0

;-)

Posted by မေမြို့သား on 7:04 PM in

ပန်းပွင့်ကို ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ထုံနံ့သာ ငုံကာဖူးခါမှ၊
လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊
အပင်ကို ကျွန်တော်ပျိုး။
သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊
လက်ဦးသူ .. ခိုး။

ပန်းအလှ ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့၊
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်၊
အချိုပင် ကျွန်တော်ပျိုး။
သီးချိန်တန် တမာပျားလို၊
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်၊
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု၊
ကံနည်းသူ ကျွန်တော်မို့၊
တော်သလိုပွင့်၊
သင့်သလိုဖူး၊
လက်ဦးသူ ချိုးချိုး၊
မြတ်နိုးသူ ပန်ပန်၊
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊
ရင်ထိတ်တကား။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

0

ညို – မောင်စိန်ဝင်း (ပုတီးကုန်း)

Posted by မေမြို့သား on 7:02 PM in
ဟိုး …. တောင်ထိပ်မှာ
မိုးရိပ်ညိုညို့၊ မှိုင်းရီဆို့လျှင်၊
ပိုလို့တမ်းတ၊ သတိရလျက်၊
ဖြေပြေခက်လို့ ….
မျက်ဝန်းထဲမှာ မိုးရွာပြီ ညို …. ။
ဒါပါပဲကွယ် …
ပုံပြင်ရယ်ထား၊ အိပ်မက်များလို၊
မေ့သွားနိုင်ရိုး၊ အဖြစ်မျိုးလား၊
မြတ်နိုးနှောင်ရစ်၊ သောကမြစ်လျှံ၊
ချစ်ခြင်းဆင်းရဲ၊ မိုးသားမည်းညို၊
ပြိုမည်အုံးအုံး၊ မိုးထစ်ခြုံးပြီ ….
နှလုံးသားတောင်ထိပ်က …
အလွမ်းမိုးရိပ်တွေပါ ညို။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

0

သို့ .. ချစ်သူ .

Posted by မေမြို့သား on 8:22 AM in

ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါကွာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။

ချစ်သူ
ငါငိုရင်ဝမ်းနည်းတယ်ဆို
ငါ့မျက်ရည်တွေ မင်းရှေ့မှာ
ကျစေချင်လိုက်တာ
ဒါပေမယ့် ချစ်သူ
မင်းမျက်နှာကို မြင်ရင်
အလိုလို အပြုံးပန်းတွေ
ပွင့်ဖူးတယ်။

ချစ်သူ
နှလုံးခုန်နေသရွေ့
ချစ်နေမယ်ဆို
အခုချိန်မှာတော့
“ဟုတ်သေးရဲ့လား” လို့
မေးချင်လိုက်တာကွာ
ဒါပေမယ့် ချစ်သူ
မင်းရဲ့မျက်နှာ
ညှိုးသွားမှာ စိုးမိတယ်။

ချစ်သူ
ငါက ပျော်ရွှင်မှုတွေ
ယူဆောင်လာတယ် ဆို
အခုတော့ မဟုတ်တော့ဘူးတဲ့လား
ဝမ်းနည်းမိပါတယ်
ဒါပေမယ့် ချစ်သူ
နားလည်မှုနဲ့အတူ
မင်းကို ပျော်ရွှင်ခြင်းတွေပဲ
ပေးတော့မယ်။

ချစ်သူ
ငါဟာမင်းအတွတ်
တန်ဖိုးမဖြတ်နိုင်ဘူးတဲ့လား
ဒါပေမယ့် ချစ်သူ
ငါ….. ယုံကြည်မှုတွေ လျော့ပါးလာပြီ
ငါဟာ မင်းရဲ့ ရတနာ မှ
ဟုတ်သေးရဲ့လား လို့
ထပ်မေးပါရစေ။

By : http://www.poemscorner.com/post-type/myanmar-poems/1415

0

ချစ်သူ သို့ . .

