0

ဖတ်မိသမျှ

Posted by မေမြို့သား on 12:55 PM in
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။
ဒါမှလည်း ကြာရှည်ခံပါတယ်။
ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

0

ဖတ်မိသမျှ

Posted by မေမြို့သား on 12:52 PM in
လူတွေကို မယုံတဲ့သူ
လူတွေကို သည်းမခံနိုင်တဲ့သူ
လူတွေအကြောင်း မကောင်းပြောတတ်သူဟာ
အဖေါ်မဲ့တတ်တယ်။

0

Naughty quotes....! (ခပ်ဆိုးဆိုးအတွေးများ)

Posted by မေမြို့သား on 12:49 PM in


I’m the person your mother warned you about.
ကိုယ်က မင်းအမေမင်းကိုဆူပူနေရတဲ့ တစ်ခုတည်းသောအကြောင်းပါ။
 
If ur nice, you can call me sweety. If ur sweet you can call me honey. If ur hot you can call me tonight.
မင်းကြည့်လို့ကောင်းရင်ကိုယ့်ကို sweety လို့ခေါ်ခွင့်ရှိတယ် မင်းချောရင်သောကိုယ့်ကို ဟန်နီ လို့ခေါ်လို့ရတယ် မင်း hot နေရင်တော့ ဒီညခေါ်လို့ရတယ်နော် ကိုယ့်ကိုးP
 
 
do u believe in love at first site? or should i walk by again?
 မြင်မြင်ချင်းအချစ်ဆိုတာကိုယုံသလား ဒါမှမဟုတ်ကိုယ်မင်းရှေ့ကနေ နောက်တစ်ခေါက်ဖြတ်လျှောက်ပြရအုံးမလား
 
DONT HATE ME BECASUE IM HOT HATE ME BECAUSE YOUR GIRLFRIEND THINKS I AM
ငါ့ကို HOT လို့မမုန်းပါနဲ့ ငါ့ကိုမုန်းလိုက်ပါ မင်းဆော်ကငါ့အကြောင်းတွေခြည့်ပဲ လှိန့်ပိန့်စဉ်းစားနေလို့
 
Look Everyone Makes Mistakes, Take Your Parents For Example
လူတိုင်းမှားတတ်တာပဲနော် မင်းရဲ့မိဘတွေကို ဥပမာယူလိုက်ပေါ့
 
I'll try being nicer if you try being smarter."
ငါစောက်ချိုးတွေပြင်လိုက်မယ် မင်းလည်းပိုကောင်းအောင်နေခဲ့ရင်ပေါ့
 
Every time you open your mouth...Some idiot starts talking
မင်းပါးစပ်ဖွင့်လိုက်တိုင်းလေ စောက်ရူးတစ်ကောင်ကစကားစပြောတော့တာပဲ
 
Treat me like an angel  if not  I'll be your lil devil!
ငါ့ကို အိန်ဂျယ်လိုအထူးဆက်ဆံပေါ့ မဟုတ်ရင် ငါက မင်းအတွက် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားမယ်
 
 You don't have to be straight to be in the military; you just have to be able to shoot straight.
စစ်တပ်ထဲမှာ straight ဖြစ်နေစရာမလိုဘူး လက်ဖြောင့်ဖြောင့်ပြစ်တတ်ဖို့ကအရေးကြီးတယ်
 
 
you should clean your room...YOU MIGHT FIND YOUR BRAIN!
မင်းရဲ့အခန်းကိုရှင်းပြီး မင်းရဲ့ဦးနှောက်ကိုပြန်ရှာလိုက်အုံး
 
 You hate me cause of I m prince . I don't fuck care cause you are just nobody
မင်းကငါ့ကို prince ဖြစ်နေလို့မုန်းတယ် ငါကတော့ မင်းကို စောက်ရူးမို့လုံးဝ စောက်ဂရုတောင်မစိုက်ဘူး
 
I don't know what makes you dumb But it really works.
မင်းကိုဘယ်လိုအရူးလုပ်ရလည်းဆိုတာတော့မသိဘူး ဒါဟာသိပ်ကိုလွယ်မှန်းတော့သိတယ်
 
