0

အချစ်တစ်ခုရဲ့ ကောက်ကြောင်း . . .

Posted by မေမြို့သား on 2:52 AM in
အချစ်ဆိုတဲ့.
အရာတစ်ခု..
ကိုးကွယ် ဖို့ .. ငါနှလုံးသားက
တောင်းဆို ခဲ့တယ်..
တကယ်တော့... အချစ်.မှာ..
ဘုရားသခင် မရှိဘူးဆိုတာကို..ငါမသိလိုက်ပဲကိုး

ချစ်သူဆိုတဲ့..
ဆန့် ကျင်ဖက်.အရာတစ်ခု..
ရစ်ပတ်နှောင်ဖွဲ့  ဖို့  ငါ့ နှလုံးသားက
တောင်းဆိုခဲ့ပြန်တယ်
တကယ်တော့.. သံယောဇဉ်ဆိုတာ..
ငါ့လည်းပင်မှာ စွတ်မယ့် ကြိုးကွင်းဆိုတာ..ငါမသိလိုက်ပဲကိုး

အလွမ်းဆိုတဲ့..
လူတွေ ပြောပြောနေကျတယ့်.
ခံစားချက်တစ်ခု
ရယူခံစားဖို့  ငါ့နှလုံးသားက
တောင်းဆိုလို့ လက်ခံပေးရပြန်တယ်
အော်...
တကယ်တော့...အလွမ်းဆိုတာ..
နွေရာသီမှာ..ဖိနပ်နဲ့ ရေဘူးမပါဘဲ..ခရီးသွားနေရသလိုဆိုတာ
ငါမသိလိုက်မိဘူး..ကိုး

နောက်ဆုံးတော့
ချစ်တတ်သူတွေ..မုန်းသွားတဲ့အချိန်မှာ.
ပြောကျတဲ့စကားကို.ပဲငါ..ယုံကြည်ကိုးကွယ်လိုက်တယ်..
အတဲ့သူတွေ ချစ်လို့ အချစ်လို့ ခေါ်တယ်ဆိုတာပေါ့...

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.