0

သူငယ်ချင်း အတွက် . .

Posted by မေမြို့သား on 8:45 AM in

တစ်တောင်တက်
တစ်တောင်ဆင်း
တစ်တောင်ပြီး တစ်တောင်
ခရီးနှင်ရင်း
ဆုံတွေ့ဖြစ်တဲ့ သူငယ်ချင်းများ…

တကွေ့မှာ ဆုံတွေ့ရင်း
တကွေ့မှာ နှုတ်ဆက်ရင်း
ရင်းနှီး ခွဲခွာ လူ့လောကမှာ
အဆိုး အကောင်း ဒွံတွဲနေလဲ
ငါတို့တွေ လျှောက်နေရစမြဲ…

တခါတလေတော့လဲ ဘ၀ဟာ
ရုန်းရင်းနစ်ဝင်တတ်တဲ့ နွံလိုမျိုး
ပေါ့ပါးလန်းဆန်းတတ်တဲ့ လေပြေမျိုး
နိမ့်လိုက်မြင်းလိုက်စီးဆင်းတဲ့ ရေလှိုင်းမျိုး
အမျိုးမျိုး အဖုံဖုံနဲ့ ဘယ်အရာမှမတည်မြဲပါဘူး…

ရောက်လေရာအရပ်
တစ်ဖက်တစ်ချက်မှာ
လူတော်လူကောင်းနဲ့ ဆုံမိရင်
အဖော်ကောင်းလို့မြင်
လူယုတ်မာနဲ့ ဆုံမိရင်
(ဘ၀) အတွေ့အကြုံအသစ်လို့မြင်
သူ့တို့လိုမဖြစ်အောင် ဘ၀ကိုပြုပြင်ပါ…

လွမ်းဆွေးချင်ရင် လွမ်းဆွေးပါ
ငိုကြွေးချင်ရင် ငိုကြွေးပါ
စိတ်ညစ်နေရင် မျှဝေပါ
(သူငယ်ချင်း…) ဘုရားပေးတဲ့ ပုခုံးတစ်ဖက်နဲ့ မင်းဟာ
ဘယ်တော့မှ တကိုယ်တော်မဖြစ်ခဲ့ပါဘူး…

ငါ့တို့တွေဟာ…
ပန်းတိုင်မတူပေမယ့်
ငါ့တို့ရဲ့ မနက်ခင်းတွေတူတယ်
ရည်မှန်းချက်တွေမတူပေမယ့်
ငါတို့ရဲ့ ယုံကြည်မှုတွေတူတယ်
ခင်မင်မှု အတိုင်းအတာမတူပေမယ့်
ငါတို့ရဲ့ မေတ္တာတရားတွေတူတယ်
တူညီမှုတွေစုနေတဲ့ လူ့အသိုင်းအ၀ိုင်းတစ်စုမှာ
ငါတို့တွေ ဆုံတွေခဲ့တယ်ါ်
ရှင်သန်တဲ့ အသွင်သဏ္ဍန်မတူကြပေမယ့်
မပြောင်းလဲတဲ့ကောင်းကင်အောက်မှာအတူရှိနေကြတယ်
ဝေးကွားခြင်းနဲ့ ကြုံရရင်တော့ ပြုံးပြုံးလေးနှုတ်ဆတ်ကြတာပေါ့….

0

ငါ့ ရဲ့ ကောင်း ကင် ..

Posted by မေမြို့သား on 5:26 AM in

အချစ်ဆိုတာ
ဆုံတွေ့ခွင့်ရှိမှ
ရှင်သန်နေမှာမဟုတ်ပါဘူး
ငါ့ရင်ထဲမှာ မင်းကို
အမြဲတမ်းတ အမှတ်ရနေမယ်
မင်းရင်ထဲမှာလဲ ငါ့ကို
အမြဲတမ်းတ
အမှတ်ရနေမယ် ဆိုရင်
ဘယ်လောက်ဝေးဝေး
ရှင်သန်နေမှာပါ .. ။


