Showing posts with label သူငယ်ချင်း .. သို့ ... Show all posts
Showing posts with label သူငယ်ချင်း .. သို့ ... Show all posts
0

နင် ရက်စက်တယ် . .

Posted by မေမြို့သား on 8:12 AM in
မျှော်လင့်ချက်တွေပေးခဲ့တယ် . .
သူ နင်းချေပစ်တယ် . .

ယုံကြည်မှုတွေပေးခဲ့တယ် . .
သူ လွှင့်ပစ်ရက်ခဲ့တယ် . .

ခံစားချက်တွေကို အစစ်အမှန် ခံစားစေခဲ့တယ် . .
သူ တခြားတစ်ယောက်ရင်ဘတ်ထဲ ထည့်ခဲ့တယ် . .

နားလည်မှုတွေ ပေးခဲ့တယ် . .
သူ သံသယ အမြင်တွေနဲ့ ကျတော့်ကိုတစ်ယောက်တည်း ထားရက်ခဲ့တယ် . .


0

သူငယ်ချင်း အတွက် . .

Posted by မေမြို့သား on 8:45 AM in

တစ်တောင်တက်
တစ်တောင်ဆင်း
တစ်တောင်ပြီး တစ်တောင်
ခရီးနှင်ရင်း
ဆုံတွေ့ဖြစ်တဲ့ သူငယ်ချင်းများ…

တကွေ့မှာ ဆုံတွေ့ရင်း
တကွေ့မှာ နှုတ်ဆက်ရင်း
ရင်းနှီး ခွဲခွာ လူ့လောကမှာ
အဆိုး အကောင်း ဒွံတွဲနေလဲ
ငါတို့တွေ လျှောက်နေရစမြဲ…

တခါတလေတော့လဲ ဘ၀ဟာ
ရုန်းရင်းနစ်ဝင်တတ်တဲ့ နွံလိုမျိုး
ပေါ့ပါးလန်းဆန်းတတ်တဲ့ လေပြေမျိုး
နိမ့်လိုက်မြင်းလိုက်စီးဆင်းတဲ့ ရေလှိုင်းမျိုး
အမျိုးမျိုး အဖုံဖုံနဲ့ ဘယ်အရာမှမတည်မြဲပါဘူး…

ရောက်လေရာအရပ်
တစ်ဖက်တစ်ချက်မှာ
လူတော်လူကောင်းနဲ့ ဆုံမိရင်
အဖော်ကောင်းလို့မြင်
လူယုတ်မာနဲ့ ဆုံမိရင်
(ဘ၀) အတွေ့အကြုံအသစ်လို့မြင်
သူ့တို့လိုမဖြစ်အောင် ဘ၀ကိုပြုပြင်ပါ…

လွမ်းဆွေးချင်ရင် လွမ်းဆွေးပါ
ငိုကြွေးချင်ရင် ငိုကြွေးပါ
စိတ်ညစ်နေရင် မျှဝေပါ
(သူငယ်ချင်း…) ဘုရားပေးတဲ့ ပုခုံးတစ်ဖက်နဲ့ မင်းဟာ
ဘယ်တော့မှ တကိုယ်တော်မဖြစ်ခဲ့ပါဘူး…

ငါ့တို့တွေဟာ…
ပန်းတိုင်မတူပေမယ့်
ငါ့တို့ရဲ့ မနက်ခင်းတွေတူတယ်
ရည်မှန်းချက်တွေမတူပေမယ့်
ငါတို့ရဲ့ ယုံကြည်မှုတွေတူတယ်
ခင်မင်မှု အတိုင်းအတာမတူပေမယ့်
ငါတို့ရဲ့ မေတ္တာတရားတွေတူတယ်
တူညီမှုတွေစုနေတဲ့ လူ့အသိုင်းအ၀ိုင်းတစ်စုမှာ
ငါတို့တွေ ဆုံတွေခဲ့တယ်ါ်
ရှင်သန်တဲ့ အသွင်သဏ္ဍန်မတူကြပေမယ့်
မပြောင်းလဲတဲ့ကောင်းကင်အောက်မှာအတူရှိနေကြတယ်
ဝေးကွားခြင်းနဲ့ ကြုံရရင်တော့ ပြုံးပြုံးလေးနှုတ်ဆတ်ကြတာပေါ့….