Smile, it's the second best thing you can do with your lips.
ပြုံးလိုက်ပါ ဒါဟာမင်းရဲ့ပါးစပ်နဲ့လုပ်နှိုင်တဲ့ဒုတိယ အကောင်းဆုံးအရာပဲ
 
“You haven't lost your smile at all, it's right under your nose. You just forgot it was there.”
 မင်းရဲ့အပြုံးတွေကို မဆုံးရှုံးခဲ့ပါဘူး အဲ့ဒါက မင်းရဲ့နှာခေါင်းအောက်မှာလေ မင်းအဲ့ဒီဟာကဒီမှာရှိမှန်း သာမေ့နေတာပါ။
 
 
I didn't ask to be a prince , but hey if the crown fits!!!*
မင်းသားတစ်ပါးဖြစ်ဖို့ မတောင်းဆိုဘူးနော် သရဖူကကိုယ်နဲ့အံဝင်ခွင်ကြဖြစ်နေရင်တော့ တစ်မျိုးပေါ့
 
you know im a hottie, but are you notice that you just like my body
မင်းငါ ဟော့ နေမှန်းသိတယ် ဒါပေမဲ့ မင်းငါ့ရဲ့ အပြင်ပန်းကိုပဲနှစ်သက်နေမှန်းမင်းသတိထားမိရဲ့လား???
 
You remind me of my next boyfriend!!! =D
မှတ်ထားပါနော် ကိုယ်ကမင်းရဲ့နောက်လာမဲ့ရည်းစားအသစ်ဆိုတာ
 
* It's okay ..... you dont have to stop staring at me........ that just means you're interested
ရတယ်လေ မင်းငါ့ကကြည့်နေတာကိုမရပ်တန့်ရင်လည်း သိထားပေါ့ ဒါမင်းငါ့ကိုခိုက်နေပြီပဲ
 
if you treat me  like a dog, i will going to pee on you
မင်းငါ့ကိုခွေးလိုဆက်ဆံရင်ငါမင်းအပေါ်သေးနဲ့တက်ပန်းမယ်
 
I'm not a complete idiot ( some parts are missing)
ငါကအရူးစစ်စစ်တော့မဟုတ်ပါဘူး (တစ်ချို့အပိုင်းတွေကပျောက်ဆုံးနေသေးလို့ပါ)
 
Just because I look sexy on the cover  of PLAYBOY doesn't mean I'm naughty.
ငါ sexy ဖြစ်လို့သာ PLAYBOY ရဲ့မျက်နှာဖုံးမှာပါတာနော် ပျက်စီးနေတယ်လို့မဆိုလိုဘူး
 
Sex is evil, evil's a sin sins are forgiven, so let's begin
 Sex ဆိုတာက မကောင်းမှူ့ မကောင်းမှူ့ဆိုတာကခွင့်လွှတ်ဖို့ ကဲတို့တွေ စလိုက်ကြပါစို့းP
 
 I didn't say it was your fault,I said I was going to BLAME you...
မင်းရဲ့အမှားလို့မဆိုလိုဘူးနော် ငါမင်းကိုအပြစ်ပုံခြလိုက်ရုံလေးပါ


0

အချစ် .. တဲ့..

Posted by မေမြို့သား on 12:47 PM in


ခြေထောက်နှစ်ချောင်းဟာဟန်ချက်ညီဖို့လိုပါတယ်..........တစ်ချောင်းကရှေ့ကိုလှမ်း၇င်  နောက်တစ်ချောင်းက  အလိုက်သင့်လိုက်ပေး၇ပါတယ်.  တစ်ချောင်းကေ၇ှ့ကိုလှမ်းပြီး
နောက်တစ်ချောင်းက   နောက်ကိုဆွဲနေ၇င်ဘယ်နေ၇ာမှမေ၇ာက်နိုင်ပါဘူး...........ဘ၀ခ၇ီးဖော်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၇ှိပြီး  ဟန်ချက်ညီဖို့အေ၇းကြီးပါတယ်..........။

- ချစ်ခြင်းမေတ္တာဆိုတာ  တန်ဖိုးထားတတ်သူတွေအတွက်   အသုံးပြုသင့်သောရတနာဖြစ်ပြီး   ချစ်ခြင်းမေတ္တာကို  အသုံးချဖို့သာ နားလည်သူတွေအတွက်တော့  ထိုက်တန်မှုမရှိလှပေ................။