0

နင်.အနားမှာအမြဲရှိချင်တယ်

Posted by မေမြို့သား on 5:22 AM in
တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ
ရင်ထဲမှာ ရှိနေတာ….
အိပ်မရတဲ့ ညတွေမှာတမ်းတမ်းတတနဲ့
ရင်ထဲမှာ ရှိနေတာ….
အတိတ်ကိုပြန်တွေးမိတိုင်း မွန်းကြပ်မှုတွေနဲ့
ရင်ထဲမှာ ရှိနေတာ….
အမှတ်တရတွေ တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ….
ပျော်ရွှင်မြူးနေတဲ့ ချစ်သူတွေကို တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ…
အနာဂတ် ကို တွေးမိတိုင်း
ရင်ထဲမှာ ရှိနေတာ….



0

အပြောင်းအလဲ – မောင်စိန်ဝင်း ( ပုတီးကုန်း )

Posted by မေမြို့သား on 7:25 PM in

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်ြးွေကမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။

ဪသာ် နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ။

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ၊
ဘဝဆိုတာ ဒါပဲ ခင်။

မောင်စိန်ဝင်း ( ပုတီးကုန်း )

0

တစ်ခါတုန်းက နေရာဟောင်း – မောင်စိန်ဝင်း(ပုတီးကုန်း)

Posted by မေမြို့သား on 7:23 PM in

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်၊
အပေါ်မျက်နှာ၊ ဆီငွေ့ဖြာတင်း၊
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်၊
နေ့ရက်များစွာ၊ အနာဂတ်လေ၊
မရေရာလည်း၊ ဝမ်းမနည်းသေး၊
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ၊
ကာလလေးတွေ။

အင်းလျားရတနာ၊ မာလာသီရိ၊
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်၊
စိတ်စက်မငြိမ်၊ ပါလာချိန်တို့၊
ညှို့ယူဖမ်းစား၊ ညနေများစွာ၊
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ၊
မြို့မတေးသွား၊ စည်းဝါးသံစဉ်၊
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်၊
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်၊
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်၊
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ၊
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား၊
ညများအသင်္ချေ။

ကျန်ခဲ့ပြီလေ၊
ဖိတ်စင်ကြေမွ၊ ပြန်မရတော့၊
ညများနေ့များ၊ စားဝတ်နေမှု၊
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို၊
တစ်ခါရောက်တယ် သူငယ်ချင်း …။

မောင်စိန်ဝင်း(ပုတီးကုန်း)

0

တစ်နေ့နေ့ တော့ ..

Posted by မေမြို့သား on 7:19 PM in

ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေကြားမှာ

သူ့လက်ကလေးကိုင် အတူမထိုင်ခဲ့ဖူးပါဘူး

သူ့ပါးပြင်ထက်အနမ်းစက်လဲမခြွှေခဲ့ဖူးပါဘူး

သူ့ပခုံးလေးဖက် ဘုရားပေါ်လဲ အတူ
မတက်ခဲ့ဖူးပါဘူး

ဒါပေမယ့်လဲ……
ပင်လယ်တောင်တန်း ကမ္ဘာတခြမ်းစီက
ဝေးကွာလွန်းတဲ့ ချစ်ခြင်းတွေအောက်မှာ

ရယူခြင်း ပိုင်ဆိုင်ခြင်းကင်းမဲ့စွာ ချစ်ရင်းနဲ့
တနေ့နေ့တော့…..
သူ့လက်လေးတွဲ ဘ၀ဆိုတဲ့ လမ်းထဲ
အတူ လျှောက်လှမ်းချင်မိပါရဲ့……

0

အလွမ်း

Posted by မေမြို့သား on 7:18 PM in

ချစ်ခြင်းနဲ့ဝယ်မှရတဲ့အရာ. .
 ဒါမှမဟုတ်
 ချစ်သူနဲ့အလဲအလှယ်လုပ်မှ
 ရနိုင်တဲ့အရာ ..
 ရင်ထဲမှာ အကြာကြီးရှိနေတတ်တယ်….

- ဝေးကွာခြင်း…….. တဲ့
  အဲ့ဒီအပင်မှာ …
  ထာဝရဝေနေတတ်တဲ့ အပွင့်တွေ
  တစ်သက်လုံးမကြွေတော့ပါဘူုးကွယ်….

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.