Showing posts with label နင့် အတွက်. Show all posts
Showing posts with label နင့် အတွက်. Show all posts
0

မျှော်လင့်ခြင်း

Posted by မေမြို့သား on 4:10 AM in ,

ငါ့ရှေ့မှာ တခြားသူတစ်ယောက်လက်ကိုတွဲလို့
ရပ်နေတဲ့ နင့်နာမည်လေး တီးတိုးရွတ်ဆိုမိတယ် …

လွမ်းတယ်ချစ်သူရယ်
နင်မရှိတဲ့နောက် နင်ကိုစိတ်ကောက်ခဲ့တာလေးတွေကိုပေါ့

သတိရတယ် ချစ်သူရယ်
နင်ထားခဲ့တဲ့နောက် ချိန်းထားတိုင်း နောက်ကျမှ ရောက်တတ်တဲ့
နင့်ရဲ့စရိုက်ကလေးကိုပေါ့

တမ်းတမိတယ် ချစ်သူရယ်
နင်နဲ့ဝေးတဲ့နောက် ခြေရာဖျောက်ပြီး လျှောက်လည်တတ်တဲ့ နင့်အကျင့်ဆိုးလေးတွေကိုပေါ့

ပြန်လိုချင်မိတယ် ချစ်သူရယ်
နင်နဲ့ မတွေ့ဖြစ်တော့တဲ့နောက် ဖုန်းမကိုင်တတ်တဲ့ နင့်ဖုန်းကို ခေါ်ရတဲ့ အလုပ်ကလေးကိုပေါ့


နောင်တမရတတ်တဲ့ နှလုံးသားနဲ့
ငါရူးမတတ်ချစ်ခဲ့ဖူးတာတောင် အတိတ်တဲ့လား

ဘာလိုလိုနဲ့ ငါတို့ဝေးခဲ့တာ …. နင်တောင် ငါ့ကိုမမှတ်မိတော့ဘူးပဲ


0

နှလုံးသားနဲ့ ရင်းပြီး

Posted by မေမြို့သား on 1:20 PM in
ကောင်မလေးရေ....
    နင်က လမင်းကြီးဆို
         ငါက ကြယ်ကလေးပါ.......။။
ငါလို ကြယ်တစ်ပွင့်
      ကြွေကြလို့ မြေမှာခ
            နင် ဝမ်းနည်း ရမှာလား.....?
မထင်ပါဘူး
    နောက်ထပ် အများစု
            နင့်ဘေးနားမှာ အဖော်ပြုနေတယ်............။။
သုဘဒ္ဒါ မုန်းတဲ့ ဆဒ္ဒန်
     သီတာမုန်းတဲ့ ဒဿ
          နင်မုန်းတဲ့ ငါ့ဘဝ
              အသည်းနာပေမယ့် နောက်ဆုံး
                     ချစ်သူကိုတော့ ပြုံးပြနေဦးမယ်...........။။
အမုန်းဆိုတဲ့ ရေစက်တွေ
       ငါ့ကို ပက်ဖျန်း နေမှတော့
            ရှောင်ပြေးလို့ မလွတ်နိုင်
                     မာနဆိုတဲ့ တိုင်ကြီးလည်း
                           ယိုင်နဲ့ ကာ လဲခဲ့ပြီ..............။။
နင့်ရဲ့ရှေ့မှောက်
    ဒူးမထောက်ချင်ပေမယ့်
        မူးနောက်နေတဲ့ နှလုံးသားက
             ငါ့မာနကို..
                   ရူးလောက်အောင် ပြုစားခဲ့တယ်..........။။
ဒါပေမယ့်...
     ပြန်ရလိုက်တဲ့ ဘဝ
           အရာရာ မမျှတဘူး...
                ဝေးကွာခြင်း နေ့ရက်တွေအား
                      အမုန်းတွေက ထပ်ခြားလိုက်တယ်..........။။
အမုန်း သံသရာမှာ
    လူဖြစ်လာတဲ့ ငါကတော့
          အားလုံးရဲ့ ဝေဖန်မှု
                  ဗီလိန် ဆိုတဲ့ ဆုတစ်ခုနဲ့
                       အချစ်ကို အလေးပြုနေဆဲ........။။
ဘဝ ခပ်မွဲမွဲမှာ
    ငါ ဆုတောင်းမှားခဲ့တော့လေ
          မုန်းနိုင်ပါစေ....
               မေ့နိုင်ပါစေ........
                    နှလုံးသားဟာ နွေ
                         ထာဝရ အတွက် ပူပါစေ                            
                           ကျေနပ်နိုင်မလား နွေ............။။
                                                         ညီညီ(မြန်အောင်) 

