ထပ်မဆုံဖြစ်ကြတော့
ငါ့ရင်ခုန်သံတွေ ပေါ့ပျက်ပျက်နိုင်ပေမယ့်
ဆင်ခြင်တွေနဲ့သာ အပြစ်အနာအဆာတွေ အမြဲဖာထေးတတ်တဲ့နင့်ကို
နှုတ်ဆက်လိုက်ရပြီလို့တွေး
အနာဂတ်တို့ ကြည်လင်စွာနဲ့ ငါ ဆက်ရှင်သန်ပါ့မယ်…။

ဟိုအရင်ကလို
ကြည်နှုးစရာတွေဆက်သ
ငါ့ခွင့်လွတ်မှုတွေအတွက် အမှတ်တရတွေ ပေးအပ်ခဲ့တဲ့
နင်နဲ့ လမ်းခွဲတစ်ခု သတ်မှတ်လိုက်တဲ့အခါ
ငါ့အခိုက်အတန့်တွေ အသက်မဲ့ခဲ့ပေမယ့်
ငါ့ကို အရူးတစ်ယောက်လို သဘောထားခဲ့တဲ့နင့်ကို
စိတ်နာသင့်ပြီလို့တွေး
ငါ့ကမ္ဘာအား နင်မပါဝင်စေဘဲ…..ဆက်လက် တည်ဆောက်ပါ့မယ်…..။

0

ငါ သိပ်ချစ်ပါတယ်

Posted by မေမြို့သား on 2:29 PM in

ငါ သိပ်ချစ်ပါတယ်
ချစ်နေဆဲဖြစ်တဲ့ နင့်နှလုံးသားရယ်
ချိုသာနေဆဲဖြစ်တဲ့ နင့်စကားသံတွေရယ်
နွေးထွေးနေဆဲဖြစ်တဲ့ နင့်အကြင်နာတွေရယ်……။

ငါ သိပ်ချစ်ပါတယ်
ရှည်ကြာနေဆဲဖြစ်တဲ့ နင့်သံယောဇဉ်တွေရယ်
ခိုင်မာနေဆဲဖြစ်တဲ့ သစ္စာတ၇ားတွေရယ်
ပီပြင်နေဆဲဖြစ်တဲ့ နင့်အလေးထားခြင်းတွေရယ်……။

ငါ သိပ်ချစ်ပါတယ်
တည်ငြိမ်နေဆဲဖြစ်တဲ့ နင့်ကတိတွေရယ်…..
အသက်ဝင်နေဆဲဖြစ်တဲ့  ဂရုစိုက်မှုတွေရယ်
ငါစွဲလန်းနေတတ်တဲ့ နင့်အပြုံးတွေရယ်……။

ငါ သိပ်ချစ်ပါတယ်
ရှင်သန်နေဆဲဖြစ်တဲ့ မျှော်လင့်ခြင်းတွေရယ်
တည်ဆောက်နေဆဲဖြစ်တဲ့ အိပ်မက်တွေရယ်
နောက်ထပ် အလိုမရှိတော့လောက်အောင်
ပြည့်စုံစေတတ်တဲ့ ချစ်ခြင်းတွေရယ်……။

ငါ သိပ်ချစ်ပါတယ်
နင်ဖန်တီးပေးခဲ့သော အမှတ်တရတွေရယ်
နင်နဲ့ သက်ဆိုင်သော ရင်ခုန်ခြင်းတွေရယ်
နင့်ကို သတ်မှတ် ရည်ရွယ်ထားသော ငါ့စိတ်ကူးတွေရယ်…..
……..အရာရာတိုင်းကို …….ငါ သိပ်ချစ်ပါတယ်…..။

0

ကွက်လပ်များစွာ ဖြင့် . .

Posted by မေမြို့သား on 2:28 PM in

သူ့ အနားမှာနေရင်း
သူ့ ရဲ့ ဖြူစင်တဲ့ အပြုံးများနဲ့ 
ကျွန်တော့် နှလုံးသား
ရိုးသားချင်တယ်…

လက်သင့်ခံခြင်းဆိုတာ
သူ့ တဦးထဲ အတွက်
ကျွှန်တော့်ရဲ့ အပြာရောင် ပန်းကလေးပါ…

သူ အနားမှာရှိရှိ မရှိရှိ
လတ်ဆက်နေဆဲဖြစ်တဲ့ အိမ့်မက်တွေနဲ့ 
ကျွန်တော် အမြဲသာယာခဲ့တယ်..

ဝေး…နေခဲ့လဲ…
မတွေ့ ရတာအတော်ကြာခဲ့လဲ…
ဒီအိမ်မက်လေးတွေကို
ကျွန်တော့် အချစ်တွေနဲ့ ရေလောင်းပေးနေမယ်…

ကွက်လပ် အစစ်များစွာနဲ့ ပေါ့….