- အချစ်ဆိုတာပေးဆပ်ခြင်းလို့    ခံယူထားရင်တော့ စွန့်လွှတ်ရဲသူဖြစ်ရလိမ့်မည်......... ။

-ချစ်ဦးသူအပေါ်သစ္စာပျက်မိခြင်းသည်လည်းကောင်း ၊မိဘနှစ်ပါးအပေါ်ကျေးဇူးမဆပ်ဖြစ်ခဲ့ခြင်းသည်လည်းကောင်း ၊ကျေးဇူးရှိသူကိုကျေးစွပ်ခဲ့ခြင်းသည်လည်းကောင်း
၊ထိုအဖြစ်ကြောင့်ယခုဘ၀မှာလည်းမကောင်း  နောင်ဘ၀မှာလည်းမကောင်း သံသရာတစ်လျှောက်လုံး မကောင်းမှုအကျိုးများကိုသာ ရရှိပေ၏.........။

-ရေ့ကိုလှမ်းမည့်ခြေထောက်တစ်ချောင်းသည် နောက်ဘက်မှရပ်ပေးထားသော  ခြေထောက်မရှိပါဘဲနှင့် ဘယ်လိုမှရှေ့သို့ မရောက်နိုင်ပေ။ ထို့အတူပင်လူတစ်ယောက်၏
ဘ၀မှာလည်း နောက်မှရပ်ပေးသည့်အဖော်ကောင်းတစ်ယောက် လိုအပ်ပါသည် .........။

-ပန်းတစ်ပွင့်၏အလှတန်ဖိုးဟာအညှာတန်ပေါ်မှာသာရှိပြီးမိန်းကလေးတစ်ယောက်ရဲ့အလှကတော့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာရှိပါတယ်.....။

-ကမ္ဘ္ဘ္ဘာလောက၌  ကောင်းမြတ်မှုများက ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ပေးအပ်ရသော အရာတစ်ခုသာရှိပါတယ်...ထိုအရာသည် "မေတ္တာ" ဖြစ်ပါသည်.......။

-အခြားသူ၏ ချစ်ခြင်းမေတ္တာကို  လိမ်လည်လှည့်ဖျား၍ ယူလိုသူသည် မိမိကိုယ်ကို  လိမ်လည်ကောက်ကျစ်မှုအရင်ဆုံးပြုလေ့ရှိသည်.....ထိုကောက်ကျစ်မှုကြောင့်
ပေးသူရော ယူသူပါ ထိခိုက်နစ်နာမှုမျိုး ကြုံတွေ့ ရလေသည်......။

-တစ်ယောက်အကြောင်းတစ်ယောက် အမှန်အတိုင်းမသိဘဲနဲ့ တစ်ယောက်ကိုတစ်ယောက်နားမလည်ဘဲနဲ့ စစ်မှန်တဲ့မေတ္တာ ဖြစ်နိုင်ဖို့တော်တော်ခဲယဉ်းပါတယ်.........။


-ကိုယ့်မေတ္တာကိုပဲ အင်မတန်လုံခြုံတဲ့  သံချပ်ကာအင်္ကျီလိုသဘောထားပြီးတော့  ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့မေတ္တာကိုပဲ စည်းရိုးသဘောမျိုးနဲ့ထားပြီး  နေမယ်ဆိုရင်စိတ်ထဲမှာ
လုံခြုံမှု   ပြည့်စုံမှုသဘောမျိုး  ခံစားရပါလိမ့်မယ်..............။


-မျက်လုံးဖြင့်ကြည့်ပါ....။ဦးနှောက်ဖြင့်ချိန်ဆပါ....။နှလုံးသားဖြင့်ခံစားကြည့်ပါ........။ပြီးရင်ဘာကိုမှမစဉ်းစားပဲမျက်လုံးမှိတ်ထားလိုက်ပါ.......ဆုံးဖြတ်ရမည့်အဖြေတစ်ခုပေါ်လာပါလိမ့်မည်......။