http://zwmnna2.blogspot.com/2011/06/blog-post_05.html#comment-form

0

နင်က ငါ့ရဲ့ ကမ္ဘာကြီး

Posted by မေမြို့သား on 2:51 AM in
ကောင်လေးကမေးတယ် " ငါ့ကိုချစ်လား " တဲ့
ကောင်မလေးက " အင်း " တဲ့
အဲ့ဒီတော့ ကောင်လေး...က " ကမ္ဘာကြီး ကြားအောင်အော်ပြ " တဲ့
ကောင်မလေးက တိုးတိုးလေး ပြောလိုက်တယ် "အရမ်းချစ်တယ် " တဲ့
ကောင်လေးက မကျေနပ်ပဲ " ဘာလို့ တိုးတိုးလေးပဲဖြေတာလဲ ... ငါ့ကိုတကယ်မချစ်လို့ လား? " ဆိုပြီးမေးတယ်...
ကောင်မလေးက ပြန်ဖြေတယ် ...
" ဘာလို့ လဲဆိုတော့ နင်က ငါ့ရဲ့ ကမ္ဘာကြီးလေဟာ" တဲ့




0

"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ....

Posted by မေမြို့သား on 2:09 PM in
ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင...်တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ"
လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...

နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..
အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်..
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...

အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ
ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့...

အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်...

အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ
သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် ....
See More

( ဤ page မှ post များကို မိမိတို့ wall ပေါ်တွင် လွတ်လပ်စွာ Share နိုင်ပါသည်.. လေးစားစွာဖြင့်-----By SNP)

1

အချစ် ခံစားချက်

Posted by မေမြို့သား on 1:38 PM in
ချစ်ကြိုက်ချိန်မှာ အဆုံးမရှိတဲ့ ချိုမြိန်အနမ်းကို လူတိုင်းတောင့်တကြတယ်။
ရန်ဖြစ်ကြတော့ ဘာဖြစ်လို့ နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းနဲ့
အပြန်အလှန် ဝမ်းနည်းနာကျင်အောင် ပြောဆိုကြရသလဲ?

လက်တွဲတယ်၊ လက်တွဲဖြုတ်တယ်ဆိုတာ
အဲဒီလက်တစ်စုံဆီကပဲ ဖြစ်ခဲ့တာပါ။
 

0

အဲဒီလောက်တောင် ချစ်ရသည်

Posted by မေမြို့သား on 3:58 AM in
နေထိုးတဲ့ အခါနေပြောက်ကလေးတွေ...
ရေချိုးတဲ့ အခါ ရေပေါက်ကလေးတွေ...
ထိနေတာတောင်မှ စိတ်ထဲမှာသ၀န်တို ...

မနာလိုဖြစ်မိအောင်...ချစ်မိရပါတယ်......
ချစ်သူ့ မျက်နှာ...

ကိုယ့် အတွက်သာဖြစ်ရပါ့ မယ်...

