0

ငါဖြစ်ချင်တာ. . မှားလားးး. .

Posted by မေမြို့သား on 4:12 AM in

တစ်ခါ သူအထင်ကြီးတဲ့
နာမည်ကျော်လေး ဖြစ်ချင်တယ်
သူ့မျက်လုံးတွေက
လှတယ် အမြဲ ပြောတာလေး ခံချင်လို့ပါ

@ တစ်ခါတစ်လေ တော့ သူအမြဲ နားထောင်တဲ့
သီချင်းလေးဖြစ်ချင်တယ်
နှုတ်ခမ်းဖျားမှာ
သူအမြဲလိုလို ငြီးဆိုနေတာ ခံချင်လို့ပါ

@ တစ်ခါတစ်လေတော့ လည်း
သူ့ချစ်သူလေးပဲ ဖြစ်ချင်တယ်
ရင်ဘတ်ထဲမှာ
သူအမြဲဂရုစိုက်တာ လေးခံချင်လို့ပါ


0

မျှော်လင့်ခြင်း

Posted by မေမြို့သား on 4:10 AM in ,

ငါ့ရှေ့မှာ တခြားသူတစ်ယောက်လက်ကိုတွဲလို့
ရပ်နေတဲ့ နင့်နာမည်လေး တီးတိုးရွတ်ဆိုမိတယ် …

လွမ်းတယ်ချစ်သူရယ်
နင်မရှိတဲ့နောက် နင်ကိုစိတ်ကောက်ခဲ့တာလေးတွေကိုပေါ့

သတိရတယ် ချစ်သူရယ်
နင်ထားခဲ့တဲ့နောက် ချိန်းထားတိုင်း နောက်ကျမှ ရောက်တတ်တဲ့
နင့်ရဲ့စရိုက်ကလေးကိုပေါ့

တမ်းတမိတယ် ချစ်သူရယ်
နင်နဲ့ဝေးတဲ့နောက် ခြေရာဖျောက်ပြီး လျှောက်လည်တတ်တဲ့ နင့်အကျင့်ဆိုးလေးတွေကိုပေါ့

ပြန်လိုချင်မိတယ် ချစ်သူရယ်
နင်နဲ့ မတွေ့ဖြစ်တော့တဲ့နောက် ဖုန်းမကိုင်တတ်တဲ့ နင့်ဖုန်းကို ခေါ်ရတဲ့ အလုပ်ကလေးကိုပေါ့


နောင်တမရတတ်တဲ့ နှလုံးသားနဲ့
ငါရူးမတတ်ချစ်ခဲ့ဖူးတာတောင် အတိတ်တဲ့လား

ဘာလိုလိုနဲ့ ငါတို့ဝေးခဲ့တာ …. နင်တောင် ငါ့ကိုမမှတ်မိတော့ဘူးပဲ


0

သူ့အတွက် ကျတော့်အချစ်

Posted by မေမြို့သား on 4:09 AM in
တခါတရံ ချစ်ခြင်းဟာ နာကျင်မှုတွေပိုများပါတယ်
ဒါပေမဲ့ ကြည်နူးမှုဆိုတဲ့ ပျားရည်လေးတစက်ကြောင့်
နာကျင်ခြင်းတွေကို မေ့ထားလိုက်နိုင်တယ်

ဥပမာ သူ့ကြောင့်ဘယ်လိုပဲ နာကျင်ခဲ့
သူ့ရဲ့နွေးထွေးတဲ့ပွေ့ဖက်မှုတခု ဒါမှမဟုတ် ချိုမြိန်တဲ့အနမ်းလေးတခုနဲ့ အရာအားလုံးကိုထားခဲ့ပစ်လိုက်နိုင်သလိုပေါ့


0

ပေါက်ကွဲခွင့် . .

Posted by မေမြို့သား on 4:07 AM in
တကယ်ချစ်မိသွားမှာ ကြောက်လို့
အရင်တစ်ယောက်ကိုလဲ အတွဲမပြတ်
အသစ်ကိုလဲ မဖြတ်ရက်ပဲ
ငါ့အတွက် နင်ဟန်ဆောင်နေခဲ့တာ
ငါမြင်ခဲ့တဲ့ နင့်သံယောဇဉ်တွေက သက်သေပြခဲ့တယ်….။

နင့်အတွက် မြေချထားတဲ့ ငါ့မာနကိုမှ
သံသယအတွေးတွေနဲ့ အကြိမ်ကြိမ် ထိုးနှက်
အရှုံးအလိုရှိနေတဲ့ ရိုက်ခက်မှုတွေနဲ့
နင့်နှလုံးသားကို နင်လိမ်ညာနေခဲ့ တာ
အချစ်စစ်တွေနဲ့ စတေးပြီး ငါလက်ခံခဲ့တယ် …..။


0

နင် ရက်စက်တယ် . .

Posted by မေမြို့သား on 4:06 AM in
မျှော်လင့်ချက်တွေပေးခဲ့တယ် . .
သူ နင်းချေပစ်တယ် . .

ယုံကြည်မှုတွေပေးခဲ့တယ် . .
သူ လွှင့်ပစ်ရက်ခဲ့တယ် . .

ခံစားချက်တွေကို အစစ်အမှန် ခံစားစေခဲ့တယ် . .
သူ တခြားတစ်ယောက်ရင်ဘတ်ထဲ ထည့်ခဲ့တယ် . .

နားလည်မှုတွေ ပေးခဲ့တယ် . .
သူ သံသယ အမြင်တွေနဲ့ ကျတော့်ကိုတစ်ယောက်တည်း ထားရက်ခဲ့တယ် . .



0

နင် သိစေဖို့ .

Posted by မေမြို့သား on 4:05 AM in
လူတစ်ယောက်ကို တကယ်ချစ်ရင်  ..
သူ့ရဲ့ အားနည်းချက် အားသာချက်တွေကို
ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပဲ . .
နားလည်ပေးနိုင်ဖို့သာ ကြိုးစားလိုက်ပါ . . 

0

စောင့်မျှော်နေသူ . .

Posted by မေမြို့သား on 3:59 AM in
ငါဘယ်မှ မသွားဘူး
နင့် နှလုံးသားတံခါးဝမှာပဲရှိနေမယ်
သတိရလို့
နင်တံခါးဖွင့်ကြည့်တဲ့ အခါ
ငါ အဆင်သင့် ရှိနေ ချင်လို ပါ . . .



Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.