Posted by မေမြို့သား on 8:13 AM in

လမ်းမှာတွေ့ရင်

(နင့်ကို) နှုတ်မဆက်ရဲဘူး

နင့်ရဲ့တုန့်ပြန်မှု ငါ့အပေါ်

မညင်သာမှာစိုးတယ်……

အနမ်းတွေတွေ့ရင်

(နင့်ကို) မလွမ်းရဲဘူး

နင့်ရဲ့အနမ်းမိုးတွေ ငါ့အပေါ်

မရွာခဲ့တာကြာခဲ့ပြီလေ………

လွမ်းစရာတွေ့ရင်

(နင့်ကို)မတမ်းတရဲဘူး

နင့်ရဲ့လမ်းခွဲခြင်း ငါ့အပေါ်

သက်ရောက်ခဲ့တာကြာခဲ့ပြီလေ…..

နင်တို့နှစ်ယောက်ကိုတွေ့ရင်

(နင့်ကို)ငါ့နှလဲုးသားထဲမှာ

သိမ်းထားဆဲပါဆိုပေမယ့်လည်း

နင့်ရဲ့ချစ်သူက ငါမဟုတ်တော့တာ

တစ်နှစ်တောင်ပြည့်ခဲ့ပြီလေ…..

ဘာပဲဖြစ်ဖြစ်(နင့်ကို)

ငါ့ဘက်ကနေပဲ ဆက်ချစ်နေပါရစေ……
 By: http://www.poemscorner.com/post-type/myanmar-poems/22447

0

ငါ ချစ်တဲ့ နင် = နင်မချစ်တဲ့ ငါ ..

Posted by မေမြို့သား on 8:11 AM in

ငါချစ်တဲ့ နင်နဲ့ နီးချင်လို့ ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်….
ငါချစ်တဲ့ နင့်ကို မစွန့်လွတ်ချင်လို့ နားလည်မှုတွေပေးခဲ့တယ်..
ငါချစ်တဲ့ နင့်မျက်နှာ အလိုကျ အလိုက်သိမှုတွေပေးခဲ့တယ်……
ဒါတောင်……….
ငါချစ်တဲ့နင်က ငါ့လက်ကို ဖြုတ်ချခဲ့သေးတယ်
အခုတော့…………
ငါချစ်တဲ့နင်က ငါမဟုတ်တဲ့သူ့ကို…..ခွဲမသွားဖို့ ဒူးထောက်တောင်းပန်နေတယ်တဲ့…….။

(အဆိုတော် မခင်ဘုဏ်းရဲ့ ကဗျာတစ်ပုဒ်ပါ…သူငယ်ချင်းတွေ ကြိုက်မယ်လို့ ကေ မျှော်လင့်ပါတယ်)


0

မသိခြင်း

Posted by မေမြို့သား on 8:08 AM in

ရင်ထဲမှာတောက်လောင်နေတဲ့ မီးတွေများလွန်းလို့
ဘာကိုမှ မမြင်နိုင်အောင်ပါပဲ…
ဒါနဲ့များ
မီးကို အလင်းရောင်ပေးနိုင်စွမ်းတယ်လို့
ဘယ်သူတွေကများ ပြောခဲ့ပါလိမ့်…

 By: 
http://www.poemscorner.com/post-type/myanmar-poems/2497






0

ရင်ထဲက .. နင် .

Posted by မေမြို့သား on 8:04 AM in

သတိရတယ်လို့ ပြောရအောင်..!
အမှတ်တရတွေ မရှိခဲ့ ဘူး…………..
လွမ်းတယ်လို့ ပြောရအောင်လည်း……..
ချစ်သူတွေမဟုတ်ခဲ့ ပြန်ဘူး……….
ဒါပေမဲ့ ..ငါရင်ထဲမှာ(နင်)……….
ဘာလို့ အချိန်တိုင်းရှင်သန်နေတာလဲ……..!~~~~~~


by : http://www.poemscorner.com/post-type/myanmar-poems/1881





Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.