0

ချစ်သူ လမ်းကြား

Posted by မေမြို့သား on 9:07 AM in ,


တကယ်တော့…
ချစ်သူလမ်းကြားဆိုတာ
တိုလွန်းတယ်၊
သူတို့ ရယ်သံတွေမဆုံးခင်
လမ်းကြားကလေးက ဆုံးသွားတတ်တယ်။

အဲဒီ့လမ်းတိုကလေးမှာပဲ
ချစ်သူတွေ ကျကျန်ခဲ့တဲ့
နှလုံးသားအပဲ့အရွဲ့တွေ၊ မျက်ရည်စက်တွေ၊
ငိုသံတွေ၊ ရယ်သံတွေ၊ စကားလုံးအပိုင်းအစတွေ၊
အပြုံးလှလှလေးတွေ၊ အနမ်းချိုချိုလေးတွေ၊ …
………………………………………………………..
ကျကွဲသွားတဲ့ သူတို့ရဲ့အချစ်တွေ…။ ။

0

ချစ်သူ ဆုတောင်း

Posted by မေမြို့သား on 9:03 AM in
ဟန်ဆောင် အလိမ်အညာတွေမလိုပါ
ဂုဏ်ဒြပ် ပကာသနတွေမလိုပါ
ရင်ထဲက ရှိတဲ့အတိုင်း
သူသိစေဖို့ ရေးတဲ့စာ
ဖတ်မိလေတိုင်း ချစ်နေသူကို
ကိုယ်ချင်းစာလို့ သတိရပါ
ချစ်တဲ့သူ ကျန်းမာစေကြောင်း
စာလုံးတွေနဲ့ ဆုမွန်ခြွေကာ
ရောက်လေရာ ဒေသ
သူပျော်ပါစေ မျှော်လင့်လျှက်သာ
အချစ်ဆုံးအတွက် မေတ္တာစာ...။
 

0

နင် သိစေဖို့..

Posted by မေမြို့သား on 9:00 AM in
စက္ကန့်နဲ့အမျှ
ရင်ထဲမှာ ထာဝရ
မေ့ပျောက်လို့မရတာ
ချစ်လွန်းလို့ပါ...

ပိုတယ်လို့ဆိုချင်ဆို
ရင်ထဲက အဖြစ်တွေကို
ချစ်သူသိစေလို
တေးကဗျာစပ်လို့ဆို...

ညီမျှခြင်းရဲ့ တစ်ဖက်စီမှာ
ရှိမနေတဲ့ တို့နှစ်ယောက်ဟာ
တစ်ဖက်သတ်အဖြစ်နဲ့သာ
ထာဝရတည်နေမှာ
အမှတ်တရများကိုသာ
ရင်ထဲမှာ သိမ်းဆည်းကာ
တစ်ခါတစ်ရံ သတိရနေမှာ
အတိတ်ဆီက ချစ်ခဲ့သူကိုပါ...


0

သက်ဆိုင်သူ .. သို့

Posted by မေမြို့သား on 8:58 AM in
သာယာတဲ့ အသံလေးနဲ့
ရယ်လိုက်ပါတဲ့ ချစ်သူ
သူရယ်ရင် ကိုယ့်အသည်းတွေ
တဆတ်ဆတ် ခါလို့ပေါ့...

စူးရှတဲ့ မျက်ဝန်းတွေနဲ့
ကြည့်လိုက်ပါတဲ့ ချစ်သူ
သူကြည့်ရင် ကိုယ့်နှလုံးသားတွေ
အရည်ပျော်ရ ချည်ရဲ့ပေါ့...

မိုးလင်းချိန် အိပ်ရာထ
နှိုးတတ်ပါတဲ့ ချစ်သူ
သူနှိုးရင် တစ်နေ့တာအစ
မင်္ဂလာ နံနက်ခင်းပေါ့...

ညချမ်းမလေ အနမ်းတွေခြွေလို့
အိပ်စက်စေတဲ့ ချစ်သူ
သူသိပ်ရင် တစ်ညတာတော့
အိပ်မက်တွေ လှလို့ပေါ့...

ရင်သွေးပမာ တီတာလို့
နွဲ့ဆိုးပါတဲ့ ချစ်သူ
သူဆိုးရင် ကိုယ့်ရင်နွေးလို့
အချစ်တွေ ပိုရပေါ့...

ချစ်လွန်းတယ် ရိုးမယ်ဖွဲ့
သ၀န်တိုပါတဲ့ ချစ်သူ
အူတိုရင် ကိုယ့်ဘ၀င်ငြိမ့်လို့
ကြည်နူးရ ပြန်တာပေါ့...

