0
ချစ်သူ..........
Posted by မေမြို့သား
on
3:03 AM
in
သူ့အတွက် . .
ချစ်သူ..........
နင့်ဆီက ဥပေက္ခာပြုမှုတွေ ခံစားလိုက်ရတဲ့ အချိန်တိုင်း...........
နင့်ဆီက မယုံကြည်သလို မေးခွန်းတစ်ခုအမေးခံလိုက်ရတဲ့ အချိန်တိုင်း....
နင်နဲ့  စိတ်ဆိုး..စိတ်ကောက်လို့ စကားမပြောပဲနေ နေရတဲ့ အချိန်တိုင်း....
နင်က ငါ့အပေါ် နားလည်မှုတွေ လွဲသွားတတ်တဲ့ အချိန်တိုင်း......
နင့်ဆီက ရက်စက်တဲ့ စကားလုံးတွေ ကြားလိုက်ရတဲ့ အချိန်တိုင်း.........
နင့်ဆီက အားပေးစကားတွေမကြားရပဲ အားငယ်နေရတဲ့အချိန်တိုင်း......
နင်က ငါ့ထက် တစ်ခြားသူတွေကို ဂရုစိုက်တတ်တဲ့ အချိန်တိုင်း...........
အဲ့လို အချိန်တွေတိုင်း ငါ့ရင်ထဲမှာ နာကျင်မှုတွေနဲ့ အတူ အရမ်းကို
ဝမ်းနည်းနေမိတယ် ...........
နင် သိရဲ့ လား ??? ငါ့ အချစ်...... ငါ့ မျှော်လင့်ချက်တွေ အားလုံးက
နင် တစ်ယောက်ထဲဆီမှာ ဆိုတာကိုလေ.........ချစ်သူ

Post a Comment