-ဆုံးရှုံးသွားသော  အချစ်တစ်ခုအတွက်    ဘ၀သည်   ပို၍ရင့်ကျက်လာသည်............။


-"အမြတ်နိုးဆုံး"  အရာကိုလက်လွှတ်ဆုံးရှုံးရခြင်းဟာ  "အကြီးမားဆုံးအောင်မြင်မှု"  ဖြစ်တယ်............။


-အချစ်ရဲ့နိဒါန်းဟာ   အသိဥာဏ်ရဲ့   နိဂုံးဖြစ်တယ်.............။


-မျက်ရည်ကျရပြီဆိုမှတော့ ရွှေပန်းကန်ပေါ်မှာပဲကျကျ.........ဖက်ရွက်ပေါ်မှာပဲကျကျ ဘ၀အတွက် ထိခိုက်မှုရှိစေမှာ အမှန်ပါဘဲ...........။


-အချစ်ကို တန်ဖိုးမထားတတ်ပဲ  အချစ်ရှာပါက  စစ်မှန်သော  အချစ်စွမ်းအားများကို အကြောင်းမဲ့ဖြုန်းတီးပစ်ရာ  ရောက်ပါသည်.............။


-သိပ်ချစ်လို့ရပါတယ်.ဒါပေမယ့်  သိပ်မျှော်လင့်ထားလွန်းရင်တော့ ကြေကွဲစရာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်.............။


-ကိုယ့်ရဲ့ဂုဏ်သိက္ခာဟာကိုယ့်ရဲ့ဘ၀ပဲ..........သိက္ခာနဲ့ဘ၀ဟာတစ်ခုတည်းပေါင်းစပ်ထားတာ...........ဂုဏ်သိက္ခာမဲ့သွားလျှင်  ကိုယ့်ဘ၀လည်းနိဂုံးချုပ်သွားမည်..........။


-ချစ်သူကိုအသည်းနှလုံးနဲ့ရွေးချယ်ပါ........ဘ၀လက်တွဲဖော်ကိုဦးနှောက်နဲ့ရွေးချယ်ပါ..........။


-မဖိတ်ပဲရောက်လာ   မရှာပဲတွေ့တဲ့အထဲမှာ  အချစ်နဲ့ဒုက္ခက   ထိပ်ဆုံးကပါ...........။


-ရင့်ဖွင့်ခွင့်မသင့်တဲ့ခံစားချက်တွေကို  ဦးနှောက်ဖြင့်  ဖြေသိမ့်နိုင်ရမည်..........။


-တစ်ဦးအပေါ်တစ်ဦးထားတဲ့  စစ်မှန်တဲ့မေတ္တာ၊ လေးစားမှု၊  တန်ဖိုးထားမှုတွေဟာ  ဘ၀မှာစိတ်ချမ်းသာမှုအများဆုံး  ပေးနိုင်တဲ့အရာဖြစ်တယ်.........။


-တစ်ကယ်မေတ္တာမှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာမဟုတ်တော့ဘူး..........သူ့အတွက်ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို  တွေးပြီးအဲတာကိုလိုလားတယ်...........။


-ကိုယ်ကစစ်မှန်တဲ့မေတ္တာကိုပေးနိုင်ဖို့အရေးကြီးပါတယ်..............ရဖို့တော့မမျှော်လင့်တာပဲကောင်းပါတယ်...........မမျှော်လင့်ပဲရမှပိုကောင်းပါတယ်.........။


-မေတ္တာရဲ့တကယ့်ပန်းတိုင်ဟာ  မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဥာဏ်ဖြစ်ပေါ်ရေးပါ..............။


-တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စိတ်ဓာတ်ရင့်ကျက်မှု ပိုရှိလာအောင်  အရည်အချင်းပိုရှိလာအောင် အထောက်အကူပေးတဲ့အချစ်မျိုးနဲ့ ချစ်နိုင်မှသာ စိတ်ချမ်းသာမှုရတဲ့   ဆက်ဆံရေးဖြစ်တယ်..........။

0

ချစ်နေခွင့်..

Posted by မေမြို့သား on 12:45 PM in

ချစ်နေခွင့်..

