0

ခရီးသည် – မောင်စိန်ဝင်း(ပုတီးကုန်း)

Posted by မေမြို့သား on 7:10 PM in

ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။

လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.