ခဏလေး ဝေးရဖို့တောင်
မပြောပါနဲ့လား ချစ်သူ
အနေဝေးရင် သွေးတွေအေးလို့
တိုးတိတ်စွာ စိုးထိတ်မိတယ်
သူမေ့သွားမှာ စိုးလို့ပေါ့...

မာလွန်းတဲ့ ကိုယ့်အသည်း
ညှို့ဆွဲပါတဲ့ ချစ်သူ
မာနတွေ ပြေကာလျော့
ချစ်မိပြီ ၀န်ခံလိုက်တယ်
တစ်ဘ၀လုံး ပုံလို့ပေါ့...

ချစ်ပါသတဲ့ ဒီရင်ထဲ
ပိုတယ်လို့ မဆိုပါနဲ့
ချစ်သူဆန္ဒ အလိုကျ
ကြည်ဖြူစွာ အမိန့်ယူမှတ်လို့
မငြူစူ ဖြည့်ဆည်းပေးမယ်
အသက်ကို နှင်းလို့ပေါ့...။ ။


0

ချစ်သူ သို့..

Posted by မေမြို့သား on 8:56 AM in
 
မိုင်ထောင်ချီဝေးနေလို့
လွမ်းရတယ် ချစ်သူရယ်
အနေဝေးတာ အတိုင်းအတာတစ်ခုမို့
တို့နှစ်ဦးသာ ချစ်နေကြရင်
တည်နေရာ ဘယ်လောက်ဝေးဝေး
နှလုံးသားချင်းက နီးနီးလေး...

ခွဲရတာ ရက်ရှည်ညောင်းလို့
ဆွေးရတယ် ချစ်သူရယ်
နှစ် လ ရာသီ သတ်မှတ်ချက်မို့
တို့နှစ်ဦးသာ သစ္စာရှိရင်
ရာသီစက်ဝန်း ဘယ်လိုပြေးပြေး
အချိန်ဆိုတာ ခဏလေး...

တစ်ယောက်တစ်မြေ အနေကြာလို့
စိတ်မချတယ် ချစ်သူရယ်
နီးစပ်မှုဆိုတာ အတွေ့အကြုံတစ်ခုမို့
တို့နှစ်ဦးသာ ယုံကြည်ကြရင်
ကြားလေတွေ ဘယ်လောက်သွေးသွေး
တွဲသောလက်တွေ မဖြုတ်ကြေး...။ ။

0

ထီးကလေး အဖြစ်သာတူ ကိုယ့်ချစ်သူ...

Posted by မေမြို့သား on 8:54 AM in ,
ချစ်သူကို
ကောင်းကင်အဖြစ်
မတင်စားလို
ဝန်တိုခြင်းကို နားလည်စေရဲ့...

ချစ်သူကို
ထီးကလေးအဖြစ်သာ
တင်စားပါရစေတော့
ကိုယ့်တစ်ယောက်သာ လုံခြုံမှုပေး
နွေးထွေးစေကွဲ့...။

0

ချစ်သူ ..

Posted by မေမြို့သား on 8:50 AM in


လုံးဝ
မသက်ဆိုင်တော့ပေမယ့်
သံယောဇဉ်
အကြွင်းအကျန်ကြောင့်
လိုတာထက်ပိုပြီး
ဂရုစိုက်မိတယ်ဆိုရင်
ကိုယ့်မှာ
အပြစ်ရှိမယ်လို့ မထင်မိပါဖူး
ချစ်သူ...။


0

ဗို့အား ၁၅၀၀

Posted by မေမြို့သား on 8:48 AM in ,
အဲ့ဒီညက...
ဖွင့်မိတဲ့ ကွန်ပျူတာ
ဝင်မိပါတဲ့ ဖိုရမ်
ဒေါင်းမိတဲ့ စာတစ်အုပ်
စပ်စုမိတဲ့ ဒီစိတ်
Run မိတဲ့ Gtalk
Type မိတဲ့ ဒီလက်
ခေါ်မိတဲ့ Voice
ပြောမိပါတဲ့ ဒီပါးစပ်
ကြည့်မိတဲ့ ဒီမျက်စိကြောင့်
နှလုံးသား နှစ်ခု ဓါတ်လိုက်ခဲ့တယ်...