0

အားပေးဖော်..

Posted by မေမြို့သား on 3:13 AM in


ကြယ်ရောင်တွေစုံလင်နေတဲ့ လပြည့်ညမျိုးမှာ
ငါ ကောင်းကင်ကို အကြိမ်ကြိမ်
မော့ကြည့်ခဲ့ဘူးတယ်.. သူငယ်ချင်း
မင်းရဲ့ မျက်နှာကို အထင်းသား မြင်နေရတယ်..
ဟုတ်တယ်..
လက်တွေ့ဆိုတာ ယုံလိုက်စမ်းပါ သူငယ်ချင်း..

ဒီအချိန်ဆို..
မင်းဘ၀အတွက်.. မြင့်မားတဲ့
အခက်ခဲတွေကို ကျော်လွှားနေရောပေါ့..
မောနေပီလား.. သူငယ်ချင်း
ဒါဘ၀ကွ.. အခက်ခဲရှိမှ အောင်မြင်သတဲ့လေ..
ကြိုးစားလိုက်ပါ သူငယ်ချင်း..
ငါတို့နဲ့အတူ လောကကြီးက ပြောနေတယ်..

အောင်မြင်မှု အတွက် အသိ နဲ့ သတိ ပေါင်းစပ်ထားတဲ့
ကရိယာတွေနဲ့ သုတေသန လုပ်ပြီး ..
နှောင့်နှေးတဲ့ စိတ်ကူး အဟောင်းတွေကို ..
နှင်းချေ လိုက်စမ်း ပါ..စင်္ကြ၀ဠာထိကိုပေါ့.

0

ချစ်နေခွင့်..

Posted by မေမြို့သား on 12:45 PM in

ချစ်နေခွင့်..

ငါ့နှလုံးသား မင်းထံပါးမှာ အပ်နှင်းထားရစ်ခဲ့ပြီ
ငါ့ဘဝ မြင့်မားဖို့ တည်ဆောက်နေချိန်
မင်းက ငါ့ရဲ့ဘေးနား ရှိနေခဲ့တယ်..
မင်းနဲ့လက်ချင်းချိတ်ကာ ပျော်ရွှင်ရယ်မောခဲ့ရတယ်..
ဝမ်းနည်းပူဆွေးခဲ့ရတယ်…

မျှော်လင့်ခြင်းနဲ့အိပ်မက်တွေ
ချစ်ခြင်းတရားနဲ့ စိုးရိမ်မှုတွေအကြောင်း
မင်းကိုငါ ဖွင့်ဟခဲ့တယ်…
မင်း ပုခုံးထက် သွန်းဖြိုးစီးဆင်းသွားတဲ့
ငါ့မျက်ရည်တွေနဲ့အတူပေါ့...

အဆုံးသတ်အဖြေကတော့
မင်းတစ်ယောက်သာ ငါ့အတွက်
ယုံကြည်အားကိုးရာပါလား..

မင်းကိုမြင်ရ အချိန်ခဏတွေမှာ
ရင်မှာကြည်နူးပီတိဖူးကာ
ပျော်ရွှင့်ချမ်းမြေ့ခဲ့ရတယ်…

တို့တွေ နှလုံးသားချင်း ဖလှယ်ကြတဲ့အခါ
လွတ်လပ်ပေါ့ပါးတဲ့ မင်းရဲ့သစ္စာစကားတွေကိုလည်း
ငါခံစားမိတယ်…

သူငယ်ချင်းပဲလို့ ဘယ်လိုပင် ပြောပေမယ့်
မင်းဟာ သက်မဲ့မဟုတ်တာ ရင်မှာသိနေတယ်
ချစ်ခြင်းတရားကို နှလုံးသားက နားလည်နေတယ်..

ငါနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မင်းက စိုးမိုးလို့ထားတယ်..
အဲဒီ မျှော်လင့်ချက်အကြောင်း
မင်းကို ရင်ဖွင့်ပြတဲ့အခါ
လိုချင်တာတစ်ခုအတွက် ဘယ်အခါမှ
အလွယ်တကူ မယုံမှားမိဖို့
မင်းက ငါ့ကို သွန်သင်တယ်..