ငါ့နှလုံးသား မင်းထံပါးမှာ အပ်နှင်းထားရစ်ခဲ့ပြီ
ငါ့ဘဝ မြင့်မားဖို့ တည်ဆောက်နေချိန်
မင်းက ငါ့ရဲ့ဘေးနား ရှိနေခဲ့တယ်..
မင်းနဲ့လက်ချင်းချိတ်ကာ ပျော်ရွှင်ရယ်မောခဲ့ရတယ်..
ဝမ်းနည်းပူဆွေးခဲ့ရတယ်…

မျှော်လင့်ခြင်းနဲ့အိပ်မက်တွေ
ချစ်ခြင်းတရားနဲ့ စိုးရိမ်မှုတွေအကြောင်း
မင်းကိုငါ ဖွင့်ဟခဲ့တယ်…
မင်း ပုခုံးထက် သွန်းဖြိုးစီးဆင်းသွားတဲ့
ငါ့မျက်ရည်တွေနဲ့အတူပေါ့...

အဆုံးသတ်အဖြေကတော့
မင်းတစ်ယောက်သာ ငါ့အတွက်
ယုံကြည်အားကိုးရာပါလား..

မင်းကိုမြင်ရ အချိန်ခဏတွေမှာ
ရင်မှာကြည်နူးပီတိဖူးကာ
ပျော်ရွှင့်ချမ်းမြေ့ခဲ့ရတယ်…

တို့တွေ နှလုံးသားချင်း ဖလှယ်ကြတဲ့အခါ
လွတ်လပ်ပေါ့ပါးတဲ့ မင်းရဲ့သစ္စာစကားတွေကိုလည်း
ငါခံစားမိတယ်…

သူငယ်ချင်းပဲလို့ ဘယ်လိုပင် ပြောပေမယ့်
မင်းဟာ သက်မဲ့မဟုတ်တာ ရင်မှာသိနေတယ်
ချစ်ခြင်းတရားကို နှလုံးသားက နားလည်နေတယ်..

ငါနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မင်းက စိုးမိုးလို့ထားတယ်..
အဲဒီ မျှော်လင့်ချက်အကြောင်း
မင်းကို ရင်ဖွင့်ပြတဲ့အခါ
လိုချင်တာတစ်ခုအတွက် ဘယ်အခါမှ
အလွယ်တကူ မယုံမှားမိဖို့
မင်းက ငါ့ကို သွန်သင်တယ်..

ဒါပေမယ့်လည်းလေ……
ငါတို့တွေရဲ့ကြားမှာ
သူငယ်ချင်းဆိုတာက
စည်းခြားကာ ထားနေလေတော့
ငါ့ဘဝ အနာဂတ်ခရီးမှာ
မင်းကို ချစ်နေခွင့် ရှိဦးမလား!!!!!!



မူရင်း အဂံလိပ်ကဗျာ 

Can I Love You

I gave my heart to you
I set my standards high
I laid my eyes on you,
I laughed and cried with you,
I told you my hopes and dreams,
my love and fears.
My tears I shed all over your shoulder.

In the end,
I came to see that you were the only guy I could ever trust.

When I see you,my face lights up with
aspiration,and happiness.

When we talk, I can feel the load unload
with soothing words from you.

I have the feeling of love in my heart.
In my mind, I say "you don't mean a thing."
In my words, I say "you are just a friend."

But in the deep end of my heart,
I think of only you.

When I tell you my expectations of a guy,
You tell me never to fall short of what I want.

But only one thing stands in the way
you are a friend.
Can I still love you the way that I do?
 






0

ဘာကြောင့် လေဖြတ်ရသလဲ..??

