0

ဒေါ်ခင်ကြည်အကြောင်း

Posted by မေမြို့သား on 2:45 AM in
ကျနော်တို့ နိုင်ငံမှာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်လည်း ပစ်ထားလို့မရပါဘူး။

၁၉၁၂ ဧပြီလ ၁၆ ရက်နေ့မှာ ဒေါ်ခင်ကြည်ကို မွေးဖွားခဲ့ပါတယ်။ ရန်ကုန် ကြည့်မြင်တိုင် အမျိုးသမီးအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ၉-၆-၄၂ မှာ ဗိုလ်ချူပ်အောင်ဆန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ သားသမီး ၃ ဦး ထွန်းကားပြီး နောက်ဆုံး တစ်ဦးက မွေးကင်းစမှာ သေဆုံးသွားပါတယ်။
သားအကြီး ဦးအောင်ဆန်းဦး၊ သားလတ် ဦးအောင်ဆန်းလင်း၊ သမီးငယ် ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ဖြစ်ပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း စိတ်တိုနေရင် ဒေါ်ခင်ကြည်ကို တွေ့လိုက်တာနဲ့ စိတ်ဆိုးပြေတယ်လို့ မှတ်ရပါတယ်။ စတွေ့ပုံကလည်း ဆေးရုံမှာ ဗိုလ်ချူပ်အောင်ဆန်းအား ဆေးကုသရင်းနဲ့ တွေ့ဆုံခဲ့တာပါ။ ခင်ပွန်းဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် တိုင်းပြုပြည်ပြု လွှတ်တော်မှာ ရန်ကုန်မှ ရွေးချယ်ခံရပါတယ်။ ၁၉၅၃-၅၈ အထိ မြန်မာနိုင်ငံ အမျိုသမီးများ ကောင်စီမှာ ဥက္ကဌအဖြစ် တာဝန်ယူပါတယ်။

ကဗျာဆရာကြီး တင်မိုးက ပြောဖူးပါတယ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတော်တော် သူ့အမေ ဒေါ်ခင်ကြည် ရှေ့မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မသိတဲ့ ကလေးလိုပဲ လို့တောင် ဒေါ်ခင်ကြည်ကို ချီးမွှမ်းထားတာပါ။

၁၉၆၀ မှာ မြန်မာနိုင်ငံတော်၏ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ပထမဆုံး အမျိုးသမီး သံအမတ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နီပေါ သံအမတ်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ယူခဲ့ ပါတယ်။

နိုင်ငံတော်က ဒေါ်ခင်ကြည်ကို မဟာသီရိသုဓမ္မဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။ ၁၉၆၇ မှာ အငြိမ်းစားယူခဲ့ပါတယ်။ ဒေါ်ခင်ကြည်ဟာ သဘောထား အလွန်ကြီး ပါတယ်။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးတော့ တရားရုံးက ဂဠာန်ဦးစော အမျိုးတွေက ဒေါ်ခင်ကြည်အား ပိုက်ဆံ (ထိုခေတ်က တော်တော်များသည် ဟု ဆိုသည်) ပေးစေဟု အမိန့်ချတာကို ဒေါ်ခင်ကြည်က သဘောမတူဘဲ အမှုကို ဖွင့်စရာမလိုဟု ဆိုကာ အမှုပိတ်ခဲ့ပါတယ်။

တရားရုံးက ဒေါ်ခင်ကြည်ကို မပေးသိဘဲ အမိန့်ချတာပါ။ ဒေါ်ခင်ကြည်ဟာ ၁၉၈၈ ဒီဇင်ဘာလ ၁၇ မှာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်ခင်ကြည် သက်ရှိ ထင်ရှားနေတုန်းက အတ္တုပတ္တိရေးဖို့ စာရေးဆရာတွေ က တောင်းဆိုခဲ့သော်လည်း ဒေါ်ခင်ကြည်က လက်မခံခဲ့ပါ။ ဒါကြောင့် ပြီးပြည့်စုံသည့် အတ္ထုပတ္တိ ယခုအထိ မရှိသေးပါဘူး။


အေးချမ်းမွန်မှ သုတစွယ်စုံကျမ်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.