0

;-)

Posted by မေမြို့သား on 7:04 PM in

ပန်းပွင့်ကို ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ထုံနံ့သာ ငုံကာဖူးခါမှ၊
လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊
အပင်ကို ကျွန်တော်ပျိုး။
သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊
လက်ဦးသူ .. ခိုး။

ပန်းအလှ ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့၊
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်၊
အချိုပင် ကျွန်တော်ပျိုး။
သီးချိန်တန် တမာပျားလို၊
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်၊
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု၊
ကံနည်းသူ ကျွန်တော်မို့၊
တော်သလိုပွင့်၊
သင့်သလိုဖူး၊
လက်ဦးသူ ချိုးချိုး၊
မြတ်နိုးသူ ပန်ပန်၊
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊
ရင်ထိတ်တကား။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.