Posted by မေမြို့သား on 12:43 PM in
ဦးနှောက်အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းဝင်ရောက်မှုမှာ အနှောင့်အယှက်ဖြစ်သည့်အခါ ရုတ်တရက် လေဖြတ် ခြင်း ဖြစ်ပေါ်လာပါသည်။ သက်ဆိုင်သည့်နေရာတွင် ပျက်စီးမှုရှိပြီး ဦးနှောက်၏ ယင်းအစိတ်အပိုင်းနှင့် ဆက်စပ်သည့် လုပ် ငန်းဆောင်တာတွေ လုပ်နိုင်ခြင်း ဆုံးရှုံးရသည်။ လေဖြတ်ခြင်း (Stroke) နှစ်မျိုးနှစ်စကားရှိသည်။ ယင်းတို့က (၁) ဦးနှောက် ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းနှင့် (၂) သွေးကြောပေါက်၍ ဖြစ်လာသည့် လေဖြတ်ခြင်းတို့ပဲ ဖြစ်သည်။
(၁) ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်း (Ischemic Stroke)
ကျောရိုးဆစ်များထဲ ဖြတ်သွားသည့် သွေးလွှတ်ကြော သို့မဟုတ် လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ် ကြောကြီးများ (carotid arteries) ထဲမှာ ပိတ်ဆို့မှု ဖြစ်လာသည့်အခါ Ischemic Stroke ဖြစ်ပေါ်သည်။ ယင်းသွေးလွှတ် ကြောကြီးနှစ်မျိုးစလုံးက ဦးနှောက်ထဲသို့ သွေးပေးပို့သည့် သွေးလွှတ်ကြောကြီးများပဲ ဖြစ်သည်။ သွေးထဲ စီးဆင်းနေသည့် အဆီချိုးတစ်ခု(a plaque) သို့မဟုတ် သွေးခဲတစ်ခု (a blood clot) က သွေးလွှတ်ကြောငယ် (သို့) ကျဉ်းနေသည့် သွေး လွှတ်ကြောတစ်ခုတွင် ပိတ်ဆို့သွားနိုင်သည်။ လေဖြတ်ခြင်းများထဲမှ ၈၀%မှာ Ischemic Stroke အမျိုးအစားဖြစ်သည်။
(၂) ဦးနှောက်တွင်း သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း (Haemorrhage Stroke)
သွေးကြောပေါက်ထွက်သွားခြင်းကြောင့် သွေးစုဝေးနေသည့်အခါ သွေးကြောပေါက်ခြင်းကြောင့် (သို့) သွေးယိုစိမ့် ခြင်းကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်သည်။ ဦးနှောက်ထဲတွင်ဖြစ်စေ၊ ဦးနှောက်နှင့် ဦးခေါင်းခွံအကြားနေရာတွင် အိုင်ထွန်းနေ သည့် သွေးသည် ဦးနှောက်အပေါ် ဖိအားကြီးမားစွာ ဖြစ်ပေါ်စေသည်။ ယင်းသို့ဖြစ်ခြင်းက အနီးရှိ ဦးနှောက်ဆဲလ်များကို သေ စေနိုင်ပြီး အဝေးရှိ တစ်သျှူးကို ပျက်စီးစေနိုင်သည်။
လေဖြတ်ခြင်းများထဲတွင် ၂၀%မှာ သွေးကြောပေါက်ခြင်း (သို့) သွေးယိုစိမ့်ခြင်းကြောင့်ဖြစ်သည်။ အဓိကအကြောင်း ရင်းမှာ သွေးတိုးရောဂါကြောင့်ဖြစ်သည်။ သွေးကြောပေါက်လေဖြတ်ခြင်းက ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် လေဖြတ်ခြင်းထက် များသောအားဖြင့် ပိုပြီးထိခိုက်မှုများစေပြီး အသေအပျောက်လည်း ပိုကြီးမားသည်။
ဦးနှောက်ထဲ သွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်း (Ischemic Stroke) ထဲတွင် အောက်ပါအမျိုး အစားများ ပါဝင်သည်။
သွေးခဲဆို့ခြင်းကြောင့် လေဖြတ်ခြင်း (Thrombotic Stroke)
ဦးနှောက်တွင်းရှိ သွေးလွှတ်ကြောတစ်ခုခု လည်ပင်းတစ်ဖက်တစ်ချက်ရှိ ပင်မသွေးလွှတ်ကြောကြီးများ သို့မဟုတ် ကျောရိုးဆစ်များထဲဖြတ်သွေါ်လွှတ်ကြောထဲရှိ ကိုလက်စထရောပါ ဆီးချို (plaque) တစ်ခုကွာကျသွားသည့်အခါ သွေးခဲဆို့ ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပေါ်သည်။ ဆီးချိုပေါ် သွေးခဲဖုံးအုပ်ပြီး သွေးစီးဆင်းမှုအတွက် ပိတ်ဆို့မှု ဖြစ်ပေါ်သည်။ သွေးခဲ ဆို့ခြင်းကြောင့် လေဖြတ်ခြင်းမဖြစ်မီ transient is chemic attack (TIA) ခေါ် လေဖြန်းခြင်းက များသောအားဖြင့် ရှေ့ က ဖြစ် ပေါ်သည်။ ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့် ဖြစ်သည့် လေဖြတ်ခြင်းများထဲတွင် သွေးခဲဆို့ခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းမှာ ၁၅%ခန့်ရှိသည်။
