Showing posts with label စကားထာ ၀ှက်မယ်. Show all posts
Showing posts with label စကားထာ ၀ှက်မယ်. Show all posts
1

စကားထာ ၀ှက်မယ်

Posted by မေမြို့သား on 1:10 PM in

၁။ ၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံး ပြောတဲ့လက ဘယ်လလဲ။

၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။

၃။ ဘ၀မှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။

၎။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ
အသေကြီးရပ်နေတာ ဘာလဲ။

၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။

၆။၁၀ နဲ့၁၀ ပေါင်းတာတောင် ၁၀ ပဲပြန်ရတာ ဘယ်အခါမှာလဲ။

၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။

၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။

၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။

၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်းများကသာ
အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။

၁။ ဖေဖော်ဝါရီလ

၂။ စားပွဲခုံ

၃။ ဓာတ်လှေကားမောင်းတဲ့သူ

၎။ ရှူးဖိနပ်

၅။ အက္ခရာတဲ့

၆။ လက်အိတ်စွပ်တဲ့အခါ

၇။ အပ်နဲ့အပ်ချည်

၈။ မီးထွန်းထားတဲ့ ဖယောင်းတိုင်

၉။ အမှောင်

၁၀။ သင်၏အမည် တဲ့။
မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ၊ လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။ ချိန်ခွင်
မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း။ ကျောက်ပြင်
မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။ အပ်
မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။ အုန်းသီး
မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။ အုန်းသီး
မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။အုန်းသီး
မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊ ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။ အုန်းသီး
မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။ တံခါး
မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။ ကြေးစည်
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။ ကြက်ဟင်းခါးသီး
မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။ သင်္ဘောသီး

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.