0

ငါ့ ရဲ့ ကောင်း ကင် ..

Posted by မေမြို့သား on 5:26 AM in

အချစ်ဆိုတာ
ဆုံတွေ့ခွင့်ရှိမှ
ရှင်သန်နေမှာမဟုတ်ပါဘူး
ငါ့ရင်ထဲမှာ မင်းကို
အမြဲတမ်းတ အမှတ်ရနေမယ်
မင်းရင်ထဲမှာလဲ ငါ့ကို
အမြဲတမ်းတ
အမှတ်ရနေမယ် ဆိုရင်
ဘယ်လောက်ဝေးဝေး
ရှင်သန်နေမှာပါ .. ။


0

နင်.အနားမှာအမြဲရှိချင်တယ်

Posted by မေမြို့သား on 5:22 AM in
တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ
ရင်ထဲမှာ ရှိနေတာ….
အိပ်မရတဲ့ ညတွေမှာတမ်းတမ်းတတနဲ့
ရင်ထဲမှာ ရှိနေတာ….
အတိတ်ကိုပြန်တွေးမိတိုင်း မွန်းကြပ်မှုတွေနဲ့
ရင်ထဲမှာ ရှိနေတာ….
အမှတ်တရတွေ တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ….
ပျော်ရွှင်မြူးနေတဲ့ ချစ်သူတွေကို တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ…
အနာဂတ် ကို တွေးမိတိုင်း
ရင်ထဲမှာ ရှိနေတာ….



0

အပြောင်းအလဲ – မောင်စိန်ဝင်း ( ပုတီးကုန်း )

Posted by မေမြို့သား on 7:25 PM in

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်ြးွေကမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။

ဪသာ် နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ။

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ၊
ဘဝဆိုတာ ဒါပဲ ခင်။

မောင်စိန်ဝင်း ( ပုတီးကုန်း )

0

တစ်ခါတုန်းက နေရာဟောင်း – မောင်စိန်ဝင်း(ပုတီးကုန်း)

Posted by မေမြို့သား on 7:23 PM in

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်၊
အပေါ်မျက်နှာ၊ ဆီငွေ့ဖြာတင်း၊
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်၊
နေ့ရက်များစွာ၊ အနာဂတ်လေ၊
မရေရာလည်း၊ ဝမ်းမနည်းသေး၊
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ၊
ကာလလေးတွေ။

အင်းလျားရတနာ၊ မာလာသီရိ၊
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်၊
စိတ်စက်မငြိမ်၊ ပါလာချိန်တို့၊
ညှို့ယူဖမ်းစား၊ ညနေများစွာ၊
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ၊
မြို့မတေးသွား၊ စည်းဝါးသံစဉ်၊
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်၊
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်၊
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်၊
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ၊
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား၊
ညများအသင်္ချေ။

ကျန်ခဲ့ပြီလေ၊
ဖိတ်စင်ကြေမွ၊ ပြန်မရတော့၊
ညများနေ့များ၊ စားဝတ်နေမှု၊
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို၊
တစ်ခါရောက်တယ် သူငယ်ချင်း …။

မောင်စိန်ဝင်း(ပုတီးကုန်း)

0

တစ်နေ့နေ့ တော့ ..

Posted by မေမြို့သား on 7:19 PM in

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေကြားမှာ

သူ့လက်ကလေးကိုင် အတူမထိုင်ခဲ့ဖူးပါဘူး

သူ့ပါးပြင်ထက်အနမ်းစက်လဲမခြွှေခဲ့ဖူးပါဘူး

သူ့ပခုံးလေးဖက် ဘုရားပေါ်လဲ အတူ
မတက်ခဲ့ဖူးပါဘူး

ဒါပေမယ့်လဲ……
ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေအောက်မှာ

ရယူခြင်း ပိုင်ဆိုင်ခြင်းကင်းမဲ့စွာ ချစ်ရင်းနဲ့
တနေ့နေ့တော့…..
သူ့လက်လေးတွဲ ဘ၀ဆိုတဲ့ လမ်းထဲ
အတူ လျှောက်လှမ်းချင်မိပါရဲ့……

0

အလွမ်း

Posted by မေမြို့သား on 7:18 PM in

ချစ်ခြင်းနဲ့ဝယ်မှရတဲ့အရာ. .
 ဒါမှမဟုတ်
 ချစ်သူနဲ့အလဲအလှယ်လုပ်မှ
 ရနိုင်တဲ့အရာ ..
 ရင်ထဲမှာ အကြာကြီးရှိနေတတ်တယ်….

- ဝေးကွာခြင်း…….. တဲ့
  အဲ့ဒီအပင်မှာ …
  ထာဝရဝေနေတတ်တဲ့ အပွင့်တွေ
  တစ်သက်လုံးမကြွေတော့ပါဘူုးကွယ်….

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.