သွေးကြောဆို့ပစ္စည်းကြောင့် လေဖြတ်ခြင်း (Embolic Stroke)
သွေးနှင့်အတူ လည်ပတ်စီးဆင်းနေသည့် သွေးခဲတစ်ခု (a blood clot) က ဦးနှောက်ထဲရှိ သွေးလွှတ်ကြောတစ်ခု တွင် စိုက်ဝင်ပြီး သွေးစီးမှုကို ပိတ်ဆို့စေသည့်အခါ ယခုလိုမျိုး လေဖြတ်ခြင်းဖြစ်ပေါ်သည်။ နှလုံးခန်းဦး နှလုံးခုန် မမှန်ခြင်း (atrial fibrillation) ကြောင့်လည်း နှလုံးအတွင်း သွေးကြောဆို့ပစ္စည်းများ ဖြစ်ပေါ်စေနိုင်သည်။ ဦးနှောက်ထဲ သွေးအရောက် နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများတွင် သွေးကြောဆို့ပစ္စည်း (embolus) ကြောင့် လေဖြတ်ခြင်း အမျိုးအစားမှာ ၆၀% ခန့် ပါဝင်သည်။
သည်သို့မျိုး လေဖြတ်ခြင်းမှာ ရုတ်တရက် ဖြစ်လာပြီး ပြင်းထန်သည်။ ရောဂါလက္ခဏာများမှာ မိနစ်ပိုင်း၊ နာရီပိုင်းကြာ အထိ လာလိုက်ပျောက်လိုက်ဖြစ်နိုင်သည်။ သို့မဟုတ် တောက်လျှောက် ဆိုးရွားသွားနိုင်သည်။ သွေးကြောဆို့ ပစ္စည်းကြောင့် လေဖြတ်ခြင်း၏ လေးပုံတစ်ပုံမှာ နှလုံးခန်းဦး နှလုံးခုန်မှုမမှန်ခြင်းကြောင့်ဖြစ်သည်။
ကျင်းသိမ်သဏ္ဍာန်တစ်သျှူးသေကြောင့် လေဖြတ်ခြင်း (Lacuna Stroke)
ယင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းသည် ဦးနှောက်ထဲသွေးအရောက်နည်းခြင်းကြောင့်ဖြစ်သည့် လေဖြတ်ခြင်းများ ၏ ၂၅%အတွက် တာဝန်ရှိသည်။ သည်အမျိုးအစား လေဖြတ်ခြင်းမှာ ဦးနှောက်တွင်းရှိ ပိုမိုသေးငယ်သည့် သွေးကြောများ တွင် ပိတ်ဆို့မှုရှိခြင်းကြောင့် ဖြစ်သည်။ ယင်းပိတ်ဆို့မှုက ဦးနှောက်၏ အစိတ်အပိုင်းတချို့ ကို သွေးငတ်စေသည့်အတွက် ကျင်းသိမ်သဏ္ဍာန်(သို့) အခေါင်းငယ်သဏ္ဍာန် အမာရွတ်တစ်သျှူးနေရာဖြစ်စေသည်။ ဦးနှောက်၏ အစိတ်အပိုင်းသေးသေး လောက်သာ ထိခိုက်မှုရှိသည့်အတွက် ရောဂါရှာရခက်သည်။ ဦးနှောက်လုပ်ဆောင်ချက် ပြန်ကောင်းလာရန် အလားအလာ ပို ကောင်းသည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်း (Intracerebral haemorrhage)
ဦးနှောက်တွင်းရှိ သွေးကြောတစ်ချောင်းပေါက်သည့်အခါ ဦးနှောက်တွင် သွေးယိုစီးခြင်း (သို့) သွေးသွန်ခြင်းဖြစ်ပွား သည်။ ယင်းသို့ ဖြစ်ပါက ရုတ်တရက် စူးစူးရှရှ ခေါင်းကိုက်ခြင်းနှင့် အန်ခြင်းဖြစ်စေသည်။ ရံဖန်ရံခါ သတိလစ်ပြီး အသက်ဆုံး ရှုံးသည်အထိ ဖြစ်နိုင်သည်။
ဦးနှောက်တွင်း သွေးယိုစီးခြင်းကို အများဆုံး ဖြစ်စေသည့် အကြောင်းရင်းတွင် သွေးတိုးရောဂါပါဝင်သည်။ ကူးစက် ရောဂါများ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းများ၊ အကျိတ်အဖုများ သို့မဟုတ် သွေးကြောဖောင်းခြင်းမှ ပေါက်သွားခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ ဦးနှောက်တွင်း သွေးယိုစီးခြင်းသည် အသက် ၆၀ကျော်သူများတွင် ပို၍ အဖြစ်များသည်။
ပင့်ကူမြှေးအောက် သွေးယိုစီးခြင်း (Subarachnoid haemorrhage)
ပင့်ကူမြှေးဆိုသည်မှာ ဦးနှောက်ကို ဖုံးလွှမ်းထားသော ပင့်ကူမြှေးသဏ္ဍာန်ရှိ ဦးနှောက်အပိုင်းဖြစ်သည်။ ယင်းနေရာ တွင် သွေးယိုစီးမှု ဖြစ်ပေါ်လာပါက အပြင်းထန်ဆုံး လေဖြတ်ခြင်းမျိုး ဖြစ်လေ့ရှိသည်။ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ရာသက် ပန်မသန်မစွမ်းဖြစ်ပွားနိုင်သည်။ ဦးနှောက်ပေါ်ရှိ အထင်ကရသွေးကြောတစ်ကြောပေါက်သွားသည့်အခါ ယင်းဖြစ်ရပ် ဖြစ်လာ သည်။ သွေးယိုစီးမှု (သို့) သွန်မှုကြောင့် ဦးနှောက်တစ်ခုလုံးအပေါ် ကြီးမားသည့် ဖိအားသက်ရောက်သည်။ ထိခိုက်ပျက်စီးမှု မှာ ဦးနှောက်၏ ဘယ်အစိတ်အပိုင်းက ပုံမှန်မဟုတ်သည့် ဖိအားအောက်တွင် ရှိနေသည့်အပေါ် မူတည်သည်။

