0
ဘောလုံးကို ခေါင်းတိုက် ကစားခြင်းသည် ဦးနှောက်ကို ထိခိုက်စေနိုင်ဟုဆို
Posted by မေမြို့သား
on
7:00 AM
in
ဗဟုသုတ ဆေးစာများ
ဘောလုံးကစားရာတွင် ဘောလုံးကိုခေါင်းတိုက် ကစားတတ်သောကစားသမားများသည် ဦးနှောက် ထိခိုက်ဒဏ်ရာရနိုင်ကြောင်းအမေရိကန် သုတေသီများကပြောကြားသည်။ အဲလ်ဘတ်အိုင်းစတိုင်းဆေးကောလိပ်မှ ပညာရှင် ဒေါက်တာမိုက်ကယ်အယ်လ်လစ်ပတန်က “ဘောလုံးကိုခေါင်းနဲ့တိုက် ကစားတာဟာကစားပွဲတွေရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သလိုဘောလုံးလေ့ကျင့်ခန်းတော်တော်များများမှာလည်းပါဝင်နေပါတယ်။ ဘောလုံးကိုခေါင်းနဲ့ တိုက်ခြင်းဟာဦးနှောက်ထဲကအာရုံကြောအမျှင်တွေကိုစုတ်ပြဲစေနိုင်တဲ့ အင်အားမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အကြိမ်ကြိမ်အထပ်ထပ် ခေါင်းတိုက်ရင်တော့ ဦးနှောက်ဆဲလ်တွေ အားနည်းလာနိုင်ပါတယ်” ဟုပြောသည်။ ဒေါက်တာလစ်ပတန်နှင့် အခြားပညာရှင်များသည် ပျမ်းမျှ အသက် ၃၀ ဒသမ ၈ နှစ် ရှိသောအပျော်တမ်းဘောလုံးသမား ၃၂ ဦးကိုလေ့လာခဲ့ကြပြီး ၎င်းတို့၏ လေ့လာတွေ့ရှိမှုများကိုမြောက်အမေရိကဓာတ်ရောင်ခြည် အသင်းကြီး၏ နှစ်စဉ် အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။
Post a Comment