ဒါပေမယ့်လည်းလေ……
ငါတို့တွေရဲ့ကြားမှာ
သူငယ်ချင်းဆိုတာက
စည်းခြားကာ ထားနေလေတော့
ငါ့ဘဝ အနာဂတ်ခရီးမှာ
မင်းကို ချစ်နေခွင့် ရှိဦးမလား!!!!!!



မူရင်း အဂံလိပ်ကဗျာ 

Can I Love You

I gave my heart to you
I set my standards high
I laid my eyes on you,
I laughed and cried with you,
I told you my hopes and dreams,
my love and fears.
My tears I shed all over your shoulder.

In the end,
I came to see that you were the only guy I could ever trust.

When I see you,my face lights up with
aspiration,and happiness.

When we talk, I can feel the load unload
with soothing words from you.

I have the feeling of love in my heart.
In my mind, I say "you don't mean a thing."
In my words, I say "you are just a friend."

But in the deep end of my heart,
I think of only you.

When I tell you my expectations of a guy,
You tell me never to fall short of what I want.

But only one thing stands in the way
you are a friend.
Can I still love you the way that I do?
 






0

အဖြူရောင် သူငယ်ချင်း သို့ ..

Posted by မေမြို့သား on 8:19 AM in
အဖြူရောင်စာရွက်လေးတစ်ရွက်
အသိတတ်စ ငယ်ဘ၀မှာ
သူငယ်ချင်းတစ်ယောက်
ပေးခဲ့ဖူးတယ်။ ။

ကကြီး ခခွေး ငါတို့ရေး
Aရယ် Bရယ်တို့ရွေးချယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်
ဆရာကြီးလည်း လာခဲ့ပါ
ဆရာမကြီးလည်း လာခဲ့ပါ
စာတွေရတဲ့ ဒီနေ့မှာ
သားသားလေးကို မုန့်ကျွေးပါ တဲ့

မျက်ရည်တွေ တစ်ဝေ့ဝေ့လည်
အတွေးအိမ်ထဲ
မျက်နှာငယ်နေတဲ့ သူငယ်ချင်း
မင်းကို ငါ သတိရတယ်ကွာ။ ။

ခွဲခွါခြင်း လမ်းဆုံးမှာ
မျက်ရည်တစ်ခုသာ
လက်ဆောင်ပေးနိုင်တဲ့
ငါ့ကိုယ်ငါ
နာကျည်းမိသလို။ ။

အတိတ်ပုံရိပ်ကို
စာစုတစ်ခုလို စုပုံရေးသားခဲ့တဲ့
မင်းအတွက်တော့ တန်ဖိုးကြီးတာပေါ့။ ။

ဒါပေမယ့်…
ငါငိုတာ… သံယောဇဉ်
မင်းပေးတဲ့ စာရွက်ကလေးက
အသိတရား တစ်ခုရဲ့ အစ။ ။

အလှမ်းတွေဝေးကွာ
နံရံတွေခြား တံတိုင်းတွေများ
ရေပြင် သစ်တောများစွာက
သူငယ်ချင်း… မင်းနဲ့ငါ့ကို
ပြန်ဆုံဖို့ရာ စောင့်ပါအုံးလို့
နေ့တိုင်း လာလာပြောနေသလို။ ။

ငါ့မေးလ်ထဲကို ပို့ ပို့လာတဲ့
မင်းဓါတ်ပုံတွေ စားသားတွေက
စာရွက်လေးထက် ရင့်ရော်နေပါလား။ ။

မင်းဓါတ်ပုံကို ကိုင်ကြည့်နေတဲ့
ငါ့လက်ကို ငါပြန်ကြည့်လိုက်တော့
အိုမင်းခြင်းထဲ စမျောနေပါလား။ ။

ချစ်သော သူငယ်ချင်းရေ…
ငါတို့ နှစ်ယောက် ခွဲသွားရတဲ့ သက်တမ်းတွေက
ငါတို့ရဲ့ လက်ရှိကို ဖေါ်ပြနေကြပြီ။ ။

ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေကို
အိုဟောင်းနေတဲ့ အဖြူရောင် စာရွက်လေးက သိသလို
ငါ ငိုထားတဲ့ မျက်ရည်ကကြိုးစကို ရှည်စေတယ်။ ။

ပြန်လာပါတော့ သူငယ်ချင်းရာ
ငါတို့ အတူတူ အိုမင်းရအောင်လို့။ ။


Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.