0
အဝလွန်နေသော ဖခင်ဖြစ်သူ၏ သားသမီးများ အဝလွန်ရန် အလားအလာ ပိုမိုများ
Posted by မေမြို့သား
on
7:08 AM
in
ဗဟုသုတ ဆေးစာများ
ကိုယ်အလေးချိန် လွန်ကဲနေသောဖခင်တို့တွင် ကိုယ်အလေးချိန် တိုးမှုဆိုင်ရာ ပြဿနာရှိနေသောသားသမီးများရရှိရန် ပိုမိုအလားအလာရှိကြောင်းသိရသည်။ နယူးကာဆယ် တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ကမိသားစု ၃၀၀၀ ကျော်အားလေ့လာဆန်းစစ်မှု ပြုချက်အရအသက်လေးနှစ်မှ ရှစ်နှစ်အရွယ်ရှိကလေးငယ် တစ်ဦး၏ ဖခင်သည် ကိုယ်အလေးချိန် လွန်ကဲခြင်းသို့မဟုတ် အဝလွန်ခြင်း ဖြစ်နေပါကထိုကလေးသည် အခြားကလေးများထက် အနည်းဆုံးလေးဆခန့် ကိုယ်အလေးချိန် တိုးလာရန် အလားအလာများကြောင်းတွေ့ရှိရသည်။ ဆန့်ကျင်ဘက်အားဖြင့် ကိုယ်အလေးချိန် လွန်ကဲခြင်းသို့မဟုတ် အဝလွန်နေသောမိခင်၏ သားသမီးများမှာမူကိုယ်အလေးတိုးသည့် ပြဿနာရှိလာမည့် အခွင့်အလမ်းအနည်းငယ်သာရှိသည်ဟုဆိုသည်။ သုတေသီအမ်မီလီဖရီးမင်း၏ အဆိုအရမိဘနှစ်ပါးစလုံးကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်နေပါကသူတို့၏ကလေးများမှာကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်လာဖွယ်ရာအခွင့်အလမ်းများကြောင်းကိုသိထားခဲ့ကြကြောင်း၊ ယခုလေ့လာဆန်းစစ်မှုတွင် မိဘတစ်ဦးတည်းကသာလျှင် ကိုယ်အလေးချိန် လွန်ကဲ၍ အဝလွန်နေပြီးထိုမိသားစုမှ အသက်လေးနှစ်မှ ရှစ်နှစ်အရွယ်ရှိသားသမီးတို့၏ ကိုယ်အလေးချိန် ပြဿနာကိုခြေရာခံခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ သုတေသီတို့ကမိဘစုံညီရှိသောမိသားစု ၃၀၀၀ ကျော်တို့ထံမှ အချက်အလက်များကိုလေ့လာဆန်းစစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် သုတေသီတို့၏ လေ့လာဆန်းစစ်မှုတွင် ကလေးငယ်တို့ကမိဘများကိုတုပ၍ စားသောက်ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကဲ့သို့သောဆက်နွှယ်မှုများကိုမူလေ့လာဆန်းစစ်မှုပြုခဲ့ခြင်းမရှိကြောင်းသို့ရာတွင် တွေ့ရှိရသောရလဒ်ကအဝလွန်နေသောဖခင်ဖြစ်သူကိုကုသပေးခြင်းကကလေးငယ်အားအဝလွန်ခြင်းမှ ကာကွယ်ပေးခြင်းသို့မဟုတ် ကုသပေးခြင်းကိုအောင်မြင်စွာလုပ်ဆောင်နိုင်မည့် နည်းဗျူဟာဖြစ်မဖြစ် စမ်းသပ်ရန် အဆောတလျင် လိုအပ်ကြောင်း ပြသနေသည်ဟုဖရီးမင်းကပြောကြားခဲ့သည်။
Post a Comment