(ကျတော်.. အွန်လိုင်းမှာ ဖတ်မိသလောက် မျှဝေခြင်းသာ ဖြစ်ပါသည်ဗျာ)

0

လွတ်လပ်ခြင်း

Posted by မေမြို့သား on 12:41 PM in

  • Know this, that ev’ry body is free
  • To choose his life and what he’ll be;
ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။
choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။
I have the freedom to be who I want to be. I am not going to give that freedom away.
ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။
ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။
ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။
ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။
မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။
ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။
Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)
လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။
ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။
ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။
Patterning your life around other’s opinions is nothing more than slavery.
ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။
မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။
Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)
လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။
ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။
ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။
အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။
When a man ceases to choose, he ceases to be a man. (Anthony Burgess)
ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။
ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။
Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)
ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။
ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။
တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။
လွတ်လပ်မှု ဆိုတာ ဘာလဲ။
လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။
ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်
ဖန်တီးခွင့်ကို ဆိုတယ်။
ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။
ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။
ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်
ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ
လူအဆင့်မှာ မရှိတော့ဘူး။
While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.
လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။
  • In nameless ways be good and kind,
  • But never force the human mind.
နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။
မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။
  • Freedom and reason make us men;
  • Take these away, what are we then?
လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။
အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။
ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်
ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်
သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို
ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ
သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။
ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.
ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။
ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။
အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။
ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။
———-*****———-
ကဗျာလေးကို တစ်စု တစ်ဝေးတည်း ပြန်ကြည့်ရင်
  • “Know this, that ev’ry body is free
  • To choose his life and what he’ll be;
  • In nameless ways be good and kind,
  • But never force the human mind.
  • Freedom and reason make us men;
  • Take these away, what are we then?
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.”

    ကျတော် အရမ်းကြိုက်ခဲ့ရတဲ့ စာစုလေးတွေကို မျှဝေလိုက်ပါသည်ဗျာ ..


Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.