0

သူမ . . . သို့ ပေးစာ . .

Posted by မေမြို့သား on 2:28 AM in

သူမသည် …. အရောင်ရှိသည် … သို့ သော် အရောင်မပြောင်းတတ် …
သူမတွင် …. ၀င်းလဲ့သော … မျက်ဝန်းတစ်စုံရှိသည် .. သို့ သော် အတုမဟုတ် …
သူမတွင် …. ချိုမြသော … နှုတ်ခမ်းတစ်စုံရှိသည် … သို့ သော် ပြုံးမနေတတ်ခဲ့ …

သူမတွင် .. ဒဏ်ရာတစ်ချို့ ရှိသည် …
သူမတွင် … သံသယတစ်ချို့ ရှိသည် ….
သူမတွင် ….. ပျက်စီးခဲ့သော အိပ်မက်တစ်ချို့ ရှိသည် ……..

သူမ၏ အရောင်မပြောင်းမှုကို ကျွန်တော်ပိုင်ဆိုင်သည် …
သူမ၏ မျက်ဝန်းတစ်စုံကို ကျွန်တော်မြတ်နိုးသည် ….
သူမ၏ အပြုံးတစ်ပွင့်ကို ကျွန်တော်မြင်ခွင့်ရခဲ့သည် …..

သူမ၏ ဒဏ်ရာတစ်ချို့ အတွက် .. ကျွန်တော် … နားလည်ပေးမည် …
သူမ၏ သံသယတစ်ချို့ အတွက် … ကျွန်တော် … အလင်းပြပေးမည် …
သူမ၏ ပျက်စီးနေသောအိပ်မက်တွေကို … ကျွန်တော် တစ်စစီကောက်ပီး …. အတူတူတည်ဆောက်ကြမည် …..

မည်သို့ ပင်ဖြစ်စေ …. အရာရာကို အတူတူပုံဖော်ခွင့်ပေးခဲ့သော သူမကို ကျွန်တော်မြတ်နိုးသည် ..
ဘယ်လိုအကြောင်းဖြင့်ပင်ဖြစ်ပါစေ … သူမကို ကျွန်တော်ချစ်သည် …..


0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.