0

နင့် အတွက် . .

Posted by မေမြို့သား on 2:32 PM in

မာကျောအေးစက်နေတဲ့ ငါ့နှလုံးသား
နင်နဲ့တွေ့မှ နွေးထွေးမှုကို သိတတ်လာခဲ့တယ်
ကယောင်ခြောက်ခြားအတွေးတွေနဲ့ နေ့ရက်တိုင်းကို
ကုန်ဆုံးတတ်တဲ့ငါ ..
နင်နဲ့တွေ့မှ ငါ့နေ့ရက်တွေ
အဓိပ္ပါယ် ပြည့်ဝလာတယ်
အတ္တတွေနဲ့ ပူလောင်နေတဲ့ ငါ့ဘဝ
နင်နဲ့တွေ့မှ ငြိမ်းချမ်းလာတယ်..
သံစဉ်တွေကို မခံစားတတ်တဲ့ငါ
နင်နဲ့တွေ့မှ ရစ်သမ်တွေထဲ မျှောလွှင့်တတ်လာတယ်
ကဗျာတွေကို မရေးတတ်တဲ့ငါ
နင်နဲ့တွေ့မှ နှလုံးသားထဲက ကဗျာစာသားတွေ
ပေါက်ကွဲထွက်လာတယ်…
ခုတော့…..
နင်ထားခဲ့တဲ့ငါ …
နှလုံးသားအသေကြီးနဲ့
ငါ့ကဗျာတွေလည်း မျက်ရည်ရွဲ
ငိုကြွေးခြင်းသံစဉ်တွေပဲ ပေါက်ကွဲထွက်လို့….

0 Comments

Post a Comment

Copyright © 2009 ~ ♥ ရည်ညွှန်းရာ ♥ ~ All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.