Sunday, August 11, 2013

မျှော်လင့်ခြင်း

သင်ဘယ်လောက်ပဲခေါ်နေနေ
သင့်ခေါ်သံကိုမကြားချင်တဲ့သူဟာ နားစုံပိတ်ထားဦးမှာပါပဲ..
သင်ဘယ်လောက်ပဲလက်ကမ်းနေနေ
သင်လက်ကိုမတွဲနိုင်တဲ့သူဟာ မျက်လုံးစုံမှိတ်ထားဦးမှာပါပဲ..
သင်ဘယ်လောက်ပဲစောင့်စားနေနေ
သင်ရှိရာကိုမလာချင်တဲ့သူဟာ ဆက်လက်ပြီး သင့်ကို ကျောခိုင်းနေဦးမှာပဲမဟုတ်လား...


ဘယ်တော့မှမမေ့ပါနဲ့ ...
သင့်ကိုတကယ်ချစ်နိုင်သူဟာ
သင့်လက်ကို ဘယ်တော့မှလွှတ်ချထားခဲ့မှာမဟုတ်သလို အကြောင်းကြောင်းကြောင့်လွှတ်ချခဲ့ရတယ်ဆိုရင်လဲ သင့်လက်ကိုနောက်တကြိမ် ပြန်လည်ဆုပ်ကိုင်ထားဖို့  ဘယ်သောအခါမှ ၀န်လေးနေမှာမဟုတ်ဘူးဆိုတာကိုပေါ့....

No comments:

Post a Comment