"သတိ...ဗို့အား ၁၅၀၀"


0

ငါ့ အားနည်းချက်

Posted by မေမြို့သား on 5:18 AM in


ချောချင်သလောက်ချော...
လှချင်သလောက်လှ...
ရင်မခုန်တတ်တာ..
ငါ့ရဲ့အားသာချက်ပဲ.......
ချစ်မိပြီဆိုရင်လည်း..
ဒီတယောက်တည်းကိုပဲ...
စွဲစွဲမြဲမြဲနဲ့..
အရူးအမူးချစ်တတ်တာလည်း..
ငါ့ရဲ့အားနည်းချက်ပဲ...........

0

နင့်ဆန္ဒ ..

Posted by မေမြို့သား on 2:41 AM in


~~ ♥  ဆန္ဒပဲနော်
          ငါ့ဘ၀ထဲဝင်ချင်ရင်ဝင်ခဲ့
          ထမင်းတော.ငတ်ချင်ငတ်မယ်
          ရင်ခုန်သံတော့ မရပ်စေရဘူး.....ok? ♥ ~~

0

စောင့်နေတဲ့သူ ..

Posted by မေမြို့သား on 7:58 AM in


~~ ♥ ငါကနင့်ရဲ့ ပထမလူပဲဖြစ်ဖြစ်
         ဒုတိယလူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ....
         ငါဖြစ်ချင်တာက  ....
         နင့်ရင်ထဲက ထာဝရလူပဲဖြစ်ချင်တာ ♥ ~~

0

နင် ကျေနပ်ရင် ..

Posted by မေမြို့သား on 6:11 AM in
အခိုင်အမာတည်ဆောက်ထားတဲ့
ကျောက်ဆောင်တစ်ခု
ခဏလေးအတွင်းမှာ ပြိုလဲခဲ့တာ
အရင်ထဲကတိုက်စားခဲ့တဲ့ လှိုင်းဒဏ်ကြောင့်လား
ဒါမှမဟုတ်အခုမှရိုက်တဲ့
လှိုင်းဒဏ်ကပြင်းထန်နေလို့လား
သေချာတာတစ်ခုကတော့
အဲဒီပြိုလဲမှုမှာ
ငါ့ဘ၀တစ်စိတ်တစ်ဒေသ ပါသွားခဲ့တယ်.....
ဒါဆိုနင်ကျေနပ်နိုင်မှာပါ.....



0

ချစ်သူ ..

Posted by မေမြို့သား on 6:09 AM in

ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

ဘယ်ကို..ရောက်ရောက်..
ဘယ်လောက်..ဝေးဝေး...
ပြန်ဆုံမယ့်နေ့ကို တွေးလို့...
လက်ချိုးရေတွက်..
ပြက္ခဒိန်တွေ..ကျော်ဖြတ်ကြမယ်နော်......။

ပြန်တွေ့တဲ့အခါ...
လွမ်းခဲ့ရတာတွေကို.အတိုးချ..
အရင်တုံးကထက်.. ပိုပြီး ချစ်ကြမယ်....

ပြန်တွေ့တဲ့အခါ...
သိမ်းဆည်းထားတဲ့...စကားတွေ..
နှစ်ကိုယ်ကြား..ပြောကြမယ်...

ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်......

ချစ်သူရေ..
တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး...
အချစ်စိတ်တွေက..တိုး.တိုးလာတာမို့..
တူနှစ်ကိုယ် နီးဖို့အရေး...
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်.....။

0

To my love

Posted by မေမြို့သား on 6:00 AM in
To my love
If you feel depressed,
Don’t stay lonely   in your room
If you feel lonely ,
Don’t be too tiring.
If you feel unfortunate,
Don’t think it as the God’s sake.
But if you feel happy,
